ကိုကိုးကျွန်း နှင့် မြန်မာစာ
မြသန်းတင့်ရဲ့ နိုင်ငံရေးဘဝ သို့မဟုတ် ကိုကိုးကျွန်း နှစ်ခါရောက်တဲ့ စာရေးဆရာဆောင်းပါးကို ဘိုဘိုလန်းစင်က ရေးထားတယ်။ ဘီဘီစီမှာ သတ်ပုံမှန်တယ်။
စစ်အာဏာရှင်နှင့် ကိုကိုးကျွန်းအကျဉ်းထောင်ဆောင်းပါးကို ဧရာဝတီမှာ ထက်မြက်က ရေးထားတယ်။ သတ်ပုံမှန်တယ်။
ဗိုလ်နေဝင်းလက်ထက်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေကို ကိုကိုးကျွန်းပို့ပြီး ညှဉ်းပန်းနှိပ်စက်တယ်။ တသက်တကျွန်း ချတယ်လို့ ခေါ်တယ်။ ၁၉၅၈ ခုနှစ်က အိမ်စောင့်အစိုးရကနေ လက်ဝဲ နိုင်ငံရေးသမားတွေကို ကိုကိုးကျွန်း အကျဉ်းထောင်ကို ပဌမဆုံး ပို့တယ်။ ၁၉၆၉ ခုနှစ်မှာလည်း အာဏာသိမ်းစစ်ကောင်စီက ဒုတိယအကြိမ် ပို့ပါတယ်။ အစာငတ်ခံ တိုက်ပွဲတွေဖြစ်တယ်။ နိုင်ငံရေးအကျဉ်းသား သေဆုံးမှုတွေရှိတယ်။
ကျွန်တော်က ကိုကိုးကျွန်းအကြောင်း စာတွေ့တောင်မှာ အတော်နည်းပါတယ်။ တကျွန်းကျခံခဲ့ရသူ တယောက်က တစ်သက်တစ်ကျွန်းတဲ့။ မြန်မာစာပါ တသက်တကျွန်းပို့ထားရပြီဆိုတာ သက်သေခံတခု ဖြစ်လာပါတော့တယ်။
မြန်မာစာ တကျွန်းပေါ်ကနေ ပြန်လာနိုင်ပါစေသတည်း။
ဒေါက်တာတင့်ဆွေ
၁၈-၂-၂၀၂၀

Comments
Post a Comment