Coronavirus ရမ်းပြောတာတွေ ၁၀၀% နီးပါး မှားတယ်

ကွန်မင့်တခု လာပြန်တယ်။ ကြက်သွန်နီ၊ အရက်၊ အပူချိန်၊ အဲယားကွန်း၊ ရေသောက်၊ ဂျင်း၊ ရဲယိုရွက်၊  စတာတွေ နောက်မှာ လာတာ။ လာဦးမယ်။

ကျန်ခဲ့တဲ့မိုးတွင်းက မြန်မာပြည်မှာ ဆင်တုတ်ကွေး လူတိုင်းနီးပါးလောက် ဖြစ်ကြတယ် အဲ့ဒါလည်း Virus ပဲပေါ့နော့ ဒါကြောင့် ကိုယ့်ဆီကလူတွေ နီးလျက်နဲ့ မဖြစ်တာ ရောဂါခံနိုင်ရည် ရှိသွားလားမသိဘူးခမျာ

အဲလို ရမ်းပြောတာတွေကို မဖြေလိုပါ။ အထင်နဲ့ ရမ်းပြောတာတွေ ၁၀၀% နီးပါး မှားတယ်။

Chikungunya ချီကန်ဂွန်ညာ ခေါ် ဆင်ဖြူတော်တုပ်ကွေးက တမျိုး။

တရုပ်ပြည်မှာ SARS ခေါ် ဆားစ်ကူးစက်ရောဂါ ၂၀၀၂ ကနေ ၂၀၀၄ အထိဖြစ်ခဲ့တယ်။ အဲတာကလည်း ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားပဲ။ လူကြီးမင်း ရမ်းတွေးသလိုသာဆို အခု Covid-19 ခေါ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ တရုပ်ပြည်မှာ မဖြစ်ရတော့ဘူးလား။

ကမ္ဘာပေါ်မှာ ကနေ့ထိ သိထားတဲ့ ဗိုင်းရပ်အမျိုးအစားပေါင်း ၅၀၀၀ လောက်ရှိပြီ။ ၂၀၁၅ ခုနှစ် စက်တင်္ဘာမှာ NCBI Virus genome database စာရင်းအရ ဗိုင်းရပ်စ် ဂျီနွမ်းပေါင်း ၇၅၀၀၀ ကို သိရှိထားပြီဖြစ်တယ်။ တကယ်တန်း ဗိုင်းရပ်စ် အမျိုးအစား သန်းဂဏန်းအထိရှိမယ်လို့ ခန့်မှန်းထားတယ်။

ရမ်းပြောတာတွေ ၁၀၀% နီးပါး မှားတယ်။ လာဦးမယ်။

ဒေါက်တာတင့်ဆွေ
၂၉-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး