နှမ်းဖတ်ချဉ်ဋီကာ

နှမ်းဖတ်ချဉ်စာရေးတော့ နှမ်းဖတ်နဲ့ ပဲဖတ်ကို ခွဲခြားပြောကြတယ်။ အရင်တင်စဉ်ကလည်း အဲလိုကွန်မင့်တွေလာပါတယ်။ အရောင်မတူတာကို ထောက်ပြကြတယ်။

ဆီးကြိတ်တာတွေက အမျိုးမျိုးရှိတာ မှန်တယ်။ အရင်ကတော့ နှမ်းနဲ့ မြေပဲဆံကိုသာ သုံးကြတယ်။ နှမ်းမှာ နှမ်းလျှင်နဲ့ နှမ်းကြီးလို့ အရင်ပေါ်နောက်ပေါ်။ နောက်တော့ နှမ်းနက်၊ ပန်းနှမ်းနဲ့ နေကြာသုံးကြတယ်။

ဒီတိုင်းပြည်မှာ ဆီထွက်အောင်လုပ်တာတွေက ပိုများတယ်။ သံလွင်ဆီ၊ မြေပဲဆီ၊ နေကြာဆီ၊ အုန်းဆီ၊ စားအုန်းဆီ၊ ဝါစေ့ဆီ၊ နှမ်းဆီ၊ စပျစ်စေ့ဆီ၊ ပဲပုပ်ဆီ၊ မက်မွန်စေ့ဆီ၊ သစ်ကြားသီးဆီ၊ ကင်နိုလာဆီ၊ ပြောင်းဆီ၊ ကြက်ဆူဆီ၊ ထောဖတ်၊ ဝက်ဆီ စသည်။

ဆီဖြစ်အောင်ကျိတ်တာတိုင်းမှာ အဖတ်ထွက်တယ်။ အဲတာကို နှမ်းဖတ်ချဉ်လို လုပ်နိုင်မယ်ထင်ပါတယ်။ အခေါ်ကတော့ ဘာကိုလုပ်လုပ် နှမ်းဖတ်ချဉ်လို့ ရောခေါ်ကြတာများတယ်။ ကျွန်တော်က အများကြီး မသိပါ။ စားတာသာ တတ်တယ်။

စကားအရာမှာ ဓါတ်သိနှမ်းဖတ်ချဉ်လို့လည်း ရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၀-၂-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး