ရိုးပြတ်မြေမှ ပလွေသံ

မင်းသုဝဏ်က မောင်ယဉ်နွယ်ရေးတဲ့ ရိုးပြတ်မြေမှ ပလွေသံကဗျာစာအုပ်မှာ အမှာလွှာရေးပါတယ်။

တညနေ၊ မိတ်ဆွေတဦး၊ တပိုင်းတစ။

ဆရာမင်းသုဝဏ်ထက်တော်သူတွေကတော့

အသက်တရာ ရှည်ပါစေသတည်း

မင်းသုဝဏ်ရဲ့ ပျဉ်းမငုတ်တို

အမြဲမကွာ သက်တရာပင်
မနာမဖျား၊ စုံသာပြားဝယ်
တရားကိုသိုလ်၊ ရွှင်လေလိုလျက်
မဂ်ဖိုလ်တဆို၊ စိမ်းညိုညိုကို
နှစ်လိုစဖွယ်၊ တိမ်ညိုသွယ်နှင့်
လယ်ယှက်ရန်၊ ကန်လည်းအင်းတူး
နတ်လူကိုးရာ၊ ရွှေညောင်သာ၌
ရတနာထွန်းတင်၊ ဓာတ်မွေရှင်ပေါင်း
ကိန်းအောင်းအညီ၊ ကောသမ္ဘီဟု
တိမ်ဆီမိုးလွန်၊ ကျောင်းရွှေကန်ဝယ်
သုံးတန်ရွယ်ရှည်၊ တပည့်တသင်း
သူငယ်ချင်းနှင့်၊ သီတင်းသုံးဖော်
အောက်မေ့သော်လည်း၊ မပျော်တို့နိုင်
သို့ခါတိုင်၍၊ မှည့်ခိုင်သီးရင့်
ပန်းတိုင်းပွင့်လျက်၊ ရိုက်ဆင့်သံလေး
မိုးစည်ကြွေးမူ၊ ငှက်ကျေးရွှင်မြူး
တောင်လေဖြူးသော်၊ ပျံ့ပျူးစမ္ပာယ်
ပြိုင်မဆွယ်သည်
တသွယ်ထူး၍ သာဘိသည်။

သက်တစ်ရာပင် မဟုတ်၊ မဂ်ဖိုလ်တစ်ဆို မဟုတ်၊ တစ်ပည့်တစ်သင်း မဟုတ်၊ တစ်သွယ်ထူး၍ မဟုတ်။

မြန်မာစာ အမြဲမကွာ သက်တရာ ရှည်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၇-၂-၂ဝ၁၉

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်