Saturday, February 22, 2020

Coronavirus ကိုရိုနာဗိုင်းရပ်စ် အပ်ဒိတ်

တရုပ်ပြည်မှာ 76,288 ယောက်ကူးစက်ခံထားရ။ 2,345 ယောက်သေဆုံးပြီး။ လူနာသစ်တွေ့နှုန်း သေနှုန်း ကျဆင်းလာ။

တရုပ်ပြည်ပြင်ပ ၂၆ နိုင်ငံမှာ လူနာ 1,200 ကျော်ရှိနေ။ ၈ ယောက်သေဆုံးပြီး။

တောင်ကိုရီးယားမှာ လူနာသစ် ၂၂၉ ယောက်တိုးလာလို့ စုစုပေါင်း ၄၃၃ ယောက်ရှိလာ။ ၂ ယောက် သေဆုံးပြီး။ ၁၁၄ ယောက်ကသေချာ။ ဆေးရုံဝန်ထမ်း ၉ ယောက်ပါဝင်။

ဂျပန်မှာ ၆၀၀ ကျော်ကူးစက်ခံထားရ။

အစ်ဇရေးလ်က တောင်ကိုရီးယားကနေလာတဲ့လေယာဉ်ပေါ်က နိုင်ငံခြားသားခရီးသည် ၂၀၀ လောက်ကို ဆင်းသက်ခွင့် မပြု။ သူ့နိုင်ငံသား ၁၂ ယောက်ကို သီးခြားနေရာမှာထားရှိ။

အီရန်မှာ ၆ ယောက်မြာက်လူနာ သေဆုံး။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လေကြောင်းလိုင်းတွေ $29.3bn (£23.7bn) ဒေါ်လာဆုံးရှုံးရ။ အာရှပစိဖိတ်ဒေသမှာ $27.8bn ဒေါ်လာဆုံးရှုံး။ တရုပ်မှာ $12.8bn ဒေါ်လာဆုံးရှုံး။

တရုပ်အစိုးရတီဗွီ CCTV ကနေ ကိုယ်ဝန်ဆောင်သူနာပြု Zhao Yu ဇိုယု (ပုံ) ကနေ ကိုရိုနာဗိုင်းရပ်စ်လူနာတွေကို ကုသပေးနေတဲ့ ဗီဒီယိုပြသ။ လူမှုကွန်ယက်တွေက အပြစ်တင်ကြ။ အဲတာ ဝါဒဖြန့်တာလို့ဆိုကြ။
ကိုရိုနာဗိုင်းရပ်စ် ဓါတ်ခွဲခန်းကနေ ထွက်သွားတာဆိုတဲ့ တရုပ်ကလာတဲ့ စတိုရီတွေ မယုံနဲ့လို့ အမေရိကန်သတင်းစာက ရေးသားလိုက်။ တရုပ်ပြည်သူ့တပ်မတော် PLA ရဲ့ ဇီဝလက်နက်ဆိုင်ရာ ဗိုလ်ချုပ် Maj. Gen. Chen Wei ချန်ဝေ (အမျိုးသမီး) ကို ဝူဟန်ကို ရောဂါထိန်းချုပ်ရေးအတွက် လွှတ်လိုက်တဲ့သတင်းနဲ့ ဆက်စပ်ပြောဆိုကြတာဖြစ်။ သူက ၂၀၀၃ ဆားစ်ဖြစ်စဉ်ကတည်းက သုတေသနလုပ်နေသူဖြစ်။ Ebola အီဗိုလာနဲ့ anthrax ဒေါင့်သန်းရောဂါပိုးတွေကိုလည်း လေ့လာနေသူဖြစ်။ တရုပ်ကလာတဲ့ စတိုရီတွေထဲမှာ အရင်ဆုံး ပင်လယ်စာအရောင်းဆိုင်။ အဲတာက Institute of Virology ဌာနနဲ့ ဝေးကွတာမဟုတ်။ နောက်မြွေကိုပြောကြပြန်။ လင်းနို့။ သင်းခွေချပ်။

WHO ကိုလည်း အပြစ်ဖို့တာတွေရှိ။

ကိုရိုနာဗိုင်းရပ်စ် ၃ မျိုး နှိုင်းယှဉ်ချက်
Coronavirus = 77,794 ကူးစက်။ 2,359 သေဆုံး။
SARS = 8,096 ကူးစက်။ 774 သေဆုံး။
MARS = 2,494 ကူးစက်။ 858 သေဆုံး။

ဒေါက်တာတင့်ဆွေ
၂၂-၂-၂၀၂၀
ညနေ ၆ နာရီ ၅၀ မိနစ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Cleaning အမှိုက် နှင့် အိမ်ဦးခန်းပိုစတာ

Hi ကူးစက်ရောဂါအောက်မှာ ဥပေက္ခာရှေ့ထားမှ ဖြစ်မယ်ထင်တယ်ဆရာ တဲ့။ ဥပေက္ခာစကားလုံးက အဓိပ္ပါယ်လေးနက်တယ်။ လွယ်လွယ်လေးသာ ပြောပါရစေ။ ကျွန်တော်က ကိ...