Political booby traps နိုင်ငံရေး ငမိုက်သား ထောင်ချောက်

နိုင်ငံတော်သမတရဲ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားထဲမှာ ပြည်သူတွေအနေနဲ့ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခ ထောင်ချောက်ထဲကို မဝင်မိအောင် ဂရုစိုက်ဖို့လို့ပါရှိပါတယ်။ ငြင်းစရာမရှိပါ။ ထပ်ဖြည့်ချင်တာတွေ ရှိသေးတယ်။ သမတကလည်း အတိုချုပ်သာ ထုတ်ပြောပုံရတယ်။

Political Corruption Traps နိုင်ငံရေး အဂတိလိုက်စားမှု ထောင်ချောက်ဆောင်းပါးကို ၂၄-၁၀-၂၀၁၆ နေ့က အွန်လိုင်းမှာ တင်ထားတယ်။

Political booby traps နိုင်ငံရေးငမိုက်သားထောင်ချောက်ဆောင်းပါးကို Xenia Gazette တရုပ်သတင်းစာမှာ၁၂-၉-၂၀၁၇ နေ့မှာ ပါတယ်။

The trap of political authenticity နိုင်ငံရေး အမှန်တရားဆောင်းပါးကတေ့ အမေရိကန် ရီပတ်ဘလီကင်တွေကနေ ဒီမိုကရက်တွေကို ထောက်ပြတာ။

The Technocratic Traps of Post-Soviet Reforms ဆိုတာက ဆိုဗီယက်လွန်ပြုပြင်ရေးနဲ့ပတ်သက်တာကို ရေးထားတာ။ နိုင်ငံရေးနဲ့ ပေါ်လစီတဲ့။ ၂၀၁၈ ခုနှစ်ဖေဖေါ်ဝါရီလမှာထွက်တယ်။

The Four Traps China May Fall Into တရုပ်ကျဆင်းနိုင်တဲ့ ထောင်ချောက်လေးခုဆောင်းပါးကို ၃၀-၁၀-၂၉၁၇ နေ့က နိုင်ငံခြားဆက်ဆံရေးမဂ္ဂဇင်းမှာပါတယ်။ ရေးသားသူကလည်း Yanzhong Huang တရုပ်ပညာရှင်ပဲ။

၁။ The Middle-Income Trap လူလတ်တန်းစားထောင်ချောက်။

၂။ The Tacitus Trap အစိုးရက ဘယ်လိုပဲပြောပြော ဘာပဲလုပ်နေနေ လူတွေက အလိမ်အညာတွေ မမှန်တာတွေလို့ ယူဆခြင်း။

၃။ The Thucydides Trap အသစ်ဖြစ်ထွန်းလာတဲ့ ပါဝါကနေ တည်ဆဲအုပ်စိုးမှုကို ခြိမ်းခြောက်လာခြင်း။

၎။ The Kindleberger Trap ပါဝါမျှခြေပြောင်လာခြင်း။

စာရှည်ရှည်ရေးနေရင် ဖတ်ချင်သူမရှိလောက်ပါ။ တလုံးတည်းစာ ရေးပါရစေ။ ထောင်နဲ့ ခြောက်ခဲ့သူတွေရဲ့ ထောင်ချောက်။

ဒေါက်တာတင့်ဆွေ
၁၇-၄-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး