နှစ်သစ်ကူးနှင့် သင်္ကြန်ပွဲ


ကိုယ့်အရပ်၊ ကိုယ့်ဇာတ်နဲ့ ကိုယ့်နေ့ရက်မှာ ဆင်နွှဲကြတယ်။ ပြင်ဆင်မှုတွေ ဇာတ်တိုက်ထားတာတွေက စင်မြင့်ပေါ် စားပွဲပေါ်ရောက်လာတယ်။ ဆိုတဲ့သူတွေလည်းကောင်း၊ ကတဲ့သူတွေလည်းကောင်းတယ်။ စတုဒိသာကျွေးမွေးတဲ့သူတွေက အကောင်းဆုံး။

ရွာနီးချုပ်စပ်က ဆရာတော် ငါးပါးက သီလပေး၊ ပရိတ်ရွတ် ကမ္မဝါဖတ်ပေးပါတယ်။

လူမျိုးဘာသာမရွေး လာကြတယ်။ စီစဉ်သူတွေနဲ့ ပတ်စာဖွါဖျာသိမ်းသူတွေလည်းတော်တယ်။ အားလုံး ပျော်ကြတယ်။ စာဖတ်ရသူတွေ ပျော်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၈-၄-၂ဝ၁၉

ယိမ်း

မဖြူနဲ့ မငြိမ်း
ယိမ်း မဟုတ်
လက်လည်ကြသူများမဟုတ်
တနှစ်တခါ မင်းသမီးလုပ်
ဂျိန်းတုတ်တုတ်။

ဒေါက်တာတင့်ဆွေ
၂၈-၄-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး