ဆေးစွမ်းတလက် ဖြစ်သွားသတဲ့
အိပ်ရာထတာနဲ့ ညကရေးထားတဲ့ ကွန်မင့်တွေဖတ်ပါတယ်။ နောက် နေမကောင်းလို့ မေးတာတွေကို ဖြေတယ်။ လူသိများတဲ့ဖေ့စ်ဘွတ်က သည်တလလုံး သုံးမရလို့ မေးတာတွေ နည်းတယ်။ တသုတ်ပြီးတာနဲ့ သူများတွေ ရေးတာတွေကို လိုက်ဖတ်တယ်။
သင်္ကြန်မှာ ရေကြည်ရေအေးနဲ့ လောင်းပက်သလို သတ်ပုံမှန်နဲ့ရေးတာတွေ တွေ့တယ်။
၁။ ချစ်သူလက်နဲ့ မြက်တဆုပ်ပေးလိုက်မလား ဆေးစွမ်းတလက်ဖြစ်သွား¸¸♬·♪..သတဲ့
၂။ လွိုင်ကော်တက္ကသိုလ်က ကျောင်းသားလေးတယောက်က ဓါတ်ပုံတွဲရိုက်ချင်လို့တဲ့လေ
၃။ ကလောမှာလည်း နည်းနည်းပူတော့ အတာပန်းများ တရက်တခါလဲလှယ်ရပါသည်။
၎။ အနှီးလေးပါတ်ထားတဲ့ သူမကို ကြင်နာတဲ့ နာ့စ်မလေးတဦးက ထွေးပွေ့ပြီး စောင့်ရှောက်ခဲ့တာကို ဓါတ်ပုံမှတ်တမ်း ယူခဲ့ကြပါတယ်။
၅။ တောင်သမန်၊ ကြည်အင်း ရေလှိုင်းငွေ မြူးကာနေ၊ ညင်းလေယဉ် ပြေပြေ။
ထောင်ရောင်နေ၊ ရဝေနန်း အမရ ဘုန်းရောင်ရွှန်း ထွန်းခဲ့ပေ။
မော်တော်ယာဉ်၊ အေအမ်ဘီ ခေါ် အသင်းတော်သားများက မာပါစေ။
နိုင်ငံတော်၊ ညီရင်းအကိုများ တို့တိုင်းရင်းသားတွေ တအူတုံဆင်း ချစ်ခင်ရင်းနှီးကြတယ်လေ။
ထာဝစဉ် မေတ္တာဓာတ်တိုးစေ ဖြန်းဆွတ်သော သင်္ကြန်ရေ။ (မြို့မငြိမ်း၏ တောင်သမန်သို့ တမ်းချင်း)
ပေ့ခ်ျကကမေးတာတွေ ဆက်ဖြေရဦးမယ်။ တိုက်ရိုက်ပြန်ဖြေမရတဲ့နေရာကို တကူးတကသွားရှာပြီး ဒီနေရာကနေ ဖြေရဦးမယ်။ သတ်ပုံမမှန် သဒ္ဒါလွဲလည်း မေးလိုတာကို နားလည်ရင် ဖြေပါတယ်။
မှန်ရာကို တန်ဖိုးထားကြတဲ့ အသင်းတော်သားများက မာပါစေ။
ဒေါက်တာတင့်ဆွေ
၁၄-၄-၂ဝ၁၉

Comments
Post a Comment