ကျူးလစ်ပန်း

အိမ်ရှေ့က ကျူးလစ်ပန်းလေးတွေက ပွင့်ကြပြီ။ ပန်းခင်းကို သေချာဂရုမစိုက်အားပါ။ တခါစိုက်ထားတာကနေ ရာသီအရ ပွင့်နိုင်ကြရှာတယ်။

ဒီမှာပန်းတွေက အမျိုးမျိုး။ ပန်းတိုင်းက လှကြပါတယ်။ မြန်မာပြည်က ပန်းတွေကလည်း အကုန်လှတယ်။ တချို့က ပိုမွှေးတယ်။

ဘုရားတင်၊ အလှဆင်၊ လက်ဆောင်ပေး နည်းပေါင်းစုံ အသုံးကျတယ်။ အပင်မှာပွင့်နေတာကို မျက်စိအရသာ ခံနိုင်ကြတယ်။ ကိုယ့်ဝင်းခြံထဲမှာပွင့်နေတာကို သူများတွေကြည့်ပြီး သဘောကျနှစ်ချိုက်လို့ အသွေးအရောင် လျော့မသွားပါ။ ပညာဆီးမီးနဲ့တူတယ်။

မြန်မာပြည်မှာ ပညာပန်းတွေ မွှေးပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၃-၄-၂၀၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး