မခိုင်စိတ်ဝမ်း နေ့တိုင်းလွမ်းရှင့်

ကြာတော့ ပြောချင်လာတယ်။ မေးခွန်းအဆုံးမှာ ဖြေပေးပါနော်လို့ထည့်ရေးကြတယ်။ စကားပြောရာမှာလည်း ရှင်လို့ မသုံးကြတော့ပြီလား မပြောတတ်။ သက်တူရွယ်တူချင်းသာ နော်လို့ရေးရ ပြောရတယ်။ ပိုဆိုးလာတာက ဟိုင်းတဲ့။ ကျွန်တော့်ကို ဆရာဝန်လို့တော့ သိမယ်ထင်ပါတယ်။ အသက်အရွယ်ကြီးတာလည်း သိကောင်းသိပါမယ်။ နော် နဲ့ ဟိုင်းတာ မယဉ်ကျေးပါ။ ရှင် နဲ့ ရှင့် အသုံးက အင်မတန်ယဉ်ကျေးပြီး နားဝင်ချိုတယ်။ ဟိုရှေးကတည်းက ကဗျာလင်္ကာတွေမှာ သုံးခဲ့တယ်။

ရှင်
မြန်မာစာ ရှင်သန်ပါစေ
ရှင်ကစ္စည်း
ရှင်ခန်းသေခန်းဖြတ်
ရှင်ပင်ပေါင်းလည်း
ရှင်ဘုရင်
ရှင်မဟာသီလဝံသ
ရှင်ပြုနားသမင်္ဂလာ
ရှင်လိင်ပြန်
ရှင်သာမဏေဝတ်ပါ
အသက်ရှင်ပါစေ

ရှင့်
ရှင့်စကား
ရှင့်ယောက်ျာကျင့်ဝတ်း
နေ့တိုင်းလွမ်းရှင့်
ဟုတ်ကဲ့ရှင့်
ဆိုတုံ့၏ရှင့်
ပြု၏ရှင့်

လက်ဝဲသုန္ဒရရေးသားတဲ့ မဲဇာတောင်ခြေရတု
သဲသာသောင်မြေ၊ မြစ်ကမ်းခြေလည်း
အကြေတပြင်၊ တို့အောင်ခွင်ဝယ်
ရေရှင်ပတ်ဝန်း၊ ပျော်ဖွယ်ထွန်းလိမ့်
တကျွန်းလောက်ပင်၊ ဝေးမည်ထင်ခဲ့
စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း
ထစ်ထစ်ထွန်းဘိ၊ ချုံအတိနှင့်
တောကြီးဆိတ်ညံ၊ ဆီးကျံကျံဝယ်
ဓူဝံမပေါ်၊ မမြော်ပါရ
နေကိုတလည်း၊ ဘယ်ကရှေ့နောက်
ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်
ဖန်ဖန်အံ့ဩ၊ ကြံတိုင်းမောစွ
ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့
မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းရှင့်
ကင်းစမ်းတောင်က၊ လေဦးစ၍
နောက်မှလေရှည်၊ အတည်တည်သည်
လေပြည်လာက အေးသောကြောင့်။

ဒေါက်တာတင့်ဆွေ
၂၈-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး