သူပုန်တဲ့

၁။ ဆရာ ဘာသဘောနဲ့မှ ပို့တာမဟုတ်ပါ အမှတ်တရသိမ်းထားလို့ရအောင်ပါ group တခုထဲမှာ တင်ထားတာတွေ့လို့ပါ လေးစားစွာဖြင့်

၂။ ဆရာ့ပုံတွေ့လို့ပါ အဲ့လိုအချိန်တွေ ကျော်ဖြတ်ခဲ့ရတာ အခုလူငယ်တွေသိစေချင်မိတယ်ဆိုပြီး တင်ထားတာ တွေ့လို့ပါခင်ဗျ

ဟုတ်။ ကျေးဇူး။ ကျွန်တော်သိမ်းထားတာ အရှာရခက်နေတာနဲ့ အတော်ပဲ။

၁၉၉၀ ရွေးကောက်ပွဲမှာ နိုင်ခဲ့သူတွေ ဘဝအမျိုးမျိုးရောက်ကုန်ကြရတယ်။ ထောင်ထဲရောက်သူက များတယ်။ အကြိမ်ကြိမ်ထိန်းသိမ်း ထောင်ကျသူတွေကလည်း များတယ်။ ပြည်ပကို စုစုပေါင်း ၃၅ ယောက် ရောက်တယ်။ စောစောရောက်လာသူတွေသာ စင်ပြိုင်အစိုးရဖွဲ့စည်းရေးနဲ့ဆိုင်တယ်။

ကျွန်တော်က အပြင်ထွက်ပြီးတာဝန်ယူရမဲ့သူစာရင်းထဲမှာမပါ။ အထဲမှာလှုပ်ရှားရင်း အိမ်လာဖမ်းတာ။ ကံကောင်း ထောက်မလို့ လွတ်တယ်။ ချက်ချင်းတရားခံပြေး ကြေညာတယ်။ သတင်းစာက ပုန်းအောင်းနေတဲ့ ကျွန်တော့်လက်ထဲ ရောက်လာတယ်။ ရွှေတောင်အမှတ် (၁) က ဦးသန်းကြွယ်နဲ့ လေးမျက်နှာ (၁) က ဦးစီမောင်တို့နဲ့ ကျွန်တော်တို့ အတူ။

ကျွန်တော့်လိုပဲ ပုန်းအောင်းနေတဲ့ ဦးစီမောင် ကတော့ ကံမကောင်းပါ။ ပုန်းတဲ့နေရာမှာ ငှက်ဖျားနဲ့ ကွယ်လွန်တယ်လို့ သတင်းတွေအရသိရတယ်။ တကယ့်အဖြစ်အပျက်တော့ မသိပါ။

အခုသတင်းစာဖြတ်ပိုင်းပုံ ရောက်လာမှ ဒေါ်မြမြအေးကပြောပါတယ်။ ကျွန်တော်အမေက သတင်းစာယူလာပြီး သူပုန်တဲ့တော်လို့ မျက်ရည်စက်လက်နဲ့ သူ့ကိုပြောပါသတဲ့။ ကျွန်တော်က အခုမှသာ အဲတာကိုသိပါတယ်။ အဲလိုအကြောင်းအရာတွေကို ကျွန်တော်တို့နှစ်ယောက် အကုန်ပြောမထွက်ကြပါ။ မသိသေးတာတွေ ကျန်ဦးမယ်။ မမေးချင်ပါ။

ဒေါက်တာတင့်ဆွေ
၂၂-၄-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး