Coronavirus Update မြန်မာပြည်က ကိုရိုနာဗိုင်းရပ်စ်သတင်း

ကနေ့ မြန်မာတိုင်းမ်စ် အင်္ဂလိပ်သတင်းအရ တောင်ကိုးရီးယား အမျိုးသမီးတယောက်နဲ့ ဆက်စပ်မှုရှိသူ ၂၂ ယောက်ကို မိမိတို့နေအိမ်မှာသာ နေထိုင်ကြဘို့ ကျန်းမာရေးဝန်ကြီးဌာနက တားမြစ်လိုက်တယ်လို့ ဆိုပါတယ်။

အဲဒီ အသက် ၃၄ နှစ်အရွယ်အမျိုးသမီးဟာ ဗီယက်နမ်၊ မလေးရှာနဲ့ မြန်မာနိုင်ငံတွေကို သွားခဲ့ပြီး ဆိုးလ်မြို့ကို ပြန်ရောက်တော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ သိရှိခဲ့သူဖြစ်ပါတယ်။

မနေ့က မြန်မာတိုင်းမ်စ် အင်္ဂလိပ်သတင်းအရ တရုပ်ပိုင် လက်ကီးစကိုင်း အိတ်လုပ်ငန်းစက်ရုံကို ရပ်နားလိုက်တယ်လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို စိုးရိမ်တာ။

မြန်မာပြည်မှာ အခုစာရေးတဲ့အချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တဦးတယောက်မျှ မရှိပါ။

မြန်မာအမျိုးသမီးဆရာဝန်တဦးအမည်နဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာကို အလွယ်တကူသိသာတဲ့နည်းဆိုတာ တင်ထားကြတယ်။ အဲတာ မဟုတ်လောက်လို့ ထင်ပါတယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၅-၂-၂၀၂၀
နေ့ ၂ နာရီ ၂၆ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး