နှစ်ဆန်းတရက် မုံ့ဟင်းခါးချက်

ကန်တော့ချင်လို့ နှစ်ဆန်းတရက် မုံ့ဟင်းခါးချက်ပြီး အိမ်တိုင်ယာရောက် လာခေါ်တယ်။ အအိပ်ကြီးတဲ့သူက မထသေး။ အိမ်ရာနိုးတော့ မုံ့ဟင်းခါးရောက်လာတယ်။ တနင်္သာရီတိုင်းကလာနေကြတဲ့ မိသားတစု နေကောင်းကြပါစေ။

မုံ့ဟင်းခါးချက်နည်းက တရပ်နဲ့တရပ် နည်းနည်းစီကွဲတယ်။ အညာမှာ ပဲတောင့်ရှည် မထည့်၊ ပူဒီနံ မထည့်ကြပါ။ ပဲကြော်၊ ဗူးသီးကြော်၊ အီကြာကွေးထည့်တာလည်း တရပ်နဲ့တရပ် မတူ။ ပဲ၊ ဆန်၊ ငါးအမျိုးအစား သုံးတာလည်း မတူကြပါ။ ဘာနဲ့ ဘယ်လိုချက်ချက် စားကောင်းတယ်။ အားလုံးကို မုံ့ဟင်းခါးလို့သာ ခေါ်တယ်။

မွတ်ငါး နဲ့ မွန်းဂါးတွေ ကွယ်ပျောက်သလောက်ရှိပြီ။ အဲတာလည်း ကောင်းတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၄-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး