Thursday, April 18, 2019

The Tropic of Cancer အီကွေတာနဲ့ ယဉ်စွန်းတန်း

ခုရက်တွေမှာ သတိပေးစာပို့နေကြတာ ၃-၄ ယောက်ဆီကရတယ်။ စာထဲမှာ အီကွေတာပေါ်နေရောက်လာလို့ ပူတာကို သတိထားကြပါတဲ့။ မြန်မာပြည်နဲ့ အဓိကဆိုင်တာ အီကွေတာ မဟုတ်ပါ။ မြောက်ယဉ်စွန်းတန်းသာ ဖြစ်တယ်။

ပထဝီသင်းဖူးကြမှာပါ။ မြန်မာပြည်ဟာ ကမ္ဘာ့မြောက်ဖက်ခြမ်းမှာတည်ရှိတယ်။ မြောက်ယဉ်စွန်းတန်း ဖြတ်သွားတယ်။ အီကွေတာက အနီးစပ်ဆုံးပြောရရင် စင်္ကာပူမှာဖြတ်တယ်။

အီကွေတာမျဉ်းပေါ်တည့်တည့် တနှစ်မှာ နေနှစ်ခါဖြတ်တယ်။ မတ်လ ၂၀ ရက်နဲ့ စက်တင်္ဘာလ ၂၃ ရက်မှာ။

The Tropic of Cancer ဆိုတာ မြောက်ယဉ်စွန်းတန်း။ အီကွေတာမြောက်ဖက် 23°26′12.4″ (23.43678°) မှာ ဖြစ်တယ်။ ကမ္ဘာ့တောင်ဖက်ခြမ်းကိုဖြတ်တာက တောင်ယဉ်စွန်းတန်း။ Tropic of Capricorn လို့ခေါ်တယ်။ − 23.5° latitude မှာကျရောက်တယ်။

Summer Solstice ခေါ် မြောက်ယဉ်စွန်းတန်းနဲ့နေတည့်တည့်ကျရောက်တဲ့နေ့က ဇွန်လ ၂၁ ရက်ဖြစ်တယ်။
ကမ္ဘာ့တောင်ခြမ်းက တောင်ယဉ်စွန်းတန်းပေါ်နေတည့်တည့်ကျတဲ့နေ့ Winter Solstice က ဒီဇင်္ဘာ ၂၁ ရက်နေ့ဖြစ်တယ်။

23°26′N 93°23′E မြောက်ယဉ်စွန်းတန်းဟာ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်တွေကို ဖြတ်သန်းတယ်။ စစ်ကိုင်းတိုင်း ကလေးမြို့နားမှာ ကျောက်တိုင် (ကျောက်ပြား) စိုက်ထူထားတယ်။ ရေးထားတာမှာ မြန်မာလိုရော အင်္ဂလိပ်လိုပါ မှားနေလို့ စစ်ကိုင်းတိုင်းအစိုးရကို တင်ပြပေးပါလို့ မုံရွာကတူတော်မောင်ကို ပြောထားပါတယ်။

အီကွေတာပေါ်နေရောက်တာကို ပူပင်နေသူတွေဟာ ကိုယ့်ခေါင်းပေါ်ကျတဲ့ မြောက်ယဉ်စွန်းတန်းကို မသိကြသလိုပဲ ရောဂါမဟုတ်တာကို ပူပင်နေသူမျိုးဟာ ကိုယ့်မှာတကယ်ဖြစ်နေတာကို မေ့နေတတ်ကြတယ်။

ကျန်းမာရေး အကြံပေးစာတွေ မှားရေးကြတယ်။ အခုလည်း ပထဝီမှားရေးကြတယ်။ မြန်မာစာမှားရေးတာတွေ ၈၀% လောက်ရှိတယ်။ သတိပေးစာမှာ ကိုယ်ခန္ဓာရေးတာကလည်း မှားနေတယ်။

Tropic of Cancer မြောက်ယဉ်စွန်းတန်း https://doctortintswe.blogspot.com/2019/04/tropic-of-cancer.html

ဒေါက်တာတင့်ဆွေ
၁၈-၄-၂၀၁၉

No comments:

Post a Comment

Note: Only a member of this blog may post a comment.

အမည်ကစ မှားတဲ့ ဆေးနည်း

၁။ အောင်မဲညို ပန်းပွင့်က ကင်ဆာရောဂါဖြစ်မဖြစ်အငြင်းပွားနေကြတယ် ဆရာ။ ဆရာ ရှင်းပြပေးတာလေ သိချင်ပါတယ် ခင်ဗျ။ ၂။ အောင်မဲညို အပွင့်က အဆိပ် ရှိ...