Saturday, February 22, 2020

Chronic Dermatitis နာတာရှည် အရေပြားအနာစာများ

၁။ မင်္ဂလာပါဆရာရှင့် နာတာရှည် ဝဲနှင်းခူအကြောင်းသိချင်ပါတယ်။ နေထိုင်ပုံ၊ စားသောက်ပုံလေးတွေ ရှောင်ရမှာတွေပါတဲ့ link ရှိရင် ချပေးစေချင်ပါတယ်။ ကျွန်မသိတဲ့သူက မိန်းကလေးပါ။ ကျန်းမာရေးကောင်းပါတယ်။ အသက် ၂၆ပါ။ သူ့မှာ နှင်းခူခြောက်လို့ပြောတဲ့ အနာလေးတွေ ခြေထောက်မှာ ပေါ်လိုက်ပျောက်လိုက်နဲ့ ဆေးစုံနေပါပြီ။ ၁၀ နှစ်လောက်ရှိနေပြီလို့ သိရပါတယ်။ ကျွန်မ ကျန်းမာရေး ဝန်ထမ်းဖြစ်တာ ၂နှစ်တောင်မပြည့်သေးပါဘူး။ သူ့ကိုပျောက်စေချင်ပါတယ်။ သူကဆေးခန်းတွေလဲ ပြဖူးတဲ့သူဆိုတော့ ကျွန်မကို ဆရာမတို့ဆေးတွေက ခဏပါပဲတဲ့။

အရေပြားမှာ ပျောက်နိုင်ခဲတဲ့အနာဆိုရင် နှင်းခူကိုသံသယရှိရတယ်။ ဝဲ ခေါ် ယားနာနဲ့ မတူ။ ရင်းဝမ်း ခေါ် ပွေးနဲ့မတူ။ အလာဂျီ ခေါ် မတည့်တာနဲ့ မတူပါ။ နှင်းခူဆိုရာမှာလည်း အမျိုးအစားခွဲတွေရှိသေးတယ်။

၂။ ဆရာရှင့် Dermatitis herpetiformis ဆိုတာ နှင်းခူးပဲလားဆရာ ကျမအနာကို ဆရာဝန်က Dermatitis ပဲ ရေးရေပေးထားတယ်။ Dermatitis herpetiformis နဲ့ Dermatitis နဲ့က အတူတူပဲလား ဆရာရှင့်။ Dermatitis က Autoimmune ထဲပါလားရှင့်။ ပါတယ်ဆိုရင် နောက်ဆက်တွဲ ဘာရောရာတွေဖြစ်နိုင်သလဲရှင့်။ အိမ်ထောင်ပြုပြီး သားသမီးရော မွေးလို့ရပါသလားရှင့်။ Dermatitis ရောဂါက အန္တရာယ်ကြီးသလား ရှင့်။ ကျေးဇူးပြုပြီး ဖြေကြားပေးပါ ဆရာရှင့်။ ကျေးဇူးတင်ပါတယ် ဆရာ

အသက် မသိ။ အန္တရာယ်စာလုံး ပြင်လိုက်တယ်။ အိမ်ထောင်မပြုရလို့ မရှိ။

၃။ မင်္ဂလာပါဆရာ သားလေးလက်မောင်းက အနာလုံးဝကျက်သွားပါပြီ ဆရာပြောတဲ့ cortisone ပါတဲ့ဆေးလဲ သေချာ လိမ်းပေးလိုက်တာပါ အဲ့အတွက် ဆရာ့ကို ကျေးဇူးအထူးတင်လို့ ဆရာ့ကျေးဇူးဘယ်တော့မှ မမေ့ပါ Eczema ကတော့ ဖြစ်နေတုန်းပါ ဆရာ ပျောက်လိုက်ပေါ်လိုက်ပါ ဆရာ အဲ့အတွက် ကုထုံးလေးများလဲ ဆရာ လမ်းညွှန်ပေးပါဦးလို့ လေးစားစွာ ပြောပါရစေ ဆရာ

ကျေးဇူးတင်ပါတယ် ဆရာ Link တွေကို ဝင်ပြီး စာတွေက ဖတ်လို့မရဘူး ဆရာ

လင့်အသစ်တွေနဲ့ အစားထိုးလိုက်တယ်။

1. Allergy to Eczema မတည့်တာနဲ့ နှင်းခူနာ https://doctortintswe.blogspot.com/2015/03/allergy-to-eczema.html
2. Atopic dermatitis နှင်းခူနာ https://doctortintswe.blogspot.com/2017/09/atopic-dermatitis.html
3. Betnovate (ဘက်နိုဗိတ်) လိမ်းဆေးများ https://doctortintswe.blogspot.com/2015/11/betnovate.html
4. Clobetamil G cream ကော်တီဇုန်းလိမ်းဆေး အသားဖြူဆေးမဟုတ် https://doctortintswe.blogspot.com/2018/04/clobetamil-g-cream.html
5. Clobetasol cream ကလိုဘက်တာဆိုလ် လိမ်းဆေး https://doctortintswe.blogspot.com/2016/04/clobetasol-cream.html
6. Dermatitis ပျောက်နိုင်ခဲတဲ့ အရေပြားအနာ https://doctortintswe.blogspot.com/2014/12/eczema.html
7. Psoriasis အရေပြားနာတမျိုး https://doctortintswe.blogspot.com/2014/12/psoriasis.html
8. Skin Allergies and Contact Dermatitis အရပ်ဆေး ဘေးအန္တရာယ် https://doctortintswe.blogspot.com/2019/01/skin-allergies-and-contact-dermatitis.html
9. Skin Problems အရေပြားမှာ အဖြစ်များတာတွေ https://doctortintswe.blogspot.com/2014/11/skin-problems.html
10. Topical steroids စတီရွိုက်လိမ်းဆေးများ https://doctortintswe.blogspot.com/2017/06/topical-steroids.html
11. Vesicular Eczema နှင်းကူနာတမျိုး https://doctortintswe.blogspot.com/2015/05/vesicular-eczema.html

ဒေါက်တာတင့်ဆွေ
၂၂-၂-၂၀၂၀

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Djenkol bean တညင်းသီးကျန်းမာရေး

၁။ တညင်းသီးက ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေတယ်ဆိုတာ ဟုတ်ပါသလား ဆရာ ၂။ ဆရာကခင်ဗျာ၊ တညင်းသီးက လူခန္ဓာကိုယ်အတွက် အကျိုးပြုပါသလားခင်ဗျာ ကျန...