တွေ နှင့် ဒွေ

ကိုတွေနဲ့ ကိုဒွေလို့ ရေးကြတာတွေ တွေ့ပါတယ်။ အစကတော့ လူအမည်တွေလား၊ ညီအကိုတွေလား ထင်မိသွားတယ်။

မြန်မာစာမှာ ဒေ နဲ့ ဒွေး သာရှိပြီး ဒွေ မရှိပါ။

ဒေ
တရားဒေသနာ
နတ်ဒေဝတာ
ပဒေသရာဇာ
ပဒေသရာဇ်
ဥပဒေ
ဒေဝစ္ဆရာ
ဒေဝဒတ်
ဒေဝဒဟ
ဒေဝန်းတိုက်
ဒေဝိန်းအမတ်
ဒေသစာရီ
ဒေသအရပ်

တွေ
ကလေးတွေ
ချစ်သူတွေ
ချမ်းသာသူတွေ
စားစရာတွေ
ဆင်းရဲသားတွေ
တရားတွေ
ကြည့်စရာတွေ
ကြိုက်တာတွေ
ဗိုလ်တွေ
ဘုန်းကြီးတွေ
မစားကောင်းတာတွေ
မတရားတာတွေ
မကြိုက်တာတွေ
မိန်းမတွေ
မုန်းသူတွေ
မျက်ရည်တွေတွေစီးကျ
သံတွေခဲ
သတင်းတွေ
သူတို့တတွေ
အညံ့စားတွေ
အတင်းစကားတွေ
အကောင်းစားတွေ
တွေဝေ
ယောက်ျားတွေ
သတ်ပုံမှားတွေ

ကျွန်တော် ဘယ်လိုရေးရေး ဆက်သာရေးကြပါ။ လမ်းပေါ်စကားဆိုတာ တခဏသာခံတယ်။ ဦးတွေ နဲ့ ဦးဒွေ အရွယ်အထိ မရောက်လောက်ပါ။

ဒေါက်တာတင့်ဆွေ
၈-၄-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး