ဆောင်းပါးခေါင်းစဉ်ကို လေးငါးခေါက်ဖတ်ပါတယ်

တက္ကသိုလ်ပညာ မြန်မာလိုသင်ပါမှ “ဘွဲ့ရပညာမတတ်” ဇာတ်လမ်းဆုံးမည် မောင်ခင်မင် (ဓနုဖြူ)

ဘာကိုဆိုလိုသလဲ မရှင်းလို့။ ဆောင်းပါးရေးတဲ့ပါမောက္ခက မြန်မာလိုသင်စေချင်သူလား မသင်စေချင်သူလား မသဲကွဲပါ။ တက္ကသိုလ်ပညာ မြန်မာလိုသင်ပါမှ ဘွဲ့ရပညာမတတ်ဇာတ်လမ်း ဆုံးမည်လို့ အဖြတ်အတောက်နဲ့ရေးတာဆို တမျိုး နားလည်ရမယ်။ အခုအတိုင်းသာဆို ဘွဲ့လည်းမရ၊ ပညာလည်းမတတ်ဘဲ တက္ကသိုလ်ကျောင်းသားရဲ့ဇာတ်လမ်းဆုံးပြီလို့ မှတ်ယူရတယ်။

မြန်မာစာဆရာက မြန်မာလိုသင်စေချင်တဲ့ဘက်ကနေတယ်တော့ ထင်ပါတယ်။

တက္ကသိုလ်ပညာတွေ ဘယ်ဘာသာစကားနဲ့သင်သင့်သလဲကို အသေအချာ အကျအနတော့ ရေးချင်တယ်။ အချုပ်လေးသာရေးပါရစေ။ ကြားကာလ၊ ဇကောဇက၊ စပ်ကူးမပ်ကူးကာလ၊ အထာမကျသေးချိန်မျိုးမှာ အကောင်းဆုံးတွေက လက်တွေ့မကျတတ်ပါ။

သတင်းဆောင်းပါမှာ သဘောကျတာတခုပါတွေ့တယ်။ စာလုံးမည်းနဲ့ ကောက်နှုတ်ရေးထားတာ။

(စ) နှစ်နှင့်ချီ၍ အချိန်ယူအကောင်အထည်ဖော်နေသော တနိုင်ငံလုံးနှင့်ဆိုင်သော ပညာရေးမူဝါဒကို တဦးတယောက် အမိန့်အာဏာဖြင့် လွှမ်းမိုးပြောင်းလဲခဲ့ခြင်းဖြစ်သည့်အတွက် ထိုအချိန်ကစပြီး ယခုအချိန်မအထိ တည်မြဲနေသော တက္ကသိုလ်ပညာ အင်္ဂလိပ်လို (ဆုံး)

တနိုင်ငံလုံးနဲ့ တဦးတယောက်မှာ တတွေကို စသတ်မထားပါ။ ဆရာ မောင်ခင်မင်က ဟိုအရင်က တနဲ့သာရေးတယ်။ ကျွန်တော့်လက်ထဲမှာ တအုပ်ရှိတယ်။ နောက်ထုတ်တွေ မှန်သမျှတော့ တစ်။

မြန်မာစာကို မြန်မာလိုသင်တာတော့ ကောင်းပါတယ်။ သတ်ပုံလည်း မှန်စေချင်သေးတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၄-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ