ပဲများသလား
သူငယ်ချင်းတယောက်က မြေပဲဆံကြော်နေတဲ့ပုံ တင်တယ်။ သူကမန္တလေးသား။ အဲတာနဲ့ ရေးလိုက်တယ်။ အညာသားများ ပဲစားကြ၏။ သည်တိုင်းပြည်ရောက် စပိန်စကားပြောသူကို ပဲတွေလို့ မြန်မာပြည်တုန်းက ပဲမစားဖူးသူတွေက ခေါ်ကြ၏။
ပဲ နဲ့ ဘဲ ကို ဖေါ်မြူလာနည်းနဲ့သင်ကြသတဲ့။ မ သဘော၊ မရှိ-မဟုတ် သဘောပါမှသာ ဘဲ။ မ နောက်က ဘဲလိုက်တဲ့။ မှန်တာများတယ်။ ဒါပေမယ့် ဖေါ်မြူလာလို သုံးမရပါ။
အမေရိကန်အင်္ဂလိပ်စာမှ ပဲဆိုရင် Bean တလုံးတည်းသုံးကြတာများတယ်။ အိန္ဒိယမှာ Pulses and Legumes တဲ့။ ကျွန်တော်တို့မှာက အလွန့်အလွန် ပဲများတယ်။ ကျွန်တော်က အကုန်မသိ။
ငါးစေ့ပဲ
စွန်တာနီပဲ
စွန်တာပြာပဲ
စားတော်ပဲ
တိုင်ထောင်ပဲ
နတ်တော်ပဲ
ပဲကတိုး
ပဲကတ္တီပါ
ပဲကပ်ကြော်
ပဲကျပ်ပျဉ်
ပဲကျား
ပဲချဉ်ပေါင်
ပဲငံပြာရည်
ပဲငါးပိ
ပဲစင်းခုန်
ပဲစင်းငုံ
ပဲစဉ်းခုန်
ပဲစိမ်းစားဥ
ပဲစုန်းကြူး
ပဲစုန်းပြူး
ပဲဆန်
ပဲဆုပ်မုန့်
ပဲတလက်
ပဲတီချဉ်
ပဲတီစိမ်း
ပဲကြီးခွံတွန့်
ပဲဒလက်
ပဲနံ့သာ
ပဲနပြား
ပဲပိစပ်
ပဲပုစွန်
ပဲပုပ်
ပဲကြီး
ပဲယွံ
ပဲယဉ်း
ပဲပြားပုပ်
ပဲလင်းမြွေသီး
ပဲလွမ်း
ပဲလိပ်
ပဲစောင်းလျား
ပဲဆေးလုံး
ပဲတောင့်ပြုတ်ငှက်
ပဲတောင့်ရှည်
ပဲနောက်
ပဲကြော်
ပဲလေးညှင်း
ပဲလှော်
ဗိုလ်စားပဲ
မြေပဲ
ပဲများတယ်ဆိုတာကတော့ အညာသာ အောက်သူ အဝါ အညို အဖြူ အတူတူပဲ။
ဒေါက်တာတင့်ဆွေ
၁၂-၄-၂၀၁၉

Comments
Post a Comment