Family Tradition ရှေးထုံးနဲ့ ရေးထုံး

ကွန်မင့်တခုရတယ်။ မနေ့ကသတ်ပုံအမှန်ဖြေတာ တခါတရံ နဲ့ တစ်ခါတစ်ရံ မှာ တခါတရံကိုရွေးမိတာ အမှားပြခံရပါတယ်ဆရာ။ ၁၅ခုမှာ အဲ့ဒီတခုပဲမှားတာပါ တဲ့။

ဆောရီး။ ဆရာပြောပြတာတွေအတိုင်းဖြေရင် အမှတ်မရနိုင်။ နောက်ဆရာတွေက အရင်ဆရာတွေထက် တော်ကြတယ်။

ဟုတ်ကဲ့ပါဆရာ ကျမတို့ငယ်ငယ်က သင်ခဲ့ရတာကိုပဲ စွဲနေတော့ ရှေးရိုးသတ်ပုံကိုပဲ သုံးမိနေတာပါရှင့်။

ရှေးရိုးမှာ မပယ်သင့်တာတွေရှိတယ်။ ဆွေခုနစ်ဆက် နေထိုင်လာကြတဲ့ရွာဆိုပါစို့။ ရွာအမည်က ချောင်းတရာတဲ့။ ကိုယ်ရေးရာဇဝင်မှာ ချောင်းတစ်ရာလုပ်မှာလား။ အဖိုးဆိုပါစို့။ အမည်က ဦးတရုပ်ကြီးတဲ့။ တောမှာက အသားဖြူရင် အဲလိုခေါ်ကြတယ်။ မိသားစုအကြောင်း စာစီစာကုံးရေးတဲ့အခါ ဦးတစ်ရုပ်ကြီးလို့ ပြင်သင့်ပါသလား။

တချို့ကတော့ လုပ်ရဲတယ်။ မြန်မာအစ တစ်ကောင်းကတဲ့။

ဒေါက်တာတင့်ဆွေ
၁၉-၄-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး