ဂုဏ်ရှိစွ ကောင်းလေစွ

စကားပုံတွေကို မြန်မာလိုရော အင်္ဂလိပ်လိုပါရေးထားတာကို ပုံတွေနဲ့တင်တာ တွေ့ပါတယ်။ တခုက အလုပ်ဟုသမျှ ဂုဏ်ရှိစွာ့လို့ ရေးထားတယ်။ ဂုဏ်ရှိစွ လို့ ရေးသင့်။

ဘုရားအဖြစ်သို့ ရောက်တော်မူပြီး ဗိမ္ဗိသာရမင်းကြီး၏ လျောက်ထားချက်အတိုင်း ရာဇဂြိုဟ်သို့ ကြွတော်မူခဲ့သည်။ ထန်းတောဥယျာဉ်တွင်းရှိ အရိပ်ကောင်းသည့် သစ်ပင်များအောက်တွင် သီတင်းသုံးနေစဉ် ဗိမ္ဗိသာရမင်းကြီး ရောက်လာသည်။ မင်းကြီးသည် မြတ်စွာဘုရားအား မိမိသည် အိမ်ရှေ့မင်းသားဘဝက တောင့်တမှုကြီး (၅) မျိုး ဖြစ်ပေါ်ခဲ့ကြောင်း လျှောက်ထားလေ၏။ ゞင်းတောင့်တမှုကြီး (၅) ခုတို့မှာ (၁) ငါသည် မင်းဧကရာဇ် အဖြစ်ကို ရရှိ၍ အဘိသိက်ရေစင် သွန်းလောင်းခြင်း ခံရလျှင် ကောင်းလေစွ။ (၂) မင်းအဖြစ်သို့ ရပြီးသောအခါ ငါ၏တိုင်းနိုင်ငံသို့ မြတ်စွာဘုရား ကြွတော်မူလာလျှင် ကောင်းလေစွ။ (၃) ငါသည် ကြွတော်မူလာသော မြတ်စွာဘုရားကို ဖူးမြော်ခွင့်ရလျှင် ကောင်းလေစွ။ (၄) မြတ်စွာဘုရားသည် ငါ့အား တရားဟောလျှင် ကောင်းလေစွ။ (၅) ငါသည် ဟောကြားတော်မူသော တရားကို သိနားလည်လျှင် ကောင်းလေစွတို့ ဖြစ်ကြသည်။

မြန်မာသတ်ပုံမှာ စွ နဲ့ စွာ သာရှိပြီး စွာ့ လို့ မရှိပါ။ သတ်ပုံလွဲတဲ့ပုံကို မတင်လိုပါ။ ကိုယ်ထင် ကုတင်ရွှေနန်းစကားပုံကိုတော့ တင်ပါမယ်။ ခုတင်လို့ ထင်နေသူများလည်း သိပါစေ။

ဒေါက်တာတင့်ဆွေ
၁၇-၄-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး