ဓါ ဓာ ဒါ


ဓါ နှင့် ဓာ

မြန်မာစာမှာ ခင်-ငူ-ဂေါ-ဒေါ-ပုံ-ဝ ဝိုက်ချမသုံးရလို့ စည်းကမ်းရှိတယ်လို့ ပြောကြတယ်။ ကျွန်တော်တို့ငယ်ငယ်ကတော့ အဲလို မသင်ရပါ။ ခ၊ င၊ ဂ၊ ဒ၊ ပ၊ ဝ၊ တွေမှာ ဝိုက်ချမသုံးရလို့ ပြောတာပါ။ အဲဒီ (၆) လုံးထဲမှာ ဓ မပါ။ နောက်ထုတ် သတ်ပုံစာအုပ်သစ်တွေမှာလည်း ဓာ လို့သာရေးခိုင်းတယ်။ ကျွန်တော်တို့ ငယ်ငယ်ကတော့ ဓါ လို့သာ ရေးရတယ်။ တ နဲ့လွဲဖတ်မိမှာစိုးလို့။ အရင်ကလည်း ဓာတ်ရော ဓါတ်ပါ ရေးကြတယ်။

ဓါတ်
ဓါတ်ခံကောင်း
ဓါတ်ခိုက်
ဓါတ်ခဲ
ဓါတ်ချုပ်
ဓါတ်ငုတ်
ဓါတ်စက်
ဓါတ်တံခါး
ဓါတ်ပုံ
ဓါတ်ပစ္စည်း
ဓါတ်ပျက်
ဓါတ်ကြိုး
ဓါတ်မတည့်
ဓါတ်မှန်
ဓါတ်မီး
ဓါတ်သွား
ဓါတ်သိ
ဓါတ်သဘော
ဓါတ်ချောက်ချား
ဓါတ်ဆောင်
ဓါတ်တော်ဝေခန်း
ဓါတ်ပြောင်းလဲခြင်း
ဓါတ်လေးပါး
ဓါတ်လှေကား
နာမ်ဓါတ်
မန္ဓာတ်မင်း
ရုပ်ဓါတ်
လျှပ်စစ်ဓါတ်
လာကဓါတ်
သုဇိဓါတ်
အာကာသဓါတ်
မေဓာဝီ

ကျွန်တော့်အမြင် ဓာရေးရေး၊ ဓါရေးရေး မမှားပါ။

ဒါ

မင်္ဂလာပါဆရာ။ အခု FM တွေ TV တွေက သတင်းတင်ဆက်ရင် ဒါဆိုတဲ့စကားလုံးကို ထပ်ခါထပ်ခါဘာလို့သုံးနေတာလဲ သိရင်ရှင်းပြပေးစေချင်ပါသည်။ စာတစ်ကြောင်းဖတ်ရင် ဒါ ဆိုတဲ့စကားလုံးကို အနည်းဆုံးဆယ်ကြိမ်ထက်မနဲသုံးနေတော့ pro မဖြစ်ဘူးလို့ခံစားရလို့ပါဆရာ။

နားမထောင်ဖူးလို့တော့ သေချာမသိပါ။ သတ်ပုံစာအုပ်ထဲမှာ ဒါ အသုံးတွေက အောက်ကအတိုင်းပါတယ်။

ဒါ
ကာလီဒါသ
ဒါနပြုသည်
ဒါယတာ
ဒါယိကာမ
ဒါလီ
ဒါသကျွန်
ဒါနောရက္ခိုသ် တွေသာဖြစ်ပါတယ်။

နာမ်စားတွေဖြစ်တဲ့ ထို၊ ထိုအရာ၊ ယင်း၊ အနှီ၊ ဤ၊ ဤအရာ၊ ၎င်း၊ စတာတွေကို စာရေးရာမှာသုံးတယ်။

ဒါ၊ အဲဒါ၊ အဲတာ၊ ထိုဟာ၊ ဤဟာ၊ ၎င်းဟာ၊ ဟိုဟာ၊ ဟိုဒင်း၊ ဟိုဒင်းဟိုဟာ၊ ဒီ၊ ဒီဟာ၊ သည်ဟာ၊ ဒင်း၊ ဒင်းတို့၊ သင်း၊ သင်းတို့ စတာတွေကို စကားပြောရာမှာ သုံးကြတယ်။ အဲ့ နဲ့ အဲ့ဒါကို အရင်က မသုံးခဲ့ပါ။ အဲ့အဲ့တွေ၊ အော့အော့တွေလို့ အညစ်အကြေးကိုပြောပါတယ်။ ကန်တော့။

စကားပြောစာရေးနည်းကို တွင်တွင်ကျယ်ကျယ်သုံးရာကနေ စံကိုက်သတ်ပုံစာရင်းထဲ ရောက်လာတာတွေရှိပါတယ်။ ယနေ့၊ ကနေ့၊ နံနက်၊ မနက်၊ ရယ်မော၊ ရီမော စတာတွေ များတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး