ညောင်ဦးကမ်းပါးနှင့် မြောက်ကိုရီးယား

အမေရိကန်နဲ့ မြောက်ကိုရီးယားသတင်းကို စိတ်ဝင်စားနေကြတာ လွန်လွန်းနေပြီထင်တယ်။ တခြားရေးကြတာတွေကို ထားလိုက်ပြီး၊ နှစ်ခုတော့ ထုတ်နှုတ်တင်ပြချင်လာတယ်။

၁။ ဆရာ ကျနော် အခု တောင်ကိုရီးယားမှာပါ။ ဒီက ကိုရီးယားတွေကတော့ အေးဆေးပဲ။ ကျနော်မေးကြည့်တယ်။ အခုထိ အေးဆေးပဲလားလို့။ သူတို့ကပြောတယ်၊ စစ်ဆိုငါတို့က ၁၉၅၀ ကနေ ၁၉၅၃ ထိကိုယ်တိုင်ခံစားဖူးလို့ ကြောက်နေကြပြီတဲ့။ ဒီလို အချင်းများတာကလည်း နှစ်တိုင်းပဲတဲ့။ အဲတော့ ဘာမှမဖြစ်ဘူးတဲ့။ တောင်မြောက်နယ်စပ်မှာဆို တဖက်နဲ့တဖက် လှမ်းပစ်နေကြတာ နေ့တိုင်းနီးပါးတဲ့။ ကိုယ့်အလုပ်ကိုယ်လုပ်တာ ကောင်းတယ်တဲ့။ တကယ်ဖြစ်တော့လဲ US စစ်သား ၅ သိန်းကို လစဉ် လစာပေးထားတာအလကားမှ မဟုတ်တာတဲ့။

၂။ မင်္ဂလာပါဆရာ။ ကျန်းမာရေး မေးခွန်းမေးမှာ မဟုတ်ပါဆရာ။ ကျွန်မ မလေးရှားမှာ အလုပ်လုပ်နေသူပါဆရာ။
အမေရိကန်နဲ့ ကိုရီးယား တကယ်စစ်ဖြစ်ခဲ့ရင် မလေးရှာရဲ့ ရေမြေအနေအထား ဖြစ်တည်မှုက ဘေးကင်းပါမလားဆရာ။
အများကြီးရင့်ကျက်မှု ရှိမနေပေမဲ့ အများကြီးလဲ တွေးတော့ ပူမနေမိပါဘူး။ ဒါပေမဲ့ သိထားချင်လို မေးမိတာပါ ဆရာ။ ဖြေနိုင်ရင်ဖြေပေးပါ။ လေးစားစွာဖြင့်။

မြန်မာပြည်နဲ့ မြောက်ကိုရီးယားနဲ့ဆိုင်တဲ့ သတင်းဟောင်းလေးတွေပြန်ပြောပါရစေ။

(၁) ၂ဝ-၁-၂ဝဝ၄ မြန်မာဟာ ရုရှားနဲ့ မြောက်ကိုရီးယားအကူအညီနဲ့ နူကလီယာတည်ဆောက်မယ်။

(၂) ၅-၁၂-၂ဝ၁၄ မြောက်ကိုရီးယားခေါင်းဆောင် ကွယ်လွန်သူ (ကင်မ် ဂျုံ အီးလ်) ကို အင်ဒိုနီးရှားနဲ့ မြန်မာတို့ကနေ ချီးမြှောက်ပြောကြားလိုက်။ မြန်မာဆေးသုနေသနအင်စတီကျု ဒါရိုက်တာ ဒေါက်တာတင်ထွန်းက (ကင်မ်) ဟာ အတွေးအခေါ်ပညာရှင်နဲ့ သီအိုရီသမားကြီးဖြစ်တယ်။ Juche (ဂျူချီ) နည်းနာသုံးပြီး မြောက်ကိုရီးယားကို နယ်ချဲ့ အရင်းရှင်တွေရန်ကနေကာကွယ်နိုင်ပြီး၊ မမြင်နိုင်တဲ့ဆိုရှယ်လစ်ခံတပ်ကြီးကို Songun (ဆောင်ဂန်) အောက်မှာ တခုတည်းသောအမြင်နဲ့တည်ဆောက်နိုင်သူဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

(၃) ၁၅-၁-၂ဝ၁၅ ခိုးယူကူးတဲ့ အင်တာဗျူးရုပ်ရှင်မိတ္တူတွေကိုပိတ်ပင်ဘို့ မြောက်ကိုရီးယားမှ မြန်မာကိုတွန်းအားပေး

မြေအောက်ဥမင်သတင်းတို့၊ အာဇာနည်ဗိမာန်ဗုံးခွဲတာတို့၊ သံတမန်ပြန်ဆက်တာတို့တော့ ထည့်မရေးတော့ပါ။

ညောင်ဦးကမ်းပါး မပြိုခင်မှာ စမ္ပါနဂိုရ် (စမ္ပန္နဂိုရ်) ကနွားမ ပေါင်မကျိုးသင့်ပါ။ ၂ နှစ်တိတိရှိပြီ။ လူကြီးမင်းတို့နွားမ ဘာဖြစ်ခဲ့ပါသလဲ။ အခုအဖြစ်သည်းနေကြတာတွေကိုလည်း နောက် ၂ နှစ်နေတော့ မေးပါရစေ။

ဒေါက်တာတင့်ဆွေ
၁၄-၄-၂ဝ၁၇
၁၄-၄-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး