အောင်သပြေ
ရေး မြို့မငြိမ်း
(သင်္ကြန်ခါတော်ပေ၊ ရက်မြတ်မှာလေ လှပျိုဖော်တသင်းနဲ့ တေးသံလွင်လွင် ရင့်ကျူးပေ၊ ဆီးလို့သာလေ ပက်ဖျန်းမယ် သင်္ကြန်ရေ အေးအေးချမ်းလန်းဆန်းကြစေ မိတ်အပေါင်းကျန်းမာကြောင်းဝေ ဟောင်းချွေနှစ်သစ်ပေ) ၂
ရေသဘင်ဆင်ယင်နွှဲလို့ မိတ်ဆက်တွေ့ဆုံပေ တကယ်မောင်ရင်းနှမရင်းတွေ ချစ်ကြည်ရေးတွေပေးဝေ ဖြန်းကာ ပက်လိုက်မယ် ကျန်းမာလျက်ရွှင်လန်းစေ နှစ်သစ်ခါဦး ကြည်နူး ထူးမြတ်ပေ အောင်သပြေ နိမိတ်ကောင်းယူမယ်လေ နှစ်စဉ်တွေ့စေကြောင်း ဆုတောင်းလို့သာ ဦးညွှတ်ကာချွေ တေးသံပေးလို့လေ ညင်းတွဲ့တွဲ့သာယာပေ
လှပျိုဖော်တစ်သင်း မဟုတ်ပါ။ တစ်ကယ်မောင်ရင်းနှမရင်းတွေ မဟုတ်ပါ။ နှစ်သစ်ကစပြီး အောင်သပြေ နိမိတ်ကောင်း ယူနိုင်ကြပါစေသတည်း။
ဒေါက်တာတင့်ဆွေ
၁၁-၄-၂၀၁၉

Comments
Post a Comment