Posts

Showing posts from February, 2020

Anxiety စိုးရိမ်စိတ်

Image
ကျေးဇူးပါဆရာ ဒါဆို စိုးရိမ်စရာ မလိုဘူးပေါ့နော်။ စိုးရိမ်ရသလားမေးခွန်းကို ဘယ်သူကမေမေး မဖြေပါ။ စိုးရိမ်စိတ်ဆိုတာ အတော်ကို မတူကြပါ။ ကလေးမကျန်းမာတာကို အမေနဲ့ အဖေ စိုးရိမ်တာ မတူကြ။ ကျား နဲ့ မ ဖြစ်လို့သာမဟုတ်။ ရောဂါအကြောင်း ပိုသိသူနဲ့ မသိသူ စိုးရိမ်မှု မတူပါ။ တချို့က အဖြစ်သဲတယ်။ နည်းနည်းလေးဖြစ်တာ ပြာပြာသလဲ ဖြစ်တယ်။ တချို့က ကင်ဆာဖြစ်နေလည်း ဖေ့စ်ဘွတ်ဆေးနည်းနဲ့ ကျေနပ်တယ်။ လူနာတယောက်တည်းအပေါ်မှာထားတဲ့ ဆရာဝန်နဲ့ လူနာရှင် စိုးရိမ်မှု မတူပါ။ အရပ်စကား မြန်မာလို စိုးရိမ်မှုကို ဆေးပညာနဲ့ ခွဲထားတာတွေ များတယ်။ မတူပါ။ ဆေးပညာသင်ယူသူမဟုတ်သူတွေကို ပြောရင် ခေါင်းရှုတ်စေမယ်။ အဲလိုမေးခွန်းလာရင် ဆရာဝန်တွေက နှုတ်စောင့်ကြတယ်။ ဆရာဝန်က မစိုးရိမ်ပါနဲ့လို့ပြောခြင်းဟာ ရောဂါကို ကုသတာ မဟုတ်ပါ။ ဒေါက်တာတင့်ဆွေ ၂၉-၂-၂၀၂၀

နဲ့ နှင့် ဖြင့်

Image
၁။ နဲ့ဆိုတာ နှင့်ကို ဆိုလိုတာလား ဖြင့်ကို ဆိုလိုတာလား။ ၂။ ဆရာ နဲ့၊ နှင့်အကြောင်း တခါတလေ ရောသွားတယ်ဆရာ။ ဆရာ အားတဲ့အချိန်လေး ခွဲခြားရေးပေးစေချင်တယ်။ ၃။ ဆရာ နဲ့ အသုံး နှင့် အသုံးလေးလည်း သိပါရစေရှင့်။ ၄။ နဲ့ နှင့် တင်ပေးပါဆရာ။ ၅။ မင်းနဲ့ငါ မင်းနှင့်ငါ ဘယ်ဟာအမှန်လဲဆရာ။ စကား နဲ့ စာ၊ စာ နှင့် စကား ဖြစ်ပါတယ်။ နှင့် တုတ်နှင့် ရိုက်သည် လှည်းနှင့် သွားသည် သွားနှင့်ပြီ သူမလာသည်နှင့် ပြန်သွားသည် အပေါ်ထပ်နှင့် အောက်ထပ် ဇာတ်လမ်း မောင်ဘနှင့် မောင်လှ သွေးအုပ်စုနှင့် ကလေးအသားဝါခြင်း လူနှင့် အလုပ် နဲ့ နုန့်နဲ့သည် သွားနဲ့သည် သည်အဝတ်အစားနဲ့ လှသည် လှုပ်တိုင်းနဲ့သည် ထော့နဲ့ထော့နဲ့ သွားနေသည် ချည့်နဲ့နဲ့သာ ကျန်တော့သည် နှဲ့၍ နဲ့ နင့်နင့်သီးသီး သူနဲ့သာဆိုရင် နင်နဲ့ငါနဲ့ ခနဲ့ ချည်နဲ့ ချိနဲ့ စုန့်နဲ့ (ကနွဲ့ကရ) တိုင်နဲ့နေသည် လှုပ်တိုင်းနဲ့ သွားနဲ့နေသည် တောင်ကန် မြောက်ကန်နဲ့ ထော့နဲ့ထော့နဲ့ သွားနေသည် နုန့်နုန့်နဲ့နဲ့ တချို့က နက်ဆိုပြီး မှားရေးနေကြတာ မေးခွန်းမှာ မနည်းပါ နက် အနက်ရောင် နက်ကျော နက်ကြုတ် နက်ချိပ် အသားနက်သည် နက်ဖြန်ခါ နက်ရှိုင်း နက်ဝှမ်း နက်နဲခက်ခဲလှသ

Coronavirus Misinformation အီရန်နဲ့ ကိုရိုနာဗိုင်းရပ်စ် သတင်းမှားတွေ

Image
အီရန်မှာလည်း မြန်မာပြည်လိုပဲ ကိုရိုနာဗိုင်းရပ် သတင်းမှားတွေ ဖြန့်နေကြတယ်။ လူလိမ်တွေပေါတဲ့ တိုင်းပြည်တွေ။ Covid-19 လူနာ ၃၈၈ ယောက်ရှိပြီး သေဆုံးသူ ၃၄ ယောက်ရှိပြီ။ တရုပ်ပြည်ပြီးရင် သေဆုံးမှု အများဆုံး။ ဘီဘီစီ ပါရှန် သတင်းထောက်အဆိုအရ သေဆုံးသူ ၂၁၀ ရှိနိုင်သတဲ့။ ဆောရီး။ အဲဒီနိုင်ငံမှာ စာအတုတွေ။ တာဝန်ရှိသူတွေကို မမှန်တဲ့ ပြစ်တင်မှုတွေ၊ ထင်ကြေးတွေ၊ အလွဲတွေဖြန့်နေကြတယ်။ ဆေးရုံသုံးပစ္စည်းတွေမှားသတဲ့။ ဆိုရှယ်မီဒီယားမှာ အတော်ကိုလွဲမှားတဲ့ ပို့စ်တွေကလည်း တင်ကြပါသတဲ့။ ကျန်းမာရေးဝန်ကြီး Saeed Namaki နာမာကီ နုတ်ထွက်စာတင်တယ်လို့ လိမ်ရေးတယ်။ ကျန်းမာရေးဝန်ကြီးက ကူးစက်သူတွေကို သီးခြားခွဲထားရန်မလိုလို့ပြောတဲ့  အသံဖိုင်အတုတွေလည်း လုပ်ကြတယ်။ လူaygif; တသန်းကူးစက်ခံရတာသေချာပြီး လူ ၁၄၀၀ သေတယ်လို့ ဝန်ကြီးအသံနဲ့ အတုလုပ်ကြတယ်။ အမျိုးသမီးနဲ့ မိသားစုရေးရာ ဒုတိယဥက္ကဋ္ဌ Masoumeh Ebtekar မက်ဆိုးမက် အီဘက်ကာ ကူးစက်ခံထားရတယ်လို့ ဆေးရုံကုတင်ပေါ်မှာ ပုံအတုနဲ့ လိမ်တယ်။ အဲဒီပုံအစစ်က ၂၀၁၄ တုန်းက ကားမတော်တဆဖြစ်စဉ်က။ ကာကွယ်နည်းအတုတွေ ကုသနည်းအတုတွေ လုပ်ကြတယ်။ Khabar Online ခါဘာ အွန်လိုင်းမီဒီယာကနေ ဗနီဂါ သောက်ပါ။ နှင်းဆီရေ သေ

Coronavirus ကိုရိုနာဗိုင်းရပ်စ် နှင့် ပိုလူးရှင်း

Image
ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ရေးတာဖြစ်ပါတယ်။ တရုပ်ပြည်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်နေစဉ် နာဆာ ခေါ် အမေရိကန် အာကာသလေ့လာရေးဌာနက ဂြိုဟ်တုဓါတ်ပုံတွေအရ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု နည်းလာတာကို တွေ့ရှိရပါသတဲ့။ ဒီနှစ်ထဲမှာ nitrogen dioxide နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် စုဝေးမှု နည်းလာတယ်။ အဲဒီဓါတ်ငွေ့က စက်ရုံတွေ ကားတွေကနေ ထွက်တယ်။ ၂၀၁၉ ခု ပဌမ ၂ လကပုံတွေနဲ့ နှိုင်းယှဉ်ပြီး လေ့လာတာဖြစ်ပါတယ်။ စီးပွါးရေးလုပ်ငန်းတွေနည်းပါးလာတာနဲ့ ဆက်စပ်နေနိုင်ပါတယ်။ စက်ရုံတွေ ပိတ်ထားရတယ်။ ယာဉ်အသွားအလာတွေ သိသိသာသာနည်းလာတယ်။ ၂၀၀၈ ခုနှစ် စီးပွါးရေးကပ်သင့်စဉ်ကလည်း အဲလို နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် စုဝေးမှုနည်းခဲ့ပါတယ်။ ဒေါက်တာတင့်ဆွေ ၂၉-၂-၂၀၂၀

သူခိုးတက်ပြားများ

Image
မြန်မာစာလောကမှာ သူခိုးတက်ပြားတွေရှိတယ်။ မကောင်းပါ။ ဒေါက်တာတင့်ဆွေ ၂၉-၂-၂၀၂၀

Coronavirus ရမ်းပြောတာတွေ ၁၀၀% နီးပါး မှားတယ်

Image
ကွန်မင့်တခု လာပြန်တယ်။ ကြက်သွန်နီ၊ အရက်၊ အပူချိန်၊ အဲယားကွန်း၊ ရေသောက်၊ ဂျင်း၊ ရဲယိုရွက်၊  စတာတွေ နောက်မှာ လာတာ။ လာဦးမယ်။ ကျန်ခဲ့တဲ့မိုးတွင်းက မြန်မာပြည်မှာ ဆင်တုတ်ကွေး လူတိုင်းနီးပါးလောက် ဖြစ်ကြတယ် အဲ့ဒါလည်း Virus ပဲပေါ့နော့ ဒါကြောင့် ကိုယ့်ဆီကလူတွေ နီးလျက်နဲ့ မဖြစ်တာ ရောဂါခံနိုင်ရည် ရှိသွားလားမသိဘူးခမျာ အဲလို ရမ်းပြောတာတွေကို မဖြေလိုပါ။ အထင်နဲ့ ရမ်းပြောတာတွေ ၁၀၀% နီးပါး မှားတယ်။ Chikungunya ချီကန်ဂွန်ညာ ခေါ် ဆင်ဖြူတော်တုပ်ကွေးက တမျိုး။ တရုပ်ပြည်မှာ SARS ခေါ် ဆားစ်ကူးစက်ရောဂါ ၂၀၀၂ ကနေ ၂၀၀၄ အထိဖြစ်ခဲ့တယ်။ အဲတာကလည်း ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားပဲ။ လူကြီးမင်း ရမ်းတွေးသလိုသာဆို အခု Covid-19 ခေါ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ တရုပ်ပြည်မှာ မဖြစ်ရတော့ဘူးလား။ ကမ္ဘာပေါ်မှာ ကနေ့ထိ သိထားတဲ့ ဗိုင်းရပ်အမျိုးအစားပေါင်း ၅၀၀၀ လောက်ရှိပြီ။ ၂၀၁၅ ခုနှစ် စက်တင်္ဘာမှာ NCBI Virus genome database စာရင်းအရ ဗိုင်းရပ်စ် ဂျီနွမ်းပေါင်း ၇၅၀၀၀ ကို သိရှိထားပြီဖြစ်တယ်။ တကယ်တန်း ဗိုင်းရပ်စ် အမျိုးအစား သန်းဂဏန်းအထိရှိမယ်လို့ ခန့်မှန်းထားတယ်။ ရမ်းပြောတာတွေ ၁၀၀% နီးပါး မှားတယ်။ လာဦးမယ်။ ဒေါက်တာတင့်ဆွေ ၂

Coronavirus Update ကိုရိုနာဗိုင်းရပ်စ် အပ်ဒိတ်

Image
• ယူအက်စ်မှာ အသက် ၅၀ အမျိုးသမီး ပဌမဆုံးသေဆုံး။ ဝါရှင်တန်ပြည်နယ်ကဖြစ်။ • တောင်ကိုရီးယားက တရုပ်ပြည်ပြင်ပမှာ ကူးစက်မှုအများဆုံး။ ကူးစက်ရောဂါကာကွယ်ရေးအတွက် စစ်တပ်ကိုပါ အသုံးပြုလာရ။ • အီတလီက ဥရောပမှာ အများဆုံး။ ၆၅၀ ဖြစ်၊ ၁၇ ယောက်သေဆုံး။ • အီရန်မှာ ၅၉၃ ယောက်ဖြစ်။ ၄၃ ယောက်သေဆုံး။ • ကာတာမှာ ပဌမဆုံးလူနာတွေ့။ • အီကွေဒေါမှာ ပဌမဆုံးလူနာတွေ့။ • ယူကေမှာ ၃ ယောက်ထပ်တွေ့။ ပေါင်း ၂၃ ယောက်ရှိပြီ။ • တရုပ်ပြည်ကစက်ရုံတွေ ကုန်ထုတ်လုပ်မှုကျဆင်းလာ။ • ပြင်သစ်မှာ ၁၀၀ ဖြစ် ၂ ယောက်သေဆုံး။ စာရင်းအချုပ် ကူးစက်မှုပေါင်း 86,021 သေဆုံးသူပေါင်း 2,942 ပျောက်ကင်းသူပေါင်း 39,801 ရောဂါလက္ခဏာများ Fever ဖျား 83% Cough ချောင်းဆိုး 82% Shortness of breath အသက်ရှူမဝ 31% Muscle ache ကြွက်သာတွေနာ 11% Confusion စိတ်မကြည်လင် 9% Headache ခေါင်းကိုက် 8% Sore throat လည်ချောင်းနာ 5% Rhinorrhoea (runny nose) နှာရည်ယို 4% Chest pain ရင်ပတ်နာ 2% Diarrhea ဝမ်းပျက် 2% Nausea and vomiting ပျို့အန် 1% More than one sign or symptom ရောဂါလက္ခဏာတခုမကရှိသူ 90% Incubation Period ရောဂါပိုးဝင်ခံရပြီးနောက် ရောဂါလက္ခဏာပေါ်လာချိန

Rh Groups မိဘသွေး ကလေးသွေး

Image
၁။ ဆရာရှင့် မိဘ ၂ ပါးလုံး Rh positive ဖြစ်ပြီး ကလေးတွေမှာ Rh negative ဖြစ်လာနိုင်ကြောင်းလေးပါ ပြောပြပေးလို့ ရမလားရှင့်။ မိဘနှစ်ပါးလုံး rh positive ပါ။ မောင်နှမ ၃ ယောက်မှာ ၂ ယောက်က negative ဖြစ်ပြီး တယောက်က positive ပါ။ လူတိုင်းကို သွေးအုပ်စုခွဲရင် တစုံစီသိလာမယ်။ A, B, O, AB နဲ့ + သို့မဟုတ် - ဖြစ်တယ်။ - ဆိုတာ Rh အုပ်စုခွဲတာ ဖြစ်တယ်။ A, B, O, AB လေးစုလုံးမှာ + နဲ့ - ရယ်လို့ လေးမျိုးရှိတယ်။ အဲတော့ စုစုပေါင်း ရှစ်မျိုးလို့ပြောနိုင်တယ်။ Rh status ဆိုတာ မိဘနှစ်ပါးဆီကနေ ဗီဇအမွေရလာတာဖြစ်တယ်။ မိဘတွေမှာ သွေးအုပ်စုမတူတာတွေဖြစ်ဘို့များတယ်။ နှစ်ယောက်လုံးဆီကနေရမယ်။ dominant Rhesus D antigen ခေါ်မျိုးဗီဇကို မိဘတယောက်ဆီကနေရလာမယ်ဆိုရင် အဲဒီကလေးဟာ Rh-positive ဖြစ်ဘို့ ၈၅% ရှိတယ်။ အဲလိုမရသူမှာ Rh-positive ဖြစ်ဘို့ ၁၅% သာရှိမယ်။ မိဘနှစ်ယောက်လုံးက Rh-positive ဖြစ်နေပြီး၊ ကလေးဟာ Rh-negative ဖြစ်နိုင်ပါတယ်။ မိဘနှစ်ယောက်လုံးက Rhesus D မရှိသူတွေဖြစ်နေလိမ့်မယ်။ Rh blood group system အာရ်အိတ်ခ်ျ သွေးအုပ်စုခွဲနည်းစနစ် မင်္ဂလာပါဆရာ ကျွန်မ မိတ်ဆွေရဲ့ သမီးလေးက မျောက်သွေးလို့ ပြောပါတယ် အဲ့ဒီမျောက်သွေးပိုင်ရှ

မြန်မာစာလောကမှာ သူခိုးတက်ပြားရှိတယ်

Image
ချစ်သူတယောက် ရန်သူတရာအောက်မှာ မေးတယ်။ ငတက်ပြားလို့ဘဲ သိခဲ့တာ တဲ့။ ငတက်ပြား နဲ့ ငတက်ဖြား၊ ဦးစံရှား နဲ့ ဦးရှံစား၊ ဦးသိန်းမောင် နဲ့ ဦးဒိန်းဒေါင်။ အင်းဝသတိုးမင်းဖျားလက်ထက်က စစ်ကိုင်းမှာ အလွန်ထင်ရှားတဲ့ သူခိုးကြီးငတက်ပြားရှိခဲ့တယ်။ အဲတာကို ကာတွန်း မောင်လွင်က သူခိုးကြီးငတက်ဖြားလို့ ကာတွန်းစာအုပ် ထုတ်ပါတယ်။ ကောင်းတယ်။ Sherlock Holmes ရှားလော့ဟုမ်း ရေးသားတဲ့ စုံထောက်ဝတ္ထုတွေထဲမှာ ရှားလော့ဟုမ်းနဲ့ လက်စွဲတော် Dr. Watson ဒေါက်တာဝပ်ဆင်တို့ကို ရွှေဥဒေါင်းကဘာသာပြန်တော့ ဦးစံရှား နဲ့ ဦးသိန်းမောင်ဖြစ်လာတယ်။ ကောင်းတယ်။ အဲတာကို ကာတွန်းအောင်ရှိန်က ဦးရှံစားနဲ့ ဦးဒိန်းဒေါင် လို့ ကာတွန်းတွေ ရေးပါတယ်။ ကောင်းတယ်။ မူရင်းစာအုပ်တွေရော ဘာသာပြန်တွေရော ကာတွန်းတွေပါ နာမည်ကြီးတယ်။ Sherlock Holmes အင်္ဂလိပ်လိုစာအုပ်ကို အကြိမ်များစွာ ထပ်ထပ်ထုတ်တယ်။ စပယ်လင် မပြင်ပါ။ ဦးစံရှားကိုတော့ ရွှေဥဒေါင်းထက် မြန်မာစာတော်သူတွေက သတ်ပုံပြင်ကြတယ်။ မြန်မာစာလောကမှာ သူခိုးတက်ပြားရှိတယ်။ မကောင်းပါ။ ဒေါက်တာတင့်ဆွေ ၂၉-၂-၂၀၂၀

Coronavirus လူလိမ်တွေ လူလိမ်ပွဲစားတွေများတယ်

Image
ဆရာရေ အဲ့လိုတွေတင်နေတယ် အမှတ်မှားပြီး လူတွေပေါ့ဆမှာ စိုးရိမ်တယ် ကိုရိုနာဗိုင်းရပ်စ်က အဲယားကွန်ကြောင့်လို့ရေးတာကို ပြောတာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ဆိုင်တာကို အဲလိုဟာတွေ တမျိုးပြီးတမျိုး၊ တယောက်ပြီးတယောက် အမှားတွေ မမှန်တာတွေ လိမ်ညာတောတွေ တင်နေကြတယ်။ တခုစီကိုတော့ ပြန်မရေးအားပါ။ အချက်အလက်မှန်တာ နည်းလမ်းမှန်တာတွေကို ၄-၁-၂၀၂၀ နေ့ကတည်းက နေ့တိုင်းတင်ပါတယ်။ မြန်မာပြည်မှာ လူလိမ်တွေများတယ်။ လူလိမ်ပွဲစားခေါ် မမှန်တာကို ပို့ကြ ဝေကြသူတွေလည်းများတယ်။ အလိမ်ခံနေရမှန်း မသိသူတွေကလည်း အတော်ကိုများတယ်။ လူ အချိန် ပိုက်ဆံကို မှန်တဲ့နေရာမှာ သုံးတတ်သူ နည်းနေတယ်။ ဖေ့စ်ဘွတ်မှာ လူလိမ်အများဆုံး။ ကြက်သွန်နီစား၊ အရက်သောက်၊ ရေသောက်၊ အပူချိန်၊ ဟိုက်ပိုသီးဆစ်၊ အဲယားကွန်း၊ လာဦးမယ်။ ဒေါက်တာတင့်ဆွေ ၂၉-၂-၂၀၂၀

Career Education ကျောင်းသင်ဘာသာရပ်များ

Image
ကျွန်တော် သူငယ်တန်းတက်တော့ ၁၉၅၄-၅၅ ခုနှစ်။ ဆယ်တန်းရောက်တော့ ၁၉၆၄-၆၅ ခုနှစ်။ အခုဆို နှစ်တွေ ကြာလှပြီ။ ကျောင်းမှာသင်ပေးတဲ့ ဘာသာရပ်တွေက ဟိုအရင်ကအတိုင်း။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း။ စိတ်ကြိုက်မြန်မာစာ၊ ပန်းချီ စသည်။ ဝိဇ္ဇာဘာသာတွဲနဲ့ သိပ္ပံဘာသာတွဲက ဆယ်တန်းလောက်ရောက်မှ ဖြစ်လာတယ်။ အိန္ဒိယမှာနေခဲ့ရစဉ်က မြန်မာပြည်က ကျောင်းတွေမှာ သင်ပေးတာနဲ့ မတူတာတွေ တွေ့ခဲ့ရတယ်။ ယူအက်စ်အေ ရောက်ပြန်တော့ အတော်ကို မတူတာတွေ တွေ့ရပြန်တယ်။ ယူအက်စ်အေကျောင်းများ Grade 5 ၅ တန်း 1. Art အနုပညာ 2. English Language Arts အင်္ဂလိပ်စာ 3. Health and Life Skills ကျန်းမာရေး 4. Mathematics သင်္ချာ 5. Music ဂီတ 6. Physical Education အားကစား 7. Science and Social Studies သိပ္ပံ နှင့် ဆိုရှယ်ဘာသာရပ် 8. additional optional subjects အပိုဆောင်းဘာသာရပ် Social studies ဆိုရှယ်ဘာသာရပ် ထဲမှာ primarily history သမိုင်း၊ geography ပထဝီ၊ civics စီးဗစ်၊ economics စီးပွါးရေးနဲ့ sociology ဆိုရှယ်ဗေဒတွေပါတယ်။ Grade 10 Courses Summary ၁၀ တန်း 1. English Language Arts အင်္ဂလိပ်စာ၊ 2. Social Studies ဆိုရှယ်ဘာသာရပ် 3. Mathematic

သံဝေဂ

Image
လယ်တီဆရာတော်ကြီးရေးသားတဲ့ သံဝေဂလေးချိုးကြီးကို တင်အပြီးမှာ အိမ်လာလည်ကြတဲ့ ကလေးတွေနဲ့အတူ။ သို့ပါမူလဲ၊ ပူနွယ်ဆွေးနွယ်၊ အရေးကျယ်တွေကို၊ အေးဖွယ်ထင်မှတ်။ ဒေါက်တာတင့်ဆွေ ၂၉-၂-၂ဝ၂ဝ

လူတွေသာမက စာတွေပါလှတဲ့ခေတ်က

Image
တကျပ်ပြားငါးဆယ်နဲ့ တေး ၁၀၀၀ တအုပ်ဝယ်ရင် အဆိုတော် ရုပ်ရှင်မင်းသမီး ခင်ယုမေ (မေ) ရောင်စုံပြက္ခဒိန်(၁၉၆၂) တချပ်လက်ဆောင်ရ။ စာအုပ် တအုပ် ရောင်စုံပြက္ခဒိန်ကြီး တချပ် ဒေါက်တာတင့်ဆွေ ၂၈-၂-၂၀၁၉ ၂၈-၂-၂၀၂၀ ပုံတင်ပေးသူ ကျေးဇူး

သံဝေဂလေးချိုးကြီး

Image
မိုက်မလင်းနိုင်ဘု၊ မြိုက်ခင်းညာဆီမှာ၊ ခါတော်မီ သီမဝေ့နိုင်ဘု၊ ဒီကွေ့တွင် နေကုန်မျောပြန်ရ၊ အတော ဘယ်မသတ်နိုင်တဲ့ ရဟတ်ဗွေ။ ငါးရပ်ကယ်စုံညီ၊ ဒုလ္လဘီငယ်၊ ကြုံပြီခုခေတ်၊ မြခင်းဇမ္ဗူ၊ မှန်ကင်းငယ်ထူ၊ လူ့ထက်လူ ဖြစ်ပါလျက်၊ အနှစ်ကယ်မနွယ်၊ အကာတောမှာ၊ ဗျာမောကျယ်လို့၊ အကယ်ယောင်ယောင်၊ အမြင်မဖြောင့်၊ အညင်ထောင့်၊ မှောင့်ထက်မှောင်၊ သန်းခေါင်လမိုက်၊ မိုးတိမ်မြှေးတဲ့၊ မီးသွေးတိုက်မှာ၊ အလိုက်ကယ်ဘာသာ၊ အမြင်မငွေ့၊ အထင်ရွေ့နှင့်သာ၊ အလေ့ရှာလျက်၊ အခါနာရီ၊ ရွေ့ရွေ့ငယ်ချီ၊ တီထိဆန်းဆုတ်၊ ရတုအစဉ်၊ လုလုငယ်နှင့်၊ အတွင်ချုပ်လို့၊ သုတ်သုတ်ငယ် ရက်ရေ၊ ဇရာလက်မှာ၊ အသက်သာကြွေတော့တယ်၊ အသေသတ်လက်မရွံ့ကို၊ အသက်ခွန် ပဏ္ဏာသွင်းရန်ဖို့၊ ထမင်းအစာစုံနှင့်၊ ခန္ဓာရုံ မြုံပြတီးဆီက၊ အငြီးဖြေကာ စောင့်ရှောက်ကြ၊ စိုးနှောင့်သင်္ချေ။ သို့ပါမူလဲ၊ ပူနွယ်ဆွေးနွယ်၊ အရေးကျယ်တွေကို၊ အေးဖွယ်ထင်မှတ်၊ အစမမြင်၊ ဘဝလျဉ် အစဉ်ငတ်သမို့၊ မသတ်ကယ်အာသာ၊ အာရုံဓမ္မ၊ ပြာပုံမွမှာ၊ ရသာရှာလျှက်၊ ငါတလူလူ၊ ပမာမူ ရွာသူတို့ဝက်၊ အစားများ ထူ၊ အသားလူ ဆူလေလေ ခက်ပါလျက်၊ ရမ္မက်ကယ်မာန်ဝင်၊ သူ့အသင်းမှာ သူမင်းပဲ ထင်လိုက်လို့၊ ရွှင်နိုင်မျှဝက်သဏ္ဌာန်လို၊ အချက်မှန် ပေါ်မလင်းစေဖို့၊ ဖော်

Coronavirus ကျန်းမာရေးသည် ဘောလုံးပွဲထက် အရေးကြီး၏

Image
ဖီဖါဥက္ကဋ္ဌ ဂီယာနီ အင်ဖန်တီနိုက ပြောလိုက်တာ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် Euro 2020, 2022 World Cup နဲ့ Tokyo 2020 ခြေစစ်ပွဲတွေ မသေချာဖြစ်နေတယ်။ England နဲ့ Wales မိတ်ဖြစ်ပွဲရှိတယ်။ Scotland, Northern Ireland နဲ့ Republic of Ireland တို့က Euro 2020 ခြေစစ်ပွဲတွေရှိကြတယ်။ ဒီသီတင်းပတ်ကုန်မှာကစားမဲ့ ဆွစ်ဇာလန် ထိပ်တန်းအဆင့်ပွဲတွေ ရပ်နားလိုက်ရတယ်။ Tottenham အသင်းက Son Heung-min က တောင်ကိုရီးယားမှာ ခွဲစိတ်ကုပြီးပြန်လာတော့ သီးခြားနေထိုင်ရတယ်။ Newcastle နဲ့ West Ham အသင်းတွေက လေ့ကျင့်ရေးကွင်းမှာ လက်ဆွဲနုတ်ဆက်တာ မလုပ်စေတော့ပါ။ မတ်လ ၂၆ နဲ့ ၃၁ ရက်တွေမှာ Euro 2020 ခြေစစ်ပွဲတွေဖြစ်တဲ့ Scotland နဲ့ Israel ကစာရမယ်။ Northern Ireland နဲ့ Bosnia and Herzegovina ကစားရမယ်။ Republic of Ireland နဲ့ Slovakia ကစားရမယ်။ မတ်လ ၂၇ မှာ အင်္ဂလန်မှာ အီတလီလာကစားရမယ်။ နောက်လေးရက်မှာ Wales က Austria နဲ့ United States တို့နဲ့ မိတ်ဖြစ်ကစားရမယ်။ World Cup အာရှသင်းတွေခြေစစ်ပွဲတွေလည်းရှိတယ်။ Australia မှာ Kuwait နဲ့ကစာပြီး Hong Kong က Iran မှာကစားရမယ်။ မတ်လကုန်မှာ။ China ရဲ့ Maldives နဲ့ကစားမဲ့ပွဲကို Thailand ကိုေ

မခိုင်စိတ်ဝမ်း နေ့တိုင်းလွမ်းရှင့်

Image
ကြာတော့ ပြောချင်လာတယ်။ မေးခွန်းအဆုံးမှာ ဖြေပေးပါနော်လို့ထည့်ရေးကြတယ်။ စကားပြောရာမှာလည်း ရှင်လို့ မသုံးကြတော့ပြီလား မပြောတတ်။ သက်တူရွယ်တူချင်းသာ နော်လို့ရေးရ ပြောရတယ်။ ပိုဆိုးလာတာက ဟိုင်းတဲ့။ ကျွန်တော့်ကို ဆရာဝန်လို့တော့ သိမယ်ထင်ပါတယ်။ အသက်အရွယ်ကြီးတာလည်း သိကောင်းသိပါမယ်။ နော် နဲ့ ဟိုင်းတာ မယဉ်ကျေးပါ။ ရှင် နဲ့ ရှင့် အသုံးက အင်မတန်ယဉ်ကျေးပြီး နားဝင်ချိုတယ်။ ဟိုရှေးကတည်းက ကဗျာလင်္ကာတွေမှာ သုံးခဲ့တယ်။ ရှင် မြန်မာစာ ရှင်သန်ပါစေ ရှင်ကစ္စည်း ရှင်ခန်းသေခန်းဖြတ် ရှင်ပင်ပေါင်းလည်း ရှင်ဘုရင် ရှင်မဟာသီလဝံသ ရှင်ပြုနားသမင်္ဂလာ ရှင်လိင်ပြန် ရှင်သာမဏေဝတ်ပါ အသက်ရှင်ပါစေ ရှင့် ရှင့်စကား ရှင့်ယောက်ျာကျင့်ဝတ်း နေ့တိုင်းလွမ်းရှင့် ဟုတ်ကဲ့ရှင့် ဆိုတုံ့၏ရှင့် ပြု၏ရှင့် လက်ဝဲသုန္ဒရရေးသားတဲ့ မဲဇာတောင်ခြေရတု သဲသာသောင်မြေ၊ မြစ်ကမ်းခြေလည်း အကြေတပြင်၊ တို့အောင်ခွင်ဝယ် ရေရှင်ပတ်ဝန်း၊ ပျော်ဖွယ်ထွန်းလိမ့် တကျွန်းလောက်ပင်၊ ဝေးမည်ထင်ခဲ့ စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း ထစ်ထစ်ထွန်းဘိ၊ ချုံအတိနှင့် တောကြီးဆိတ်ညံ၊ ဆီးကျံကျံဝယ် ဓူဝံမပေါ်၊ မမြော်ပါရ နေကိုတလည်း၊ ဘယ်ကရှေ့နောက် ဘယ်တောင်မြောက်ဟု၊ တွေးထောက်

Health awareness ပညာပေးတာကောင်းတော့ ကောင်းပါတယ်

Image
မတ်လဟာ အစာအာဟာရပညာပေးလဖြစ်တယ်။ ကျန်းမာရေးပညာပေးနေတာတွေ ကောင်းပါတယ်။ ဒါပေမယ့် - ပညာပေးတခု  အလှူ၊ မင်္ဂလာဆောင်နဲ့ ပွဲလမ်းသဘင်ဧည့်ခံပွဲတွေမှာ အမြဲလိုလို ကြုံတွေ့ရတဲ့ထမင်းဝိုင်းက အများသောက်သုံးတဲ့ ဟင်းချိုရည်ကလဲ အန္တရာယ်တခုပါ။ ဟိုလူသောက်လိုက် ဒီလူသောက်လိုက်နဲ့ အသည်းရောဂါ ဘီပိုးနဲ့အတူ အခြားသော ရောဂါပိုးတွေ အလွယ်တကူကူးစက်နိုင်တဲ့ အဓိကနေရာဖြစ်နေပါတယ်။ စုပေါင်းသောက်သုံးတဲ့ ဟင်းရည်ဖြစ်တဲ့အတွက် ကြာလာတော့ လူတကာရဲ့ သွားရည်ပေါင်းစုံ ရောဂါပေါင်းစုံ ဗိုင်းရပ်စ်ပေါင်းစုံလို့ နံမည်ပေးရမယ့် စွတ်ပြုတ်ကြီးကို ဖြစ်နေပေါ့။ ဒါကို ဟင်းရည်သောက်ခွက် အသေးလေးတွေနဲ့ တယောက်တပန်းကန်စီ ချထားပေးတာမျိုး လုပ်ဆောင်သင့်တယ်။ အဲဒီအချက် မမှန်ပါ။ အသည်းရောင်ဘီပိုးဟာ ကိုယ်ခန္ဓာအရည်တွေ၊ သွေးကနေတဆင့်ကူးစက်တယ်။ အစား အသောက်ကနေ မကူးစက်ပါ။ အသည်းရောင်ဗိုင်းရပ်စ် (၆) မျိုးရှိတယ်။ အေ၊ ဘီ၊ စီ၊ ဒီ နဲ့ အီး။ (ဘီ) က သွေး၊ ဆေးထိုးအပ်၊ ကိုယ်ကထွက်တဲ့အရည်တွေ၊ လိင်ဆက်ဆံခြင်းနဲ့ ပိုးရှိမိခင်ကသူမွေးတဲ့ကလေးကို ကူးနည်းတွေကနေ ကူးစက်နိုင်တယ်။(စီ) ပိုးဟာလိင်ကတဆင့်မကူးစက်ပါ။ ဆေးထိုးအပ်ကတဆင့်ကူးစက်တယ်။ ပိုးရှိမိခင်ကနေ သူ့ကလေး ကူးသည်။ (ဒီ) ဟာ လိင်

နွေဦးဂီတ

Image
တစိမ့်စိမ့်နှင့် နှစ်သိမ့်ကြည်နူး ရွက်သစ်ဖူးသော် ရွှင်မြူးအံ့ဩ ဖော်ချင်းနှော၍ တောင်တောသာခွင့် ရာသီဖွင့်လျက် ပင်မြင့်ထက်တွင် ငှက်သဘင်လည်း တူယှဉ်နှစ်ကိုယ် ချစ်တင်းဆိုသည် မပို၏သို့ ပို၏သို့ ။ တသိမ့်သိမ့်နှင့် ညှင်းငြိမ့်လေပွေ ထက်ဝန်းဝေလျက် နွေလည်းအဝင် ဆောင်းလျှင်အစဲ မတည်ဘဲလျှင် ဖက်လှဲတကင်း ပန်းနံ့သင်းကို ချဉ်း၍ ချဉ်း၍ ဆောင်ကာ ဝှေ့ လျက် ရွှန်းမြေ့သလို သွင်းလာပိုသည် မချို၏သို့ ချို၏သို့ ။ တငြိမ့်ငြိမ့်နှင့် လှိမ့်၍လှိမ့်၍ လေအဝှေ့ ဝယ် ကြွေမြေ့ခမန်း အသံစမ်းလျက် သာဆန်းရဂုံဘွေ နွေဦးမေလျှင် မျှော်လေယောင်မော့ တေးကိုကျော့၍ လေးတော့်နတ်သွင် ထက်ဝန်းကျင်ကို ကြည်ရွှင်ခလို ချစ်ဖွယ်ဆိုသည် မပျို၏သို့ ပျို၏သို့ ။ တခြိမ့်ခြိမ့်နှင့် သံနိမ့်သံမြင့် သံချိုဆင့်၍ ခါသင့်မထင် မိုးနတ်ရှင်လည်း ရှစ်ခွင်တလွှား ပြေးကစား၍ လှည့်စားလေဟန် မိုးရိပ်ဖန်လျက် နဘံတခို တိမ်ခိုးသိုသည် မညို၏သို့ ညို၏သို့ ။ ။ နန်းညွန့်ဆွေကဗျာကို မူရင်းသတ်ပုံနဲ့တင်ပေးထားသူကို ကျေးဇူး။ အလွန်ကိုခေတ်မီကြတဲ့ ကဗျာဆရာတွေကတော့ တစ်စိမ့်စိမ့်နှင့်တဲ့။ အလွန်ကိုခေတ်မီကြတဲ့ စာရေးဆရာတွေကတေ

Coronavirus ကိုရိုနာဗိုင်းရပ်စ် အပ်ဒိတ်

Image
• WHO က သတိပေးချက်အဆင့် ထပ်မြှင့်လိုက်။ • တကမ္ဘာလုံးမှာ စုစုပေါင်း ၈၃၀၀၀ ကျော်ပြီ။ • တရုပ်မှာ ၄၄ ယောက်ထပ်မံသေဆုံး။ စုစုပေါင်း ၂၇၈၈ ယောက်သေဆုံးပြီး။ တကမ္ဘာလုံးမှာ စုစုပေါင်း ၂၈၀၀ ကျော်ပြီ။ • တရုပ်ပြည်ပြင်ပက ၄၆ နိုင်ငံမှာကူးစက်မှုရှိ။ သေဆုံးသူ ၅၇ ယောက်ရှိပြီ။ ကူးစက်မှုရှိကြောင်း အကြောင်းကြားနိုင်ငံ ၅၀ ကျော်ပြီ။ • ၃၈၈ ယောက် ကူးစက်ခံထားရ။ အီရန်မှာ သေဆုံးသူ ၃၄ ယောက်ရှိပြီ။ ဘီဘီစီသတင်းထောက်အဆိုအရ သေဆုံးသူ ၂၁၀ ရှိပြီတဲ့။ အီရန်က သူ့နိုင်ငံငားတွေကို ကူဝိတ်က ပြန်ခေါ်ယူ။ အီရန်က သတင်းမှန် ထုတ်ပြန်ခြင်း မရှိလို့ ယူဆကြ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ရန်ဖက် အီရန်ကို ဒီအရေးမှာ ကူညီရန်အသင့်လို့ ပြောဆိုလိုက်။ • နိုင်ဂျီရီးယားမှာ ပဌမဆုံးလူနာတွေ့ရှိ။ • ပြင်သစ်မှာ လူနာသစ် ၁၉ ယောက်။ ပေါင်း ၅၇ ယောက်ကူးစက်ခံထားရ။ • ရုရှားကနေ နိုင်ငံခြားသား ၈၈ ယောက်ကိုပြန်ခိုင်း။ သီးခြားထားစည်းကမ်း မလိုက်နာကြလို့ဖြစ်။ • ယူကေဝန်ကြီးချုပ်က ဦးစားပေးလုပ်ငန်းလို့ ပြောဆိုလိုက်။ • အီတလီမှာ သေဆုံးသူ ၂၁ ယောက်ရှိသွားပြီ။ ကူးစက်ခံရသူ ၈၈၈ ယောက်။ ၄၆ ယောက်သက်သာပြီ။ မြောက်ပိုင်းအီတလီမှာ သေဆုံးသူ ၁၇ ယောက်။ • အီးယူ ကျန်းမာရေးဝန်ကြီးတေ

Cipladine စီပလာဒင်းဆေး

Image
ဆရာရှင့် ကျွန်မသားလေးအသက် ၁နှစ်နဲ့ ၇လပါ လိင်တံအရေပြားရှည်လို့ ဖြတ်ထားတာ ၂ပတ်ရှိပါပြီ အနာက မကျက်တဲ့အပြင် လိင်တံထိပ်လေးမှာ ပြည်လေးတွေပါတည်နေပါတယ် infection ဝင်တာလားရှင် ပိုးသတ်ဆေး သောက်ရုံနဲ့ အဆင်ပြေပါ့မလားရှင် တခုခုဖြစ်သွားမှာ အရမ်းစိုးရိမ်လို့ ကျေးဇူးပြုပြီးဖြေပေးပါဦးနော် Cipladine စီပလာဒင်းဟာ အနာထည့်ဆေးဖြစ်တယ်။ ဆေးရည်နဲ့ ညှစ်ဗူးရှိတယ်။ ဆေးရည်ကို မွေးစကလေးချက်ကို ထည့်ရတယ်။ ကလေးအသက်ပေါင်းများစွာကို ကယ်နိုင်တယ်။ Antisepti and disinfectant agent လို့ခေါ်တယ်။ ပိုးသန့်ဆေးဖြစ်တယ်။ အနာတွေ ဒဏ်ရာတွေအတွက် သုံးတယ်။ ဒဏ်ရာက မသန့်ရင် အရင်သန့်အောင်လုပ်ပေးရမယ်။ သန့်တယ်ဆိုတာ အမျိုးမျိုး။ ဖယ်သင့်တာရှိရင် ဖယ်ရှားရမယ်။ ဆပ်ပြာနဲ့ရေး ဆေးရတာရှိတယ်။ အနာဘေးကနေ အရက်ပျံလိမ်းရတာရှိတယ်။ အနာဒဧ်ရာထဲ အရက်ပျံ မထည့်ရ။ မေးခွန်းပါကလေးလို ပန်းအဖျားခွဲစိတ်တာမှာ ဆီးက အမြဲစိုနေတယ်။ ဆီးသွားပြီးတိုင်း ခြောက်သွေ့စေပြီး အခုဆေးထည့်ရမယ်။ အနာ ဒဏ်ရာတွေမှာ ဆေးထည့်တာနဲ့ လုံလောက်တာရှိတယ်။ တချို့ကို ပဋိဇီဝဆေး ခေါ် ပိုးသေဆေး စားဆေးဖြစ်ဖြစ် ထိုးဆေးဖြစ်ဖြစ် လိုတယ်။ အနာ ဒဏ်ရာတိုင်း ပါရာစီတမော သို့မဟုတ် အိုင်ဘူပရိုဖင် လိုတယ်။ အနာသက်သ

Meclizine မက်ကလဇင်းဆေး

Image
မင်္ဂလာပါဆရာ သမီး အသက်က၂၅နှစ်ပါ သမီး မူးနေတာ ၁၀ လရှိပါပြီဆရာ သမီးဒုတိယ ကိုယ်ဝန် ၅လကတည်းက မူးတာပါ OGနဲ့ အထွေထွေက သိုင်းရွိုက်လည်းပင်းကျီးပေါင်း သွေးအားနည်းတွေ စစ် ခိုင်းပါတယ် အဖြေက အကုန် ကောင်းတယ်ပဲထွက်ပါတယ် မူးတာကမသက်သာတော့ သမီး စိုးရိမ်လာခဲ့တယ် ခေါင်းကို CT ရိုက်ဖို့ လုပ်ချင်နေမိတယ် ဒါပေ့မယ့် ကိုယ်ဝန်နဲ့မို့ ရိုက်မရတော့ ကလေးမွေးပြီးတဲ့အချိန် ထိမူးတဲ့ဒဏ်ကိုခံခဲ့ရတယ် ကလေးမွေးပြီး ၂ပတ်လောက်ကြာတော့ CT ကော MRI ပါရိုက်တယ် အဖြေကကောင်းတယ်တဲ့ဆရာ အဲ့ဒါနဲ့ ဦးဏှောက်နဲ့ အာရုံကြောဆရာမက ZIGO 0.8mg x-nex ပေးပါတယ် ကလေးမွေးရင်းနှလုံးအစို့ အနည်းငယ်ဟနေလို့ corbis ပါ သောက်ရပါတယ်ဆရာ အဲ့ဒါပဲစွဲသောက်လာခဲ့တယ်ဆရာ မူးတာသက်သာလိုက် ပြန်ဖြစ်လိုက်ပဲဖြစ်နေတယ် အခုဒီရက်ပိုင်းထဲ ဘယ်လိုမူးလဲဆိုတော့ဆရာ ထိုင်နေရင်း ခေါင်း အလှည့်အပြုတွေမှာရုတ်တရက်ဆိုသလို မျက်လုံးဝေဝါးပြီးမူးပါတယ် ပန်းကန်ဆေးတဲ့အခါ ခေါင်းငုံတဲ့အခါ လှေကားအဆင်းတွေဆို ရိပ်ခနဲမူးပါတယ် အိပ်တဲ့အခါတွေဆိုလည်း ဘယ်ဘက်ကို လှည့်အိပ်ရင်မူးပါတယ် မတ်တပ်ရပ်ရင်လည်း ၅မိနစ်ထက် ပိုမရပ်နိုင်ဘူး မူးလာပြီး ယိုင်တော့မလိုလိုတွေ ခံစားရပါတယ် ထိုင်တဲ့အခါတွေဆိုလည်းအမှီမပါပဲမထိုင်နိုင်

အင်္ဂလိပ်စာ

Image
အင်္ဂလိပ်စာ အင်္ဂလိပ်စကား လုံးဝမပြောရဆိုတဲ့သတင်း ဟုတ် မဟုတ်တော့ မသိပါ။ တွေ့နေရတယ်။ ကျွန်တော်တို့ ဆယ်တန်းရောက်တော့ သိပ္ပံဘာသာတွဲကို အင်္ဂလိပ်လိုသင်နေတယ်။ နှစ်လလောက်နေတော့ အင်္ဂလိပ်လိုမသင်ရ အမိန့်လာတယ်။ အဲဒီနောက် ကျောင်းသားတွေ အင်္ဂလိပ်စာညံ့ညံ့လာတယ်။ ညံ့တဲ့သူတွေက ဆရာတွေဖြစ်လာကြတယ်။ မကြာသေးခင်မှာ အင်္ဂလိပ်စာ တခေတ်ဆန်းလာပါတယ်။ ၂၀၁၂ သြဂုတ်လမှာ ပြည်ပရောက်နေသူတွေကို အမည်မည်းစာရင်းကနေ ပယ်ဖျက်တော့ ဘလက်လစ်လို့ အင်္ဂလိပ်လို ရေးတယ်။ သမ္မတရုံးဝဘ်ဆိုက်မှာ ရှိတယ်။ အခုခေတ်မှာ တရားဟောတာထဲမှာ အင်္ဂလိပ်စာလုံးမပါရင် ပရိသတ်က သိပ်အထင်မကြီးချင်ကြ။ ရုံးစာတွေမှာ အင်္ဂလိပ်စာလုံးတွေ ပါလာပြီ။ အခုအစိုးရလက်ထက် အင်္ဂလိပ်စာလုံးသုံးတာတွေ ပိုများလာတယ်။ ဖတ်တဲ့သူတွေကလည်း အဲလိုရေးမှ နားလည်ကြပုံရတယ်။ ပြည်ခိုင်ဖြိုးအုပ်စုလို့ ပြောင်းမလား။ အင်နယ်လ်ဒီလည်း ဂွကျပြီ။ ပိုညံ့တဲ့သူက ပါတီဥက္ကဋ္ဌ ဖြစ်လာတယ်။ ဆရာဝန်တွေ ဘယ်လိုလုပ်ကြမလဲ။ ကင်ဆာကို ဘယ်လိုရေးမလဲ ။ တီဘီ၊ အိတ်ခ်ျအိုင်ဗွီ ဂွကျပြီ။ ကျွန်တော့်စာမှာ ဘိုစာလုံး မသုံးပါ။ နောက်လာမဲ့ ဆင်ဆာအဖွဲ့ကို ကြောက်လို့။ သတင်းအတုဆိုရင် ဆောရီး။ ဒေါက်တာတင့်ဆွေ ၂၈-၂-၂၀၂၀

Corona ကိုရိုနာ အမည်

Image
(ကန်တော့) ဘယ်လ်ဂျီယမ်ကနေထုတ်တဲ့ Corona Beer ကိုရိုနာဘီယာကုမ္ပဏီဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်လာလို့ ပေါင် ၁၃၂ သန်း ဆုံးရှုံးပါသတဲ့။ Corona ကိုရိုနာဆိုတာ ဘာလဲ နက္ခတ်ဗေဒမှာ နေနဲ့ ကြယ်တွေဘေးက ဖုံးထားတဲ့နေရာကို ခေါ်တယ်။ နေကြတ်ချိန်မှာ မြင်နိုင်တယ်။ ပန်းတွေမှာလည်း အဲလိုပုံပန်းရှိတာကို ခေါ်တယ်။ Daffodil ခေါ် မတ်လမှာပွင့်တဲ့ပန်း။ ခန္ဓာဗေဒမှာ သရဖူလို ဖုံးနေတဲ့နေရာတိုင်းကို ခေါ်နိုင်တယ်။ (ကန်တော့) ကျားအင်္ဂါက ကွမ်းသီးခေါင်းကိုလည်း ကိုရိုနာလို့ပဲ ခေါ်ပါတယ်။ ကန်တော့။ အမည်ပေးတာ သတိထားသင့်တယ်။ Buddhan Whisky ဗုဒ္ဓဝီစကီ တရုပ်။ (ကန်တော့) Old Monk Rum ဘုန်းကြီးအိုရမ် အိန္ဒိယ။ (ကန်တော့) Tuborg Beer တူပို့ဘီယာက မြန်မာပြည်။ ဆောရီး သင်္ကြန်သီချင်း။ ဒေါက်တာတင့်ဆွေ ၂၈-၂-၂၀၂၀

Anawratha of Burma အနော်ရထာ

Image
ဆရာ အနော်ရထာအကြောင်းလေးပါ ရေးစေချင် အနော်ရထာအကြောင်းကို (ဒေါ်) ခင်မျိုးချစ် (၁၉၁၅ - ၁၉၉၉) က Anawratha of Burma စာအုပ်ရေးခဲ့တယ်။ နောက်ပိုင်း ထပ်ထုတ်တော့ King Among Men လို့ အမည်ပြောင်းထုတ်ပါတယ်။ ဘာမားစာလုံးက ဆင်ဆာနဲ့ ငြိနေလို့လား မသိပါ။ ကျွန်တော်က ရာဇဝင်ထဲက အနော်ရထာ (၁၀၄၄-၁၀၇၇) နဲ့ သာလွန်မင်း (၁၆၂၈-၁၆၅၆) တို့ကိုသဘောကျခဲ့တယ်။ အနော်ရထာကိုတော့ ပဌမမြန်မာနိုင်ငံကိုတည်ထောင်နိုင်သူနဲ့ အရည်းကြီးတွေကို ရှင်းနိုင်လို့ ဖြစ်ပါတယ်။ သာလွန်မင်းက နိုင်ငံကိုပြန်တည်ထောင်တယ်။ ၁၆၃၇ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ပဌမဆုံးလူဦးရေနဲ့ မြေယာစစ်တမ်း ကောက်ယူတယ်။ ချွေတာစုဆောင်းရေး အားပေးတယ်။ ၁၁-၁၁-၂၀၁၄ နေ့က အနော်ရထာကယ်ပါလို့ ရေးခဲ့တယ်။ အမျိုးသမီးတွေ လက်ထပ်ထိမ်းမြားခြင်း ပြုနိုင်ရန်အတွက် အပျိုစစ်ဦးရေ မည်မျှရှိသည်ကို မဘသ အဖွဲ့က စစ်တမ်းကောက်ဆိုတာ တွေ့လို့။ ဟုတ်တာ မဟုတ်တော့ မသိပါ။ မြန်မာနိုင်ငံသမိုင်းမှာ ဘုရင်စုစုပေါင်း (၁၂ဝ) ပါးရှိတယ်။ စစ်အစိုးရကတော့ စစ်ဘုရင်တွေဖြစ်ကြတဲ့ အနော်ရထာ၊ ဘုရင့်နောင်နဲ့ အလောင်းဘုရားတို့ကိုရွေးပြီး အရုပ်တွေနဲ့ ကိုးကွယ်ပါတယ်။ အရည်းကြီးစစ်တမ်း ကောက်သင့်တယ်ထင်တယ်။ ဒေါက်တာတင့်ဆွေ ၂၈-၂-၂

လက်သုတ်

Image
ဂျပန်မှာ အလုပ်လုပ်နေသူတယောက်က တစ်ရှူးတွေ ဝယ်မရတော့ဘူး၊ ဘယ်လိုလုပ်ရမလဲတဲ့။ ဆောရီး။ ကိုယ့်ဆီမှာလို လက်ကိုင်ပဝါ၊ လက်သုတ်ပဝါလေးတွေ သုံးရမယ်။ ခဏခဏလျှော်ရမယ်။ အဲဒီမှာတော့ စက်နဲ့လျှော် စက်နဲ့ခြောက်။ လက်ဆေးပြီး၊ သန့်ရှင်းရေးလုပ်ပြီးတိုင်း လက်သုတ်ရတယ်။ စိုထိုင်းနေတာကို ပိုးတွေက ကြိုက်တယ်။ အထူးသဖြင့် ဖန်းဂတ်စ် ခေါ် မှိုပိုး။ မိုးစိုစို မှိုကို သတိထား။ နှာချေတိုင်း ချောင်းဆိုတိုင်း ပါးစပ်နဲ့ နှာခေါင်းကို တစ်ရှူးနဲ့ ဖုံးအုပ်ထားရမယ်။ တစ်ရှူးကို စနစ်တကျ စွန့်ပစ်ရမယ်။ လက်သုတ်ပဝါကိုလည်း အဲလိုသုံးနိုင်တယ်။ ချည်အစစ်လည်းရတယ်။ ရောထားတဲ့အဝတ်စလည်း ရပါတယ်။ မကြာမကြာ လျှော်ရမယ်။ ခြောက်အောင်ထားရမယ်။ တဦးစီသုံးတာ ပိုကောင်းတယ်။ စားပွဲ ခုံ စတဲ့ မျက်နှာပြင်တွေကိုလည်း မကြာခဏ သန့်ရှင်းပေးပါ။ ခြောက်သွေ့နေပါစေ။ မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ နေကောင်းကြပါစေ။ ဒေါက်တာတင့်ဆွေ ၂၈-၂-၂၀၂၀

Cough Links တံတောင်ဆစ်ထဲမှာ ချောင်းဆိုးပါ

Image
ကျနော်ချောင်းဆိုးတာ နှစ်ပတ်ရှိပါပြီဗျ ဆေးခန်းကပေးတဲ့ဆေးတွေနဲ့မပျောက်သေးလို့ပါဆရာ ဆေးနည်းလေး ပေးပါဦးဆရာ လည်ချောင်းယားပြီးဆိုးတာပါဆရာ ချွဲသိပ်မထွက်ပါဘူးဆရာ ကျနော်ဆိုသူ အသက် မသိ။ Bronchitis ဘရောင်ခိုက်တစ် https://doctortintswe.blogspot.com/2018/09/bronchitis.html Chronic Cough ချောင်းဆိုးနေတာ တလလောက်ရှိပါပြီ https://doctortintswe.blogspot.com/2019/05/chronic-cough.html Common Cold အအေးမိရင် http://doctortintswe.blogspot.com/2015/02/common-cold.html Cough Question တခါတခါမှ ချောင်းဆိုးပါတယ် https://doctortintswe.blogspot.com/2018/10/cough-question.html Cough Syrups ချောင်းဆိုးပျောက်ဆေးများ http://doctortintswe.blogspot.com/2014/11/cough-syrups.html Healthy culture ချောင်းဆိုး-လက်ဆေး ယဉ်ကျေးမှု https://doctortintswe.blogspot.com/2015/06/healthy-culture_18.html Homemade Humidifier လက်ဖြစ်ရေငွေ့ပေးနည်း http://doctortintswe.blogspot.com/2015/12/homemade-humidifier.html Pneumonia နူမိုးနီးယား https://doctortintswe.blogspot.com/2014/11/respiratory-tract-infections-3.html ဒေါက်တာတင်

Coronavirus ပတ်သက်မှု မရှိသေး

Image
ဆရာမင်္ဂလာပါ ကိုရိုနာနဲ့ သင်္ကြန် ပတ်သတ်မှု ပြောပြပေးပါနော် ကိုရိုနာနဲ့ သင်္ကြန် ပတ်သက်မှု မရှိသေး။ သင်္ကြန်က ရက်တွေလိုသေးတယ်။ အခုကတည်းက မဖြစ်တာတွေ မဟုတ်တာတွေနဲ့ ခြိမ်းခြောက်ပြီး လိမ်နေကြတယ်။ ဒေါက်တာတင့်ဆွေ ၂၈-၂-၂၀၂၀

ဆယ်နှစ်ရာသီမိုး နှင့် သတ်ပုံအလွဲများ

Image
ကွန်မင့်တခု ရလို့ ရေးပါတယ်။ တန်ခူးမည်မွတ် ဖက်ဆွတ်ရေတိုး သင်္ကြန်မိုး မှတ် နဲ့ မွတ် ဘယ်စကားကအမှန်ပါလဲ ဆရာ။ လင်္ကာစပ်နည်းအရ မွတ်က အမှန်လို့ထင်ပါတယ်။ ကာရံလည်း သင့်ပါတယ် တဲ့။ မဟုတ်ပါ။ တန်ခူးမည်မှတ် ဖက်ဆွတ်ရေတိုး သင်္ကြန်မိုး ဖြစ်ပါတယ်။ မွတ်ဆိုတာ မွတ်သိပ် (ဆာလောင်)၊ မွတ်ညက် (ချောမွေ့)၊ မွတ်မွတ်ညက်ညက် (ချောချောမွေ့မွေ့)။ တက္ကသိုလ်စာသင်သားအမည်နဲ့ ဘလော့မှာလည်း နယုန်မိုးသေး မြက်သားမွှေးလို့ ရေးထားတာတွေ့တယ်။ ခက်ဆစ်အဖွင့် ထဲမှာလည်း မြက်သားမွှေး = မြက်နုကလေးများ ပေါက်လာသည်တဲ့။ မြက်သားမွေးဖြစ်ရပါမယ်။ မေးခွန်းတွေမှာလည်း မွေး နဲ့ မွှေး မှားကြတယ်။ မွေးဆိုတာ ကလေးမွေးသည်။ ကိုယ်မွေး။ ပန်းအနံ့ မွှေးသည်။ မွှေး မီးမွှေးပါ မွှေးထုံသော မွှေးကြိုင်သော မွှေးပျံ့သော မွှေးကြူသော ရေမွှေး မွှတ် လည်မွှတ်နေသည် သခွားသီးမွှတ် မွေး ကြက်သီးမွေးညှင်း အမွေးအတောင် ကျွေးမွေးသည် မွေးကျွတ်နာ မွေးချင်းပေါက်ဖော် မွေးစားသည် မွေးစုတ်တဘက် (မွေးပွတဘက်) မွေးညှင်း မွေးညှပ် မွေးတုံ့မွေးလှည့် မွေးဖွါးသည် မွေးမြူသည် မွေးရာပါရောဂါ မွေးသက္ကရာဇ် မွေးသန္ဓေပါ မွေးကျေးဇူး နှုတ်ခမ်းမွေး ဆယ်နှစ်ရာသီမိုး ၁။ တန်ခူးမည်မှတ် ဖက်ဆွတ်

ပဉ္စာဝုဓဇာတ်

Image
မင်္ဂလာပါဆရာခင်ဗျာ သတ္တမတန်း ဇာတက ဝတ္ထု သင်ရိုးထဲမှာ ပဉ္စဝုဓ မင်းသား ပဉ္စဝုဓ ဇာတ် လို့ ရေးထားပါတယ်။ ဘုရားဟော ငါးရာ့ငါးဆယ် နိပါတ်တော်ထဲမှာ ဖတ်ဖူးခဲ့တာ ပဉ္စာဝုဓ ဇာတ်တော်လို့ပဲ သိထားခဲ့တာပါဆရာ။ အခုက သင်ရိုးညွှန်းတမ်းမှာကတည်းက မှားနေတာလားဆိုတာ သိရပါရစေ ဆရာ။ ၅၅၀ ဇာတ်တော်တွေတင်တဲ့နေရာမှာ အမှတ်စဉ် (၅၅) ပဉ္စာဝုဓဇာတ်လို့ တွေ့တယ်။ ကပ်စေးနှဲ ဘီလူးကြီးအား အရှုံးမပေးဘဲ ငါးပါးသော လက်နက်နှင့် တိုက်ခိုက်သဖြင့် အနိုင်ရသော ပဉ္စာဝုဓမင်းသား အကြောင်း။ ဝီကီပီးဒီးယားမှာ မုံရွေး ဇေတဝန်ဆရာတော် (မြန်မာ ၁၁၂၈ - ၁၁၉၆) ပြုစုတော်မူခဲ့သော ကျမ်းများထဲမှာ ၈၊ ပဉ္စဝုဓပျို့လို့ တွေ့တယ်။ ဦးအောင်ညွန့်ဝင်းရေးသားထုတ်ဝေထားတဲ့ ငါးရာ့ငါးဆယ် အနှစ်ချုပ်မှာ ၅၅၊ ပဉ္စာဝုဓဇာတ်လို့ တွေ့တယ်။ ဝီကီပီးဒီးယားမှာ အမှားတွေ မကြာမကြာတွေ့တယ်။ ဗိုလ်တထောင်ဘုရားကို တ စသတ်နဲ့ရေးထားတယ်။ ဒေါက်တာတင့်ဆွေ ၂၈-၂-၂၀၂၀

ABCD ကူစက်ရောဂါများ မြန်မာပြည်မှာဖြစ်နေ

Image
(ကန်တော့) ၁။ ဆရာ အအေးမိရင်Dဆေးကောင်းပါလား ဆေးသောက်လိုသူ ကလေး လူကြီး မသိ။ အသက် ကျား-မ မသိ။ D စာလုံးပါတိုင်း ဗီတာမင်ဒီလား အရင်စဉ်းစားမိတယ်။ ၂။ ဆရာ 24ရECee2ကို ၂၅ရက်နေ့က သောက်ထားပါတယ် အခုထိရာသီမလာသေးဘူး စိုးရိမ်ရလား ၂၄ရက်နေ့က ဆက်ဆံpး အရင်ကဆို သောက်pး ၇ရက်နေရင်ရာသီလာပါတယ် ထပ်ခါထပ်ခါသောက်ရင် ဆေးသောက်လည်း ကိုယ်ဝန် ရနိုင်ပါလားဆရာ အရင်မေးခွန်းတွေမှာ P တလုံးတည်းရေးတယ်။ ရေးတဲ့သူတွေ မနည်းဘူး။ သည်တခါ (း) ပါထည့်တယ်။ မြန်မာလို ရေးတာမှာ ( . ) တွေ ထည့်ရိုက်ကြတယ်။ ရေးတဲ့သူတွေ မနည်းဘူး။ ပို့စ်မှာသုံးချင်ရင် အကုန်လိုက်ပြင်ရတယ်။ မြန်မာစာမှာ ဖူးလ်စတော့ မရှိပါ။ အခုတော့ အင်္ဂလိပ်စာမှာ ဝစ္စပေါက်ရှိနေပြီ။ ၃။ ဆရာရှင့် သမီးရာသီလာတာမရပ်တာ ၂လလောက်ရှိပါpအခုထိမpသေးဘူးဆရာ သမီးဘာဆေးသောက်သင့်လဲဆရာ ၄။ ဆရာ ခလေးက ၁၅ရက်ပဲရှိသေးတယ် ချွဲတွေ့အရမ်းကျပ်နေလို့ ချောင်းလဲဆိုး ဆေးခန်းပြနေတာ၃ရက်ရှိp မသက်သာဘူး ဘယ်လိုလုပ်ရမလဲဆရာ ခလေးနေရခက်နေလို့ဆရာ နှာခေါင်းပိတ်နေတာ ၅။ ဆရာရှင့် dည အသက်ရူရခက်ပြန်ပပီ နှာခေါင်းတစ်ဖက်ပိတ်ပြီး ရူကြည့်တော့ ဘယ်ဘက်နှာခေါင်းကပိတ်ပြီး လေမဝင်ဘူး ညာဘက်ကျဝင်တယ်ဆရာ ပိတ်တဲ့ဘက်ကိုအားစိုက်ရူကြည့်တော့ ခေ

အဲတာတွေအကုန် မှန်တယ်လို့ မထင်ပါ

Image
မြန်မာနိုင်ငံမှာ COVID -19 ကူးစက်မှုဆိုးရွားစွာ မဖြစ်သေးတာက တချိန်တုန်းက လင်းနို့နဲ့ပတ်သက်ပြီးရောဂါခံစားခဲ့ကြရလို့လားမသိဘူးဆရာ သမိုင်းအတိအကျတော့ မသိပေမယ့် ကျနော်တို့အလယ်ပိုင်းမှာ လင်းနို့တွေအိမ်ထဲဝင်ရင် ပိုးချတယ်ဆိုပြီး မောင်းထုတ်ကြတာ လင်းနို့ကိုကြောက်လန့်ကြတာ အဲဒီအချက်က ရှေးလူကြီးတွေမှာ လင်းနို့နဲ့ပတ်သက်ပြီးရောဂါတွေများ ခံစားခဲ့ကြရလို့လားမသိဘူးဆရာ မဟုတ်နိုင်။ မှားတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ ပိုးအသစ်ဖြစ်တယ်။ ဆေးသုတေသနတွေ ပညာရှင်တွေအများကြီးက နေ့တိုင်း လုပ်နေကြတယ်။ ခိုင်မာတိကျတဲ့ သတင်းနဲ့ အချက်အလက်တွေကို ၄-၁-၂၀၂၀ နေ့ကတည်းက တင်နေပါတယ်။ တင်ထားကြတာ အတော်များများ၊ မေးကြတာ အတော်များမှား မှားတယ်။ တချို့က ရမ်းပြောတာ။ တချို့က အထင်နဲ့ ပြောတာ။ တချို့က လိမ်ပြောတာ။ အမျိုးအမည်တွေ များလှပြီ။ တခုစီကို မဖြေအားပါ။ ဟိုက်ပိုသီးဆစ် ခေါ် စာတပုဒ်လည်း ကနေ့တွေ့တယ်။ အဲတာလည်း အထင်နဲ့ ရေးထားတယ်။ အဲတာတွေအကုန် မှန်တယ်လို့ မထင်ပါ။ ဆောရီး။ ဒေါက်တာတင့်ဆွေ ၂၇-၂-၂၀၂၀

မိန်ရာသီ

Image
တပေါင်းလက မိန်ရာသီဆိုတာ မှန်ပါသလား ဆရာ မိန်ရာသီဆိုတာ ငကြင်းပါးသန္တာန်ရှိသော တပေါင်းလလို့ဆိုတယ်။ ဒါမေဲ့ ရာသီတွေနဲ့ လတွေက ထပ်တူမကျပါ။ ဖေဖော်ဝါရီလ (၁၉)ရက်မှ မတ်လ (၂၀)ရက်အတွင်း မွေးဖွားသူများသည် မိန်ရာသီဖွားများဖြစ်ကြသည်။ Horoscope Signs ဇာတာခွင်လို့လည်းခေါ်ကြတယ်။ နတ္ခတ္တဗေဒနဲ့ဆိုင်တယ်။ အရုပ် ၁၂ ခုရှိတယ်။ 1. Aquarius: The Water Bearer (Jan 20-Feb 18) ရေထမ်းသမား (ကုံရာသီ) 2. Pisces: The Fish (Feb 19-Mar 20) ငါးနှစ်ကောင် (မိန်ရာသီ) 3. Aries: The Ram (Mar 21-Apr 19) သိုးထီး (မိဿရာသီ) 4. Taurus: The Bull (Apr 20-May 20) နွားသိုး (ပြိဿရာသီ) 5. Gemini: The Twins (May 21-Jun 20) လူအမြွာ (မေထုန်ရာသီ) 6. Cancer: The Crab (June 21-July 22) ကနန်း (ကရကဋ်ရာသီ) 7. Leo: The Lion (July 23-Aug 22) ခြင်္သေ့ (သိဟ်ရာသီ) 8. Virgo: The Virgin (Aug 23-Sep 22) အပျိုကညာ (ကန်ရာသီ) 9. Libra: The Scales (Sep 23-Oct 22) ချိန်ခွင် (တူရာသီ) 10. Scorpio: The Scorpion (Oct 23-Nov 21) ကင်းမြီးကောက် (ဗြိစ္ဆာရာသီ) 11. Sagittarius: The Archer (Nov 22-Dec 21) လေးသမား (ဓနုရာသီ) 12. Capricorn: The Goat (Dec 22-Jan 1

မတ်တတ်ရပ်လို့ လမ်းမှာငို

Image
မတ်တတ်ကအမှန်ဆိုတာ အခုမှသိရတယ် အသက် ၅၀ကျော်တောင် မတ်တပ်ပဲမှန်တယ်ထင်တာ ကျေးဇူးပါဆရာ မတ် ဒိန်းမတ်နိုင်ငံ ပရမတ် မင်းတိုင်ပင်အမတ် မတ္တရာမြို့ မတ် (ညီမ၏ခင်ပွန်း) မတ်ခွက် မတ်တတ်စာ မတ်တတ်နာ မတ်တတ်ယပ် (ယပ်တောင်) မတ်တတ်ရပ်နေပါ မတ်တရာ = ကျပ်အစိတ် မတ်ပဲ မတ်မတ်စိုက်ပါ မတ်ရပ်ပုံတော် မတ်လ မတ်စေ့ မတ်စောက်သော မှူးမတ် ရာဇမတ် သွားကာမတ္တ ထောင်မတ်နေသည် ဖြောင့်မတ်သူ နှစ်မူး = တမတ် သတ် ကတ်ကတ်သတ်သတ် ဆီသတ်ပြီးချက်ပါ ဓမ္မသတ် နပမ်းသတ် ပရိသတ် မြင်းဇက်သတ် ရက်သတ်မှတ် လက်ဝှေ့သတ် သတ္တဌာန သတ္တဘာဂနတ် သတ္တမ သတ္တရည် သတ္တရဘန် သတ္တဝါ သတ္တိ သတ္တုချ သတ္တုဓာတ် သတ္တဗေဒ သတ္ထန္တရကပ် သတ်စုံရေး သတ်ညွှန်း သတ်ပုံကျမ်း သတ်ပုတ်ညှင်းဆဲ သတ်မှတ် သတ်ဖြတ် သတ်သတ်ဖယ်ထားပါ သတ်ညွှန်းကျမ်း အနံသတ် အရှိန်သတ် အသေသတ် သဒ် သဒ္ဒါကျမ်း သဒ္ဒါရုံ သဒ္ဒဗေဒ သဒ္ဓါတရား သပ် စမ်းသပ် စုပ်သပ်သည် လက်သပ်မွေး လာဘ်သပ်ပကာ သုံးသပ်ဆင်ခြင် သပ္ပါယ် သပ်ထိုး သပ်လျိုသပ်ပင်း သပ်သပ်ယပ်ယပ် သပ်နုတ် ကျောသပ် ခေါင်းကိုသပ် နှီးသပ်သည် သဗ် သဗ္ဗညုတဉာဏ် ဒေါက်တာတင့်ဆွေ ၂၃-၆-၂ဝ၁၇

တတ် တက် တပ်

Image
သမီး အသက် ၂၇ ပါ အရပ် ၅ ပေ၃ လက်မရှိပြီး ပေါင် ၁၀၂ရှိပါတယ် အကြောအရမ်းတက်တတ်ပြီး နေ့ရက်တိုင်း ဘာမှ မလုပ်ချင်သလိုဖြစ်ပြီး ပင်ပန်းနေသလိုခံစားရပါတယ်ဆရာ အစားလည်းပုံမှန်စားပြီး အိပ်တာတော့ တခါတလေ နောက်ကျတတ်ပါတယ်ဆရာ ကွန်ပြူတာလည်းနေ့စဉ်သုံးရပါတယ်ဆရာ တခါတလေတော့ အပြင်တွေပတ်ရလို့ မသုံးရပါဘူးဆရာ သမီးအလုပ်က Marketing အလုပ်ပါဆရာ မျက်မှန်က power 100 နဲ့ 70 ရှိပါတယ် အကျင့်ပါမှာစိုးလို့ လိုအပ်မှပဲ တက်ပါတယ်ရှင် အဲ့လိုမျိုးရောလုပ်လို့ရလားဆရာ စိတ်ပိုင်းဆိုင်ရာနဲ့ရော ဆိုင်ပါသလားရှင် ရာသီနဲ့ အိမ်ထောင်ရေး မသိ။ မျက်မှန်ဆိုတာ စာကြည့်ကို စာကြည့်ချိန်မှာသာသုံးပြီး အဝေးကြည့်က အမြဲတပ်ထားရတယ်။ တခါတလေ သတ်ပုံတွေ ပြင်လိုက်တယ်။ ဆောရီး။ လိုအပ်မှပဲ တပ်ပါတယ်လို့ ရေးရတယ်။ တက်ဆိုတာ အထက်တက်တာ အတန်းတက်တာ။ ၁။ တက် နဲ့ တတ် လည်း အများအားဖြင့် မှားကြတယ် ဆရာ။ ဆရာအချိန် ပေးနိုင်ရင် တင်ပေးစေချင်လို့ပါ။ ၂။ ဘလော့ကိုဝင်မကြည့်တက်လို့ပါဆရာ ဝင်ကြည့်တက်သွားပါပြီ။ ကျေးဇူးတင်ပါတယ်ဆရာ။ ၂ ခါလုံးမှာ တက်လို့ရေးလို့ ကီးမှားတာတော့ မဟုတ်လောက်။ သတ်ပုံမှားတာဖြစ်ပါမယ်။ ကြည့်တတ်၊ မကြည့်တက်လို့ ရေးရတယ်။ ၃။ ဆရာရှင့် သမီးအသက် ၃၈ နှစ

March မတ်လ

Image
၂၀၂၀ ခုနှစ် မတ်လဟာ မြန်မာပြက္ခဒိန်အရ ၁၃၈၁ ခု၊ တပေါင်းလဆန်း ၈ ရက်ကနေ တန်ခူးလဆန်း ၈ ရက်နေ့အထိ ကျရောက်ပါတယ်။ March နာမည်က လက်တင်လို Martius မာတိယပ်စ်ကနေလာပါတယ်။ ရိုမင်ပြက္ခဒိန်ပေါ်စမှာ အစဆုံးလ ဖြစ်ခဲ့တယ်။ Mars ဆိုတဲ့ Roman god of war ရောမစစ်ပွဲဘုရားက နေယူထားတယ်။ စိုက်ပျိုးရေးကိုစောင့်ရှောက်တဲ့ ခေါင်းဆောင်တဦးနာမည်လည်းဖြစ်တယ်။ ဒီလမှာ စိုက်ပျိုးလုပ်ငန်းတွေလည်း စတင်ကြပါတယ်။ မတ်လအစမှာ ဆောင်းရာသီရဲ့နောက်ဆုံးရက်တွေနဲ့ လအဆုံးမှာ နွေရာသီထဲဝင်လာပါတယ်။ ဗုဒ္ဓဘုရားရှင်ဟာ ရာဇဂြိုဟ်ပြည် ဝေဠုန်ဝန်ကျောင်းတော်မှာ သီတင်းသုံးစဉ်က ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကနေ ဖူးတွေ့ချင်လို့ အမတ်တွေ တယောက်ပြီးတယောက်ကိုပင့်ဘို့ ခိုင်းစေခဲ့တယ်။ နောက်ဆုံး ဆယ်ကြိမ်မြောက်မှာတော့ ဖွားဖက်တော် ကာဠုဒါယီအမတ်ကို စေလွှတ်ရတယ်။ ကာဠုဒါယီကတော့ သွားရေးလာရေးသာတဲ့ တပေါင်းလကို ရွေးပါတယ်။ တပေါင်းလရဲ့ လမ်းခရီးသာယာပုံကို ဂါထာပေါင်း ၆ဝ နဲ့ဖွဲ့နွဲ့ပြီး၊ လျှောက်ထားတော့မှသာ ဘုရားရှင်ဟာ တပေါင်းလပြည့်နေ့မှာ ကပိလဝတ်ပြည်ကို ကြွတော်မူခဲ့တယ်။ မတ်လအတွက် နိုင်ငံတကာနေ့များ • မတ်လ ၁ ရက် Independence Movement ကိုရီးယား လွတ်လပ်ရေးလှုပ်ရှားမှုနေ့