တောကပုလွေ

ဧည့်သည်တွေ ပြန်သွားကြပြီလား အသိတွေကမေးလို့ ဖြေတဲ့သံကြားတယ်။ ကျွန်တော်တို့နှစ်ယောက်ကို ပြောလိုက်ကြတာ စကားတွေလို့ ဆက်ပြောတယ်။

အမျိုးသမီးနှစ်ယောက်က စားလိုက်ကြတာ အညာသားတွေ ကြိုက်တဲ့အစားတွေလို့ စိတ်ထဲမှာ ပြောမိတယ်။ စားဖို့ဆိုတာ ချက်ရသေးတာ။ ပြောတယ်ဆိုတာလည်း ပြောစရာရှိမှသာ။

ဒီအရပ်ရောက်လာတော့ စကားပြောဘက်က အတော်ကို အတော်ကို ရှားတာ။ သူငယ်ချင်းကလည်း သည်အတိုင်း ပြောတယ်။ ဆရာဝန်တွေဖြစ်လို့ ဆေးအကြောင်း စကားပြောဘက်ရှာတာတော့ မဟုတ်ပါ။ လိုင်း တူ မတူ၊ ကီး ကိုက် မကိုက်၊ အရောင် ဆင် မဆင် စတာမျိုးရှိတယ်။ အဲတာမှာလည်း ကိုယ့်လိုင်း၊ ကိုယ့်ကီးကသာ ကောင်းတယ်လို့ ပြောရင် မှားတယ်။

သူငယ်ချင်းက သူ့လက်နဲ့လုပ်ထားတဲ့ ဝါးပုလွေကို မှုတ်ပြတော့ ဇာတိရွာကို ရောက်သွားတယ်။ ဆရာတင်မိုးကဗျာထဲ ရောက်သွားတယ်။ တချိန်က တန်ဖိုးထားခဲ့တာတွေ၊ တချိန်ကမှန်ခဲ့တာတွေ ရှိခဲ့ကြောင်းကို ပြန်ပြောင်းပြောဆိုကြပါတယ်။ ရှေးဟောင်းလက်ရာ၊ မြန်မာစာ၊ ယဉ်ကျေးမှု။

တောမှာလည်း ပုလွေမရှိတော့ပါ၊ ဆရာတင်မိုးလည်း ကဗျာတွေသာ ချန်ထားရစ်ခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၄-၂၀၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး