အင်္ဂလိပ်စာ

အင်္ဂလိပ်စာ အင်္ဂလိပ်စကား လုံးဝမပြောရဆိုတဲ့သတင်း ဟုတ် မဟုတ်တော့ မသိပါ။ တွေ့နေရတယ်။

ကျွန်တော်တို့ ဆယ်တန်းရောက်တော့ သိပ္ပံဘာသာတွဲကို အင်္ဂလိပ်လိုသင်နေတယ်။ နှစ်လလောက်နေတော့ အင်္ဂလိပ်လိုမသင်ရ အမိန့်လာတယ်။ အဲဒီနောက် ကျောင်းသားတွေ အင်္ဂလိပ်စာညံ့ညံ့လာတယ်။ ညံ့တဲ့သူတွေက ဆရာတွေဖြစ်လာကြတယ်။

မကြာသေးခင်မှာ အင်္ဂလိပ်စာ တခေတ်ဆန်းလာပါတယ်။

၂၀၁၂ သြဂုတ်လမှာ ပြည်ပရောက်နေသူတွေကို အမည်မည်းစာရင်းကနေ ပယ်ဖျက်တော့ ဘလက်လစ်လို့ အင်္ဂလိပ်လို ရေးတယ်။ သမ္မတရုံးဝဘ်ဆိုက်မှာ ရှိတယ်။

အခုခေတ်မှာ တရားဟောတာထဲမှာ အင်္ဂလိပ်စာလုံးမပါရင် ပရိသတ်က သိပ်အထင်မကြီးချင်ကြ။

ရုံးစာတွေမှာ အင်္ဂလိပ်စာလုံးတွေ ပါလာပြီ။ အခုအစိုးရလက်ထက် အင်္ဂလိပ်စာလုံးသုံးတာတွေ ပိုများလာတယ်။ ဖတ်တဲ့သူတွေကလည်း အဲလိုရေးမှ နားလည်ကြပုံရတယ်။

ပြည်ခိုင်ဖြိုးအုပ်စုလို့ ပြောင်းမလား။ အင်နယ်လ်ဒီလည်း ဂွကျပြီ။

ပိုညံ့တဲ့သူက ပါတီဥက္ကဋ္ဌ ဖြစ်လာတယ်။

ဆရာဝန်တွေ ဘယ်လိုလုပ်ကြမလဲ။ ကင်ဆာကို ဘယ်လိုရေးမလဲ ။ တီဘီ၊ အိတ်ခ်ျအိုင်ဗွီ ဂွကျပြီ။

ကျွန်တော့်စာမှာ ဘိုစာလုံး မသုံးပါ။ နောက်လာမဲ့ ဆင်ဆာအဖွဲ့ကို ကြောက်လို့။

သတင်းအတုဆိုရင် ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၈-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး