ဂရုတစိုက်သတ်ပုံ နှင့် မြဂနိုင်ရုပ်ရှင်

ကနေ့ဘလော့လိုက်သူက ကရုတစိုက်လို့ ရေးတာကိုဖတ်ပြီး တယောက်က မေးပါတယ်။

ကရုတစိုက်လား ဂရုတစိုက်လားဗျ

ဂရုစိုက်၊ ဂရုတစိုက်၊ ကရုဏာ။

ကီလိုဂရမ်
ဂ ဂဏန်း ရေမှာဖမ်း
ဂဃနဏ = ဂဂဏန = ပါဠိ ဂဏနမှဆင်းသက်သည်ဆိုလို၏။
ဂဏန်းသင်္ချာ
ဂဏာနို့ဆွမ်း = ဂနာနို့ဆွမ်း
ဂတိငါးပါး
ဂနာမငြိမ်
ဂမုန်းပင်
ဂမူးရှူးထိုး
ဂယက်ရိုက်
ဂရင်ဂျီနာ (ဘရင်ဂျီနာ)
ဂရန်မြေ
ဂရမ်
ဂရုဘဏ် = အလေးပြုအပ်သောပစ္စည်း
ဂရုသံ
ဂရူစိုက် = အလေးဂရု
ဂဝံရုပ်
ဂဝံကျောက်
ဂဠုန်ငှက် = ဂလုဠ်ငှက်
ဂဇော်ရည်
ဂဟေဆက်
ဂနိုင် = တော = စုံခြေဂနိုင်
ဃရာဝါသ
စာဂတရား
တဂရွတ် (ဆယ့်နှစ်ဒါဇင်)
တဏှာရာဂ
ပရိဘောဂ
ဗျဂ္ဃ
မာဃသိကြား
မိဂဒါဝုန်
မြဂနိုင်
ရလိုင် = လှိုက်ဆူ
ရာဂ
လားရာဂတိ
ဝဲဂယက်
ဝဲသြဃ
သံဝေဂ
အဂတိလေးပါး
အဖိုးအနဂ္ဃ
ဆောင်းစရာဂဒူး

အဖြူအမည်း အသံတိတ်ရုပ်ရှင်ခေတ်က မြဂနိုင်ဇာတ်ကားရှိခဲ့တယ်။ ၁၉၃၄ ခုနှစ်မှာရိုက်တယ်။ ဒဂုန်မြတ်လေးနွယ်က ဇာတ်ညွှန်းရေးပြီး အေဝမ်းတင်မောင်က ဒါရိုက်တာ။ ချစ်ဆွေ၊ မြင့်မြင့်၊ ဖူး၊ စိုင်တမော့၊ မြိုင်ရာဇာဘိုးစော၊ ဒေါ်ဂျမ်းစိန်တို့ ပါဝင်သရုပ်ဆောင်ကြတယ်။ မြဂနိုင်ရုပ်ရှင်ကို ယူနက်စကိုအဖွဲ့က အာရှပစိဖိတ်ဒေသဆိုင်ရာ အမွေအနှစ်အဖြစ် ၂၀၁၈ မှာ သတ်မှတ်ခံရတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး