မ ကို ဘယ်နေရာထားမလဲ

ကာတွန်းတခု တွေ့လိုက်တယ်။ ကျောင်းကို ပူစီ မခေါ်လာရဘူး တဲ့။ ခေါ်မလာရလို့သာ ရေးသင့်တယ်။ အဲလိုပြောတာ ရေးတာတွေရှိတာ သိပါတယ်။ ကြိယာတခုခုမှာ မ ထည့်လိုက်ရင် မဟုတ်၊ မဖြစ်၊ မလုပ် စတဲ့ အနုတ်သဘောတွေ ဖြစ်စေတယ်။ မသွားရ၊ မလာရ၊ မစားရ၊ မလုပ်ရ စသည်။

လူသိများတဲ့ မြန်မာစာဆရာကြီးတဦးက ခေတ်အသုံးစကားတွေ ကျန်နေတာဆိုရင် သတ်ပုံစာအုပ်ထဲ ထည့်လိုက်ရုံပဲလို့ ပြောတာကို သဘောမတူပါ။ ဘယ်အရာမဆို စည်းစနစ် ထားမှသာ အဖိုးတန်ပါမယ်။ အင်္ဂလိပ်စာမှာ အင်န်အိုတီ ကို ကြိယာရှေ့မှာသာ ထည့်ရတဲ့ စည်းကမ်း ထားသလို မြန်မာစာမှာလည်း စည်းကမ်း ထားသင့်တယ်။

ဆေးလိပ်မသောက်ရ၊ ကွမ်းသွေးမထွေးရ၊ အမှိုက်မပစ်ရ၊ စကားမပြောရ၊ စတဲ့ စည်းကမ်းတွေ ရှိတယ်။ စကားပြောမရလို့ ရေးရင် အဓိပ္ပါယ်တမျိုးဖြစ်စေတယ်။ ထမင်း စားမရသေးဆိုလည်း တမျိုးဖြစ်မယ်။

တချိတင်ကဲ
တချိတရိ
ကြက်မတမ်း
မကန်း (ငါး၊ လိပ်)
မကရ်း
မကုန်မချင်း
မကိုဋ်
မခံချိ မခံသာ
မခံချိမခံသာ
မခန့်တရန့်
မခန့်လေးစား
မခို့တရို့
မခိုးမခန့်
မချင့်မရဲ
မချိတင်ကဲ
မချိတရိ
မချိမဆံ့
မချိသွားဖြဲ
မချိုမချဉ်
မစို့မပို့
မဆံ့မကန်
မဆံ့မပြဲ
မဆံ့ရင်ကန် (မဆံ့ရင်ကာ)
မဆံမပြဲ
မဆတ်တငံ့
မဆလာ
မဆိုင်းမတွ
မဆိုစလောက်
မဆီမဆိုင် လက်ပုံသား ဒါးနဲ့ချိုင်
မဆီမဆိုင်
မဆူးမရဲ
မဏိသြဃပင်
မတကဘတ်ဆွမ်း
မတင်မကျ
မတန်တဆ
မတလုံးကျေ
မတူတရူ
မထုံတက်တေး
မထိတထိ
မထီတရီ
မထီမဲ့မြင်
မထီလေးစား
မဒမပင်
မဒရတ်အိမ်
မဓီရည် (နို့ကြက်တက်ရည်)
မနက်
မနက်ဖြန်
မနည်းမနော
မနာလို ဝန်တို
မနီးမကမ်း
မကြားဝံ့မနာသာ
မကြာမကြာ
မမှိတ်မသုန်
မမီမကမ်း
မယုံသင်္ကာ
မယား
မယိုးမယိမ်း
မဖြစ်စလောက်
မဖြစ်ညစ်ကျယ်
မမြင်မကန်း
မရကန်ပင်
မရန်းရောင်
မရမန်ငှက်ပျော
မရမန်ပိတ်
မရမ်းသီး
မရှူသာ မရှိုက်သာ
မရိုးမရွ
မရီး
မရှုဆိတ်
မလုံမလဲ
မလုံမလဲ
မလည်မဝယ်
မလွယ်ပေါက်
မလွဲသာ
မလှမ်းမကမ်း
မလိမ့်တပတ်
မလိုင်
မလိုတမာ
မဝံ့မရဲ
မသကာ
မသင်္ကာ
မသဒ္ဓါရေစာ
မသာရကန်ကျောက်
မသိုးမသန့်
မသိုးသင်္ကန်း
မဟားတရား (မဟားဒရား)
မဟာဆန်သူ
မဟာဒါန်ဝန်
မဟာဒုတ်
မဟာပိန္နဲ
မဟာဗျူဟာ
မဟာဘုတ်
မဟာမသမ္မတ (မဟာမသမတ)
မဟာမိတ်
မဟာရံတံတိုင်း
မဟာလတာတန်ဆာ
မဟာဝင်
မဟာဝုန်တော
မဟာသက္ကရာဇ်
မဟာသမယနေ့
မဟုတ်ကဟုတ်က
မဟုတ်တမ်းတရမ်း
မဟုတ်တရုတ်
မဟုတ်မဟတ်
မဟူရာ
မအပ်မရာ
မအီမလည်
မအီမသာ
မဦးမချွတ်
မဦးမချွန်
မကွေးတိုင်း
မကောင်းဆိုးဝါး
မကောင်းတရောင်း
မခေါ်ပဲ မသွားရ
မတောက်တခေါက်
မတော်တရော်
မတော်မတည့်
မတော်မတရား
မတော်လောဘ
မထေရ်ရဟန်း
မထွေးနိုင် မမျိုနိုင်
မထွေးနိုင် မအန်နိုင်
မထောင်းတာ
မနောကံ
မနောပွဲ
မဖေါက်ထုံး
မယောင်မလည်
မရေမရာ
မရွေးမုန့်
မရှေးမနှောင်း
မလေးမခန့်
မလောက်လေး မလောက်စား
မဟေသီ
မဟော်ဂနီ
မဟော်သဓာ (မဟော်သဓ) ဇာတ်
မအေ
မနုဓမ္မသတ်
မနိုင့်တနိုင်
မနိုင်ရင်ကန်
မနုဿီဟ
မနုဿဗေဒ
မနူးမနပ်
နွားမတမ်း

ဒေါက်တာတင့်ဆွေ
၂၂-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး