ပုန်းတလုတ် ပုန်းစလုတ် ပုန်းဇလုတ် ဘုတ်တလုတ်

မိတ်ဆွေစုံတွဲတတွဲ ဆရာမျိုးနဲ့ ပင်းတယ ပုန်းတလုတ်ရေကန်မှာ အမှတ်တရလို့ရေးတာ တွေ့တယ်။ သမိုင်းဝင် ပင်းတယ ရွှေဥမင်လှိုဏ်ဂူတော်လို့ ဆိုင်းဘုတ်စိုက်ထူထားတယ်။

ပုန်းဇလုတ်လို့ အရင်ထုတ်သတ်ပုံစာအုပ်မှာရေးတယ်။ လူအများကတော့ ဘုတ်တလုတ်သံ ထွက်ကြတယ်။ နောက်ထုတ်သတ်ပုံကျမ်းထဲမှာ ပုန်းစလုတ်တဲ့။

မန္တလေးနန်းတွင်းမှာလည်း သမီးတော်တွေ ကစားတဲ့ ရေကန်ကို ဘုတ်တလုတ်ရေကန်လို့ ခေါ်တယ်။ အင်းဝ မြို့တော်ဟောင်းမှာရှိတာကို ဘုတ်တလုတ်ရေကန်လို့ခေါ်တယ်။ ပုန်းဇလုတ်နဲ့ ဘုတ်တလုတ်တွေက  ကစားနည်းတခု ဖြစ်ပါတယ်။

ပုန်း
တူတူပုန်း
ပုန်းကွယ်
ပုန်းစလုတ် ကစားနည်း
ပုန်းဇလုတ်ရေကန်
ပုန်းညက်
ပုန်းညက်ပင်
ပုန်းတကားရွာ
ပုန်းတလုတ် (ဘုတ်တလုတ်) ရေကန်
ပုန်းကြံ
ပုန်းမဲစာ
ပုန်းရည်
ပုန်းချောင်း
ပုန်းနေ
ပုန်းရှောင်
ခြပုန်း
လူနပုန်း
လူပုန်း
လူအုံ့ပုန်း
သင်ပုန်းကြီး
အုံ့ပုန်းချစ်
တောပုန်း
တောပုန်းကြီးစံဖဲ

ဒေါက်တာတင့်ဆွေ
၁၇-၄-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး