Guilty All The Same အတူတူနဲ့ အနူနူ

ဦးဘယ်သူ၊ ဒေါ်ဘယ်သူ၊ ဒေါက်တာဘယ်သူ၊ အရှင်ဘယ်ကိုယ်တော်၊ ဗိုလ်ချုပ်ကြီးဘယ်သူဖြစ်ဖြစ် -

ဘယ်သူဘယ်ဝါက ဘယ်လိုပုံနဲ့ ဘာဝတ်စားထားထား၊ ကနေ့မှာ ဘာစကားတွေ ပြောတယ်ဆိုတယ်ဆိုဆို -

အားလုံးဟာ စစ်အုပ်ချုပ်ရေးအောက်မှာ ၁၉၆၂ ကတည်းကနေခဲ့ကြရသူတွေ၊
ပြည်တွင်းစစ်ပွဲတွေ လွတ်လပ်ရေးမရခင်ကတည်းက တိုက်နေတဲ့ တိုင်းပြည်ကလူတွေ၊
သယံဇာတတွေ ရောင်းစားခံရ၊ မြေတွေယာတွေ အသိမ်းခံရတဲ့ ဒေသကလူတွေ၊
ပညာရေး အတော်ကိုညံ့သွားပြီဖြစ်တဲ့ နိုင်ငံကလူတွေ၊
ကျန်းမာရေးအဆင့် ၁၉၀ မှာရှိတဲ့ပြည်က လူတွေဖြစ်ကြတယ်။

အကြောင်းခံကို မပြင်နိုင်သေးသ၍တော့ ရောဂါမပျောက်သေး။

ဒေါက်တာတင့်ဆွေ
၂၃-၄-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး