နဲ့ နှင့် ဖြင့်

၁။ နဲ့ဆိုတာ နှင့်ကို ဆိုလိုတာလား ဖြင့်ကို ဆိုလိုတာလား။

၂။ ဆရာ နဲ့၊ နှင့်အကြောင်း တခါတလေ ရောသွားတယ်ဆရာ။ ဆရာ အားတဲ့အချိန်လေး ခွဲခြားရေးပေးစေချင်တယ်။

၃။ ဆရာ နဲ့ အသုံး နှင့် အသုံးလေးလည်း သိပါရစေရှင့်။

၎။ နဲ့ နှင့် တင်ပေးပါဆရာ။

၅။ မင်းနဲ့ငါ မင်းနှင့်ငါ ဘယ်ဟာအမှန်လဲဆရာ။

စကား နဲ့ စာ၊ စာ နှင့် စကား ဖြစ်ပါတယ်။

နှင့်
တုတ်နှင့် ရိုက်သည်
လှည်းနှင့် သွားသည်
သွားနှင့်ပြီ
သူမလာသည်နှင့် ပြန်သွားသည်
အပေါ်ထပ်နှင့် အောက်ထပ် ဇာတ်လမ်း
မောင်ဘနှင့် မောင်လှ
သွေးအုပ်စုနှင့် ကလေးအသားဝါခြင်း
လူနှင့် အလုပ်

နဲ့
နုန့်နဲ့သည်
သွားနဲ့သည်
သည်အဝတ်အစားနဲ့ လှသည်
လှုပ်တိုင်းနဲ့သည်
ထော့နဲ့ထော့နဲ့ သွားနေသည်
ချည့်နဲ့နဲ့သာ ကျန်တော့သည်
နှဲ့၍ နဲ့
နင့်နင့်သီးသီး
သူနဲ့သာဆိုရင်
နင်နဲ့ငါနဲ့
ခနဲ့
ချည်နဲ့
ချိနဲ့
စုန့်နဲ့ (ကနွဲ့ကရ)
တိုင်နဲ့နေသည်
လှုပ်တိုင်းနဲ့
သွားနဲ့နေသည်
တောင်ကန် မြောက်ကန်နဲ့
ထော့နဲ့ထော့နဲ့ သွားနေသည်
နုန့်နုန့်နဲ့နဲ့

တချို့က နက်ဆိုပြီး မှားရေးနေကြတာ မေးခွန်းမှာ မနည်းပါ
နက်
အနက်ရောင်
နက်ကျော
နက်ကြုတ်
နက်ချိပ်
အသားနက်သည်
နက်ဖြန်ခါ
နက်ရှိုင်း
နက်ဝှမ်း
နက်နဲခက်ခဲလှသည်
အဓိပ္ပါယ်အတိမ်အနက်
နက္ခတ်တာရာ

ဖြင့်
ငါ့မှာဖြင့်
တရားသဖြင့်
မတရားသဖြင့်
မျက်စိဖြင့်
ပြုမူသဖြင့်
လက်ဖြင့်
သူ့ကိုဖြင့်
သူ့မှာဖြင့်
ဟူသဖြင့် = ဟူ၍
အထူးသဖြင့်
အားဖြင့် = အားနှင့်
တွေ့လျှင်ဖြင့် လွမ်းအောင်ချွဲ
ခြေထောက်ဖြင့်
ပြောသဖြင့်

စာကို စကားပြောသလိုရေးနည်းမှာ နှင့် အစား နဲ့ လို့လည်းရေးကြတယ်။ မင်းနဲ့ငါ လက်ဖက်ရည်ဆိုင်သွားမယ်။ စကားပြောစာရေးနည်း၊ သီချင်း၊ ကဗျာ၊ ကာတွန်း၊ သံချပ်၊ ဆောင်ပုဒ် စတာတွေမှာ စကားပြောသတ်ပုံနဲ့ ရေးလေ့ရှိပါတယ်။

သူနဲ့သာဆိုရင် https://www.youtube.com/watch?v=5J4fNN17Hvw

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး