March မတ်လ

၂၀၂၀ ခုနှစ် မတ်လဟာ မြန်မာပြက္ခဒိန်အရ ၁၃၈၁ ခု၊ တပေါင်းလဆန်း ၈ ရက်ကနေ တန်ခူးလဆန်း ၈ ရက်နေ့အထိ ကျရောက်ပါတယ်။

March နာမည်က လက်တင်လို Martius မာတိယပ်စ်ကနေလာပါတယ်။ ရိုမင်ပြက္ခဒိန်ပေါ်စမှာ အစဆုံးလ ဖြစ်ခဲ့တယ်။ Mars ဆိုတဲ့ Roman god of war ရောမစစ်ပွဲဘုရားက နေယူထားတယ်။ စိုက်ပျိုးရေးကိုစောင့်ရှောက်တဲ့ ခေါင်းဆောင်တဦးနာမည်လည်းဖြစ်တယ်။
ဒီလမှာ စိုက်ပျိုးလုပ်ငန်းတွေလည်း စတင်ကြပါတယ်။

မတ်လအစမှာ ဆောင်းရာသီရဲ့နောက်ဆုံးရက်တွေနဲ့ လအဆုံးမှာ နွေရာသီထဲဝင်လာပါတယ်။ ဗုဒ္ဓဘုရားရှင်ဟာ ရာဇဂြိုဟ်ပြည် ဝေဠုန်ဝန်ကျောင်းတော်မှာ သီတင်းသုံးစဉ်က ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကနေ ဖူးတွေ့ချင်လို့ အမတ်တွေ တယောက်ပြီးတယောက်ကိုပင့်ဘို့ ခိုင်းစေခဲ့တယ်။ နောက်ဆုံး ဆယ်ကြိမ်မြောက်မှာတော့ ဖွားဖက်တော် ကာဠုဒါယီအမတ်ကို စေလွှတ်ရတယ်။ ကာဠုဒါယီကတော့ သွားရေးလာရေးသာတဲ့ တပေါင်းလကို ရွေးပါတယ်။ တပေါင်းလရဲ့ လမ်းခရီးသာယာပုံကို ဂါထာပေါင်း ၆ဝ နဲ့ဖွဲ့နွဲ့ပြီး၊ လျှောက်ထားတော့မှသာ ဘုရားရှင်ဟာ တပေါင်းလပြည့်နေ့မှာ ကပိလဝတ်ပြည်ကို ကြွတော်မူခဲ့တယ်။

မတ်လအတွက် နိုင်ငံတကာနေ့များ
• မတ်လ ၁ ရက် Independence Movement ကိုရီးယား လွတ်လပ်ရေးလှုပ်ရှားမှုနေ့
• မတ်လ ၁ ရက် Self-injury Awareness Day မိမိကိုယ်ကို ထိခိုက်မှု အသိပညာပေးနေ့
• မတ်လ ၂ ရက် National Reading Day စာဖတ်ခြင်းနေ့ (ယူအက်စ်)
• မတ်လ ၄ ရက် World Maths Day ကမ္ဘာ့သင်္ချာနေ့
• မတ်လ ၆ ရက် Holi ဟင်ဒူဘာသာဝင်များ ဟိုလီနေ့
• မတ်လ ၈ ရက် International Women's Day နိုင်ငံတကာအမျိုးသမီးများနေ့
• မတ်လ ၉ ရက် Canberra Day သြစတေးလျ ကင်ဘာရာနေ့
• မတ်လ ၁၂ ရက် World Kidney Day ကမ္ဘာ့ကျောက်ကပ်နေ့
• မတ်လ ၁၄ ရက် White Day (ဂျပန်၊ တောင်ကိုရီးယား၊ တိုင်ဝမ်)
• မတ်လ ၁၅ ရက် World Consumer Rights Day ကမ္ဘာ့စားသုံးသူများအခွင့်အရေးနေ့
• မတ်လ ၂ဝ ရက် International Day of Happiness နိုင်ငံတကာ ပျော်ရွှင်စရာနေ့
• မတ်လ ၂ဝ ရက် World Sparrow Day ကမ္ဘာ့စာကလေးနေ့
• မတ်လ ၂၁ ရက် International Day for the Elimination of Racial Discrimination နိုင်ငံတကာ မျိုးနွယ်ခွဲခြားမှု ပပျောက်ရေးနေ့
• မတ်လ ၂၁ ရက် World Poetry Day ကမ္ဘာ့ကဗျာနေ့
• မတ်လ ၂၂ ရက် World Water Day ကမ္ဘာ့ရေနေ့
• မတ်လ ၂၆ ရက် Bangladeshi Independence Day ဘင်္ဂလားဒက်ရှ် လွတ်လပ်ရေးနေ့

နေ့ထူးများ
• Fire Prevention Month မီးဘေးကာကွယ်ရေးလ (ဖိလစ်ပိုင်)
• Women's History Month အမျိုးသမီးများသမိုင်းလ (အမေရိ၊ ယူကေ၊ သြစတေးလျ)
• Youth Art Month လူငယ်အနုပညာလ (အမေရိက)

Health Awareness ကျန်းမာရေးအသိပညာပေးများ
• Epilepsy Awareness Month အတက်ရောဂါအသိပညာပေးလ (ကနေဒါ)
• Colorectal Cancer awareness month အူမကြီးကင်ဆာအသိပညာပေးလ
• American Dietetic Association National Nutrition Month အာဟာရအသိပညာပေးလ (အမေရိက)
• American Red Cross Month အမေရိကန်ကြက်ခြေနီလ
• National Endometriosis Awareness အင်ဒိုမီထရီရိုးဆစ် သားအိမ်ရောဂါအသိပညာပေးလ
• Multiple Sclerosis Education Month မာလ်တီပယ် စကယ်လရိုးဆစ်ရောဂါအသိပညာပေးလ
• Save Your Vision Month စက္ကုအမြင်အသိပညာပေးလ
• Workplace Eye Wellness Month လုပ်ငန်းခွင်မျက်စိအသိပညာပေးလ
• Patient Safety Awareness Week လူနာလုံခြုံရေ ပထမပါတ်
• National Sleep Awareness Week အိပ်စက်ခြင်းအသိပညာပေးပါတ်
• Brain Awareness Week ဦးနှောက်အသိပညာပေး ဒုတိယပါတ်
• National Poison Prevention Week အဆိပ်သင့်အသိပညာပေး တတိယပါတ်
. World TB Day မတ်လ (၂၄) ရက် = ကမ္ဘာ့တီဘီနေ့

မတ်လအတွင်း မြန်မာနိုင်ငံနေ့ထူးများ
၈-၃-၂၀၂၀ တပေါင်းလပြည့်နေ့ဖြစ်တယ်။ မတ်လထဲမှာ အငြင်းပွါးဖွယ်ရာ နှစ်ရက်ရှိတယ်။ အရင်က ဇန္နဝါရီလ (၁) ရက်နေ့ကိုသာ တောင်သူလယ်သမားနေ့လို့ သတ်မှတ်ခဲ့ပါတယ်။ ၂-၃-၁၉၆၂ နေ့မှာ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းနေ့ကို ၁၉၆၃ ကစပြီး ပြောင်းလိုက်တယ်။ မတ်လ (၂၇) ရက်နေ့ကို ဖက်ဆစ်တော်လှန်ရေးနေ့နဲ့ တပ်မတော်နေ့ ခေါ်တာ အထာမကျသေးပါ။ ၁၃-၃-၁၉၈၈ ဖုန်းမော်နေ့ ခေါ် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့နဲ့ ၁၆-၃-၁၉၈၈ တံတားနီ အရေးအခင်းနေ့လို့လည်း မှတ်တမ်းတင်ထားတယ်။

မတ်လ သင်္ကေတများ
• Birth flower = Daffodil နိုင်ငံတကာ ဒက်ဖိုဒီးလ်ပန်း။ မြန်မာနိုင်ငံ ကံကော်ပန်း။
• Aquamarine and Bloodstone သတ္တိကိုကိုယ်စားပြုသောကျောက်မျက်
• Zodiac signs ဆယ်နှစ်ရာသီခွင် Pisces မိန်ရာသီ (မတ်လ ၂ဝ အထိ) + Aries မိဿရာသီ (မတ်လ ၂၁ ရက် ကနေစတယ်)

• တပေါင်းလည်းကူး မိုးသားကျူး။ တပေါင်းသာခေါင် လများနောင်။
• တန်ခူးမည်မှတ် ဖက်ဆွတ်ရေတိုး သင်္ကြန်မိုး။ ပိတောက်ပန်း။

• January ဇန္နဝါရီလ http://doctortintswe.blogspot.com/2014/12/january.html
• February ဖေဖေါ်ဝါရီလ http://doctortintswe.blogspot.com/2015/02/february.html
• March မတ်လ http://doctortintswe.blogspot.com/2015/02/march.html
• April ဧပြီလ http://doctortintswe.blogspot.com/2015/03/april.html
• May မေလ http://doctortintswe.blogspot.com/2015/04/may.html
• June ဇွန်လ http://doctortintswe.blogspot.com/2015/05/june.html
• July ဇူလိုင် http://doctortintswe.blogspot.com/2015/06/july.html
• August သြဂုတ်လ http://doctortintswe.blogspot.com/2014/11/august.html
• September စက်တင်္ဘာလ http://doctortintswe.blogspot.com/2014/11/september.html
• October အောက်တိုဘာလ http://doctortintswe.blogspot.com/2014/11/october.html
• November နိုဝင်္ဘာလ http://doctortintswe.blogspot.com/2014/10/november.html
• December ဒီဇင်္ဘာလ http://doctortintswe.blogspot.com/2014/11/december.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး