Monday, September 30, 2019

တပည့်မရှား တပြားမရှိ

ပို့စ်တခု တွေ့တယ်။ တပည့်လည်းမရှား၊ တစ်ပြားမကလည်းရှိသည့်ဆရာ တဲ့။

ကွန်မင့်ရေးလိုက်တယ်။ ဒီအသုံးစကား ပေါ်စက တပည့်မရှား တပြားမရှိ။ ပေါ်လစီသတ်ပုံအတိုင်းသာ ရေးလိုရင် တစ်ပည့်မရှား တစ်ပြားမရှိ။ ကွန်မင့်ရေးပြီးမှ တူမတယောက်မှန်းသိတယ်။

ဇန္နဝါရီလ (၁၆) ရက်နေ့ဟာ မြန်မာနိုင်ငံဆရာများနေ့လို့ ဝီကီပီးယားမှာ ရေးသွင်းထားပါတယ်။ ဟုတ် မဟုတ် မသိပါ။ ကျွန်တော်သိတာက နေ့တိုင်းမှာ အာစရိယကျေးဇူးရှိတယ်။ ဆရာများနေ့ကို ရက်အမျိုးမျိုးမှာကျင်းပကြတယ်။ အောက်တိုဘာ ၅ ရက်မှာ နိုင်ငံ (၂ဝ) မှာ ကျင်းပတယ်။ ဖေဖေါ်ဝါရီ ၂၈ ရက်မှာ (၁၁) နိုင်ငံမှာကျင်းပတယ်။ တခြားနိုင်ငံတွေက ရက်တမျိုးစီမှာ ကျင်းပကြတယ်။

ဆရာ
ကျွန်တော်သင်ထားတဲ့ အသိပညာ၊ နှမ်းစေ့ပမာ။ ကျွန်တော်တတ်တဲ့ ဆေးပညာ၊ သလေးစပါးလောက်သာ၊ ကျွန်တော် လုပ်နိုင်တဲ့ နိုင်ငံရေး၊ ရွေးစေ့ထက်တောင် သေးပါတယ်ဆရာ။ ဒါပေမဲ့ဆရာ ဆန်စေ့ကို ထမင်းချက်၊ ဆီထွက်အောင် နှမ်းကိုကြိတ်၊ ကိုယ့်ဝိတ်ကို ရွေးစေ့နဲ့ချိန်ကြည့်၊ အတိအကျ ရတဲ့အဖြေဟာ ကျွန်တော်ပါဆရာ။ ဘာဖြစ်နေနေ ကျွန်တော် တွေးတာ ရေးတာဟာ ဆန်ကုန်မြေလေး မဖြစ်ရေးပါဆရာ။

ဆရာရေးခိုင်းတဲ့ တယောက်အားနဲ့ယူသော်မရ စာစီစာကုံး ခေါင်းစဉ်မှာ စသတ်မပါ။ နားထောင်ဖူးတဲ့ တယောက် တလက် တအား သီချင်းစာသားမှာ စသတ်မပါ။ ကျွန်တော်ရေးတဲ့မြန်မာစာ မလိုတဲ့တတွေမှာ စသတ်မပါ။

သူများတွေဆီမှာ ခက်တာတွေကို လွယ်တာပြောင်းလာ၊ ကျွန်တော်တို့မှာ အရာရာ အပိုအဆာတွေတိုးတိုးလာ။ ကျွန်တော် တယောက်အားနဲ့သာ ယူနေမိသလားဆရာ။

ဒေါက်တာတင့်ဆွေ
၃၀-၉-၂၀၁၉

ပင်စည်ခက်မ

မနေ့က အပင်သန့်ရှင်းရေး လုပ်ကြတယ်။ ကိုယ်တိုင်တော့ မလုပ်နိုင်။

အထက်ရှုပ် အောက်ခြေရှင်း
မြေတလင်း ခြေဆင်းထိုင်မလား
ခုံကလေးချ စာဖတ်ရမလား
အသားကွပ်ပျစ် လုပ်တာကောင်းမလား
ဝါးကတော့မရှိ စားရတဲ့မျှစ်သာရှိတယ်။

ဒေါက်တာတင့်ဆွေ
၃၀-၉-၂၀၁၉

ဝင်းဦးသီချင်းများ



ချစ်သော သူတယောက်
ကမ္ဘာထဲတလယ်လယ်
ဆောင်းတညဝယ်
တပွင့်ထဲ
တပွင့်ပန်း
မုန်းတလှဲ့ ပြုံးတလှဲ့

ဒေါက်တာတင့်ဆွေ
၃၀-၉-၂၀၁၉

ဖြစ် ဖြင့် ဖစ်



၁။ ဆရာ အမှန်က ဖြစ် ဆိုတာပဲကျွန်တော်သိတယ် ဖစ် နဲ့ ဖြစ် ဖြစ် ကအမှန် လားဆရာ

၂။ ဆရာ ဖြင့် / ဖြစ် အသုံး ရှင်းပြပေးပါ။

၃။ ဖြစ် နှင့် ဖြင့် ရဲ့ကွဲပြားမှုလေး၊ သုံးပြုပုံလေးကို သိချင်ပါတယ်ခင်ဗျား။ စသည်ဖြစ် စသည်ဖြင့်

ဖြင့်နဲ့ ဖြစ်က အတော်ကိုကွာခြားတယ်။

ဖြစ်
ခဏဖြစ်ဖြစ်
တယောက်ဖြစ်ဖြစ်
ဘာပဲဖြစ်ဖြစ်
မသွားဖြစ်
ဖြစ်ကတတ်ဆန်း
ဖြစ်ခဲ
ဖြစ်စဉ်
ဖြစ်စဉ်ပြန်တမ်း
ဖြစ်ဆန်းကာ
ဖြစ်ထကျင်သ = ဖြစ်ထကျင်သော
ဖြစ်ထွန်း
ဖြစ်ပုံ ပျက်ပုံ
ဖြစ်မှ ဖြစ်ရပလေ
ဖြစ်မှ ဖြစ်ရသေး
ဖြစ်မြဲ
ဖြစ်ရိုးဖြစ်စဉ်
ဖြစ်လွယ်
ဖြစ်လျှင်ကောင့် = ဖြစ်လျှင်မူကား
ဖြစ်ထွေ
ဖြစ်ကြောင်းကုန်စင်
သွားလာဖြစ်အောင်
အဖြစ်အပျက်
နေထိုင်မဖြစ်
ရှေ့ဖြစ် နောက်ဖြစ်

ဖြင့်
ငါ့မှာဖြင့်
စကားဖြင့်
စာအားဖြင့်
တုံးသောလက်နက်ဖြင့်
မျက်စိဖြင့်
ပြူမူသဖြင့်
ဖြင့်ဖြူး
ဖြင့်ပြော
လက်ဖြင့်
လျှာဖြင့်
သူ့ကိုဖြင့်
သူ့မှာဖြင့်
ဟုသဖြင့်
အထူးသဖြင့်
အားဖြင့်
တွေ့လျှင်ဖြင့်
မေတ္တာဖြင့်
ခြေထောက်ဖြင့်
ပြောသဖြင့်
သေနတ်ဖြင့်
နှုတ်အားဖြင့်

ဖစ်
ဖစ်လမ်း
ဖစ်သခင်
ဖစ်ရှားလမ်း
ဝါဖစ်လေး
ဦးဖစ်

ဒေါက်တာတင့်ဆွေ

1st October in History အောက်တိုဘာလ (၁) ရက်နေ့

331 BC Alexander the Great အလက်ဇန္ဒားက Darius III of Persia ပါရှားကိုတိုက်ယူ။
1829 South African College တောင်အာဖရိက ကောလိပ်ဖွင့်။
1867 Karl Marx ကားလ်မတ်စ်က Das Kapital အရင်းကျမ်းထုတ်။
1908 Henry Ford ဖိုဒ်ကားကုမ္ပဏီက Model T car ကားစတင်ထုတ်။ $825 ပေးရ။
1918 ပဌမကမ္ဘာစစ်အတွင်း Lawrence of Arabia က ဒမတ်စ်ကပ်ကိုတိုက်ယူ။
1936 Generalissimo Francisco Franco ဗိုလ်ချုပ်ကြီးဖရန်ကိုက Spain စပိန်နိုင်ငံထူထောင်။
1949 Mao Zedong မော်စီတုန်းက People's Republic of China တရုပ်ပြည်သူ့သမတနိုင်ငံထူထောင်။
1949 Formosa ဖေါ်မိုဆာကျွန်းမှာ Republic of China (Taiwan) တိုင်ဝမ်နိုင်ငံထူထောင်။

ဒေါက်တာတင့်ဆွေ

RDN System သွေးတိုးကုသနည်းသစ်

ကျွန်တော်နေထိုင်တဲ့ အင်ဒီယာနာမြို့က ဆေးသုတေသနသစ်ဖြစ်ပါတယ်။ တွေးတိုးကို နည်းတမျိုးနဲ့ကုတယ်။ Paradise® Renal Denervation (RDN) System စနစ်လို့ခေါ်တယ်။

သွေးတိုးလူနာရဲ့ ကျောက်ကပ်သွား သွေးလွှတ်ကြောရဲ့ overactive renal nerves အလုပ်ပိုလုပ်နေတဲ့ အာရုံကြောလေးတွေကို ပိတ်ပေးနည်းလို့ ဆိုနိုင်ပါတယ်။ တကြိမ်တည်းသာ လုပ်ဘို့လိုပါသတဲ့။

အဲဒီသွေးလွှတ်ကြောထဲကို ဘူဘောင်းပုံအဖျားရှိတဲ့ ကသီတာ ခေါ် ပိုက်ကလေးထည့်တယ်။ Ultrasound energy အာထွာဆောင်းအင်နာဂျီလှိုင်းလွှတ်ပေးတယ်။ ခဏသာကြာတယ်။

အဲလိုကုသပေးထားတဲ့လူနာတွေကို နောက် ၂ လနေပြန်စစ်ဆေးတော့ လူနာ ၄ ယောက်မှာ ၁ ယောက်လောက်ဟာ သွေးကျဆေး မလိုတော့တာ တွေ့ရတယ်။ 10 mm Hg ကျသွားကြတယ်။

https://highbptrial.com/?fbclid=IwAR13-bFooKo_GoXRoMhbvdidAg6Xw70wWk5u8HSY2NhS5SP1EmglXTKVhCE

ဒေါက်တာတင့်ဆွေ
၃၀-၉-၂၀၁၉

နားမကြားလည်း ကလို့ရပါတယ်

မင်္ဂလာပါဆရာရှင် ကျွန်မစကားအမှားပါရင် ခွင့်လွတ်ပေးပါဆရာ ကျွန်မနားက နားပြည်ယိုလိုက် သွေးထွက်လိုက် ဖြစ်ပါတယ် ဆရာဝန်နဲ့ပြတော့ နားစည်ပေါက်တယ် ပြောပါတယ်ဆရာ ကျွန်မအခုနားက အသံတိုးရင် ဘာမှ မကြားရဘူးဆရာ အဲဒါကျွန်မ ဘယ်မှာဆေးကုပြကမလဲဆရာ ဆရာရဲ့ ဆေးခန်းနဲ့ ထိုင်တဲ့အချိန်နဲ့ ဆေးခန်းကို ပြောပြပေးပါလားဆရာ ကျေးဇူးတင်ပါတယ်ဆရာ

မေးနည်းစည်းကမ်း ပို့လိုက်တယ်။

ဆရာရှင့် ကျွန်မ မသိလိုပါရှင် တောင်းပန်ပါတယ်ရှင် ဆရာကျွန်မအသက် ၄၃ နှစ်ပါ နားဖြစ်တာ အပျိုထဲက ဖြစ်နေတာပါဆရာ ကြာလဲကြာနေပြီဆရာ အိမ်ထောင်ရှိပါတယ် ကလေးတယောက်ရှိပါတယ်ဆရာ အခုကျွန်မနားက အသံတိုးရင် မကြားကပါဘူးဆရာ ကျွန်မနားကို ဘယ်လိုလုပ်ကမှန်းမသိလို့ ဆရာရှိရိုသေစွာမေးကြည့်တာပါဆရာ ဆေးခန်းတွေပြတော့ နားစည်ပေါက်နေတယ် ပြောတယ်ဆရာ ကျွန်မနားက နှစ်ဖက်လုံး သိပ်မကြားရဘူးဆရာ ကျွန်မကို ဘယ်လိုလုပ်ကမလဲ ပြောပြပေးပါဆရာ ကျေးဇူးတင်ပါတယ်ရှင်

Perforated eardrum နားစည်ပေါက်ခြင်း https://doctortintswe.blogspot.com/2017/04/perforated-eardrum.html

နားစည်ပေါက်ခြင်းလင့် ပို့ထားပြီး။

ဘယ်လိုလုပ်ကမှန်းမသိလို့ရေးခြင်းဟာ နားကောင်းကောင်းမကြာရလို့ စင်ပေါ်တက် ကလို့မရသလား စဉ်းစားရတယ်။ ဘယ်လိုလုပ်ရမှန်း မသိလို့သာ ရေးရတယ်။ ရေးတာက မကြားကပါဘူး၊ ဘယ်လိုလုပ်ကမှန်းမသိ၊ နေရာဖြစ်လို့ က နဲ့ ရ မှားရိုက်တာမဟုတ်လောက်။ က နဲ့ ရ အသုံးကို နားမလည်တာသာ ဖြစ်မယ်ထင်တယ်။ အဲလိုမှားရေးတာတွေ မကြာမကြာ လာတယ်။

ကနေကြသော ဆရာမများသို့ https://doctortintswe.blogspot.com/2019/05/blog-post_680.html

ကနေကြသော အိမ်ထောင်သည် ကလေးအမေနှင့် ဆရာမများသို့ https://doctortintswe.blogspot.com/2019/09/blog-post_52.html

ဒေါက်တာတင့်ဆွေ
၃၀-၉-၂၀၁၉

အလွန်ကသော မြန်မာစာ

၁။ တကယ်တော့ ဒေသတခု လူတဦးတယောက်ရဲ့ ထွင်ထားတဲ့စကားလုံးဖြစ်နိုင်ပါတယ်ဆရာ ရုပ်ရှင်မင်းသာ့း့ ပြောသလို လုပ်ကမယ် သွားကမယ် ကူညီကမှာပေါ့ အတုယူမှားတာသာဖြစ်နိုင်ပါတယ်ဆရာ

၂။ ဒေသ မတူတော့ စကားသံ မတူတာဖြစ်မှာပါဆရာ။ အသံအတိုင်းပဲ ရေးဖြစ်လို့ဖြစ်မယ်။ ကျွန်တော်လဲ အညာသားပါ က ကို စကားပြောတဲ့အခါ က သံ ထွက်ပါတယ်။ ရ သံ မထွက်ဖြစ်ပါ။ ဘာလုပ်ရမလဲ လို့ အသံမထွက်ပဲ။
ဘာလုပ်ကမလဲ လို့ အသံထွက်ဖြစ်ပါသည်။ ကျေးဇူးပါ။

စာရေးသူက အသံဖိုင်ပို့တာ မဟုတ်ပါ။ စာနဲ့ရေး မေးတာ။

၃။ သို့သော်လဲ က ကို နှုတ်ဆွဲနေသည့်အခါ စာရေးသော အချိန် က ကို သုံးမိခြင်းထင်ပါတယ် ဆရာ။

အရင်က အဲလိုရေးတာတွေရှိတယ်။

၁။ ယားလို့ပွတ်လိုက်မိတာ အခုစပ်ဖျင်းဖျင်းနဲ့ခံစားနေကလို့ ကြာပြီ ဘာဆေးလုပ်ကမလဲ အသက်က ၂၄ပါ အိမ်ထောင်သည်ပါ

၂။ ရကောက်နေရာမှာ ကကြီးထည့်သုံးကြတယ်ဆရာ။ ကျောင်းကဆရာမများ ကိုယ်တိုင်က သုံးနေကြတာပါ။ ဥပမာ အိမ်စာတွေ မလုပ်ကသေးရင် မနက်ဖြန်အပြီးလုပ်ထားနော် ဆိုတာမျိုးပါဆရာ။

၃။ သင်္ကြန်မတိုင်ခင် ကလေး အမေတယောက်က ကလေးနေမကောင်းလို့ မေးတယ်။ သင်္ကြန်လည်း နီးပြီဆရာ ဘယ်လိုလုပ်ကမလဲတဲ့။ ကလေးချီထားပြီးကပါလို့ ဖြေလိုက်ချင်မိတယ်။ သားချော့တီးလုံးဆိုတာရှိတယ်။

မြန်မာသဒ္ဒါမှာ နာမ်ဝိဘတ်နဲ့ ကြိယာဝိဘတ်ရှိတယ်။

နာမ်ဝိဘတ် ၁၇ မျိုးရှိတယ်။
• သည်၊ က၊ မှာ = ကတ္တားဝိဘတ်
• ကို = ကံဝိဘတ်
• မှ၊ က = ထွက်ခွါရာပြဝိဘတ်
• သို့ = ရှေ့ရှုရာပြဝိဘတ်
• သို့၊ ထိ၊ အထိ၊ ထိအောင်၊ တိုင်အောင် = ဆိုက်ရောက်ရာပြဝိဘတ်
• ဖြင့်၊ နှင့် = အသုံးခံပြဝိဘတ်
• ကြောင့်၊ ဖြင့် = အကြောင်းပြဝိဘတ်
• အား = လက်ခံပြဝိဘတ်
• ၌၊ မှာ၊ တွင်၊ ဝယ်၊ က = အချိန်ပြဝိဘတ် + နေရာပြဝိဘတ်
• ၏ = ပိုင်ဆိုင်ခြင်းပြဝိဘတ်
• အလိုက်၊ အရ၊ အတိုင်း၊ အလျောက်၊ အားလျော်စွာ၊ နှင့်အညီ၊ နှင့်အမျှ = လိုက်လျောပြဝိဘတ်
• နှင့်၊ နှင့်တကွ၊ နှင့်အတူ = ယှဉ်တွဲပြဝိဘတ်
• တွင်၊ အနက်၊ အထဲမှ၊ အထဲမှာ = ခွဲထုတ်ရာပြဝိဘတ်
• ငှာ၊ အလို့ငှာ၊ ဖို့၊ အဖို့၊ အတွက် = ရည်စူးချက်ပြဝိဘတ်
• တိုင်တိုင်၊ တိုင်အောင် = နေရာဆက်ပြဝိဘတ်
• တိုင်တိုင်၊ တိုင်အောင်၊ ပတ်လုံး၊ လုံးလုံး = အချိန်ဆက်ပြဝိဘတ်

က = ကတ္တားဝိဘတ် + ထွက်ခွါရာပြဝိဘတ် + အချိန်ပြဝိဘတ် + နေရာပြဝိဘတ်
မှ =  ထွက်ခွါရာပြဝိဘတ်

သပြေကုန်းရွာက ကြိုဆိုပါ၏ကသာ သဒ္ဒါအရမှန်ပါတယ်။ မှားလေ့ရှိတာဟာ က ကို စကားအသုံးလို့သာ ထင်မှတ်လို့ ဖြစ်ပါမယ်။ အင်္ဂလိပ်လိုရေးတာမှာလည်း Welcome to လို့သာရေးရမှာကို Welcome from လို့မှားတတ်ကြတယ်။

တချို့က ဥပမာ ယောနယ်မှာသုံးတယ်စသဖြင့်ပြောလာကြတယ်။ ယောနယ်မှာ သင်ပုန်းကြီးနဲ့ မြန်မာစာဖတ်စာ စာအုပ် သီးသန့်နဲ့ မသင့်ပါ။

သမီးရည်စား လင်မယား ဖရင်းတွေ နားလည်းသလိုရေးတာ ပြောရန်မရှိ။ အခုဟာက ကိုယ့်ကျန်းမာရေးအတွက် ဆရာဝန်ဆီကို စာရေးတာ။

စာမှာ သဒ္ဒါဆိုတာ အဆောက်အဦတခုရဲ့ အုတ်မြစ်လိုပဲ။ ယိုင်နဲ့လာရင် ပြိုပျက်ကျမယ်။ မြန်မာစာဗိမာန်ကြီး ရေရှည် တည်တန့် ခိုင်မြဲပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၃၀-၉-၂၀၁၉

Sunday, September 29, 2019

သီတင်းကျွတ် သင်ပုန်းကြီး

လာပြန်ပြီ နောက်အမှားတမျိုး။ အရမ်းခင်မင်ရသော သူငယ်ချင်းများထံ ပြန်ပို့ပေး၍ သတင်းဝါကျွတ်မှာ ပျော်ရွှင်နိုင်ပါစေ တဲ့။ သတင်းလို့ရေးတာ မှားတယ်။ အဲတာမှားကြောင်းတင်ထားတာ လွန်ခဲ့တဲ့ ၂၄ နာရီလောက်က။

သီတင်းကျွတ်လ၊ သီတင်းသုံးသည်၊ သီတင်းသီလယူသည်လို့ ရေးတယ်။

အရင်အမှားတွေပါတဲ့ ဆုတောင်းစာကိုလည်း တယောက်ပြီးတယောက် လျှောက်ပို့နေကြတယ်။ ၂ နှစ် ၃ နှစ်ရှိပြီ။

သိတင်းကျွတ်ရာသီမှာတဲ့။ သီတင်းကျွတ်လို့ ရေးရတယ်။ အစဉ်ကြံစဉ်သမျှတဲ့။ ကြံစည်သမျှလို့ ရေးရတယ်။ အလှူရေစက် လက်နှင့်မကွာ လှူတန်းနိုင်ခြင်းတဲ့။ လှူဒါန်းသည်က ကြိယာ၊ အလှူအတန်းက နာမ်။

သတင်းကျွတ်တဲ့။ သီတင်းကျွတ်လို့ ရေးရတယ်။ သတင်းဆိုတာ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း။ အခါသမရတဲ့။ အခါသမယလို့ ရေးရတယ်။

ဝါလကင်းလွှတ်တဲ့။ ဝါလကင်းလွတ်လို့ ရေးရတယ်။ ချမ်းမြေ့ပျှော်ရွှင်ပါစေတဲ့။ ချမ်းမြေ့ပျော်ရွှင်ပါစေလို့ ရေးရတယ်။ ရှစ်ခိုးကန်တော့ပါသည်ရှင့်တဲ့။ ရှိခိုးလို့ ရေးရတယ်။

အမှားတွေ မရေးသင့်။ အမှားတွေ မဝေသင့်။ အမှားတွေ မလုပ်သင့်။

ဒေါက်တာတင့်ဆွေ

Immunizations before marriage အိမ်ထောင်ပြုမည့် အမျိုးသမီးများအတွက် ကာကွယ်ဆေးများ

အသက်၂၇ နှစ်။ အမျိုးသမီး။ နောက်နှစ်ထဲအိမ်ထောင်ပြုမှာပါဆရာ။ ပတ်ဝန်းကျင်ကလူတွေပြောအရ အိမ်ထောင်မပြုခင် ကာကွယ်ဆေးထိုးထားသင့်တယ်ဆိုပြီး သိထားပါတယ်ရှင့်။ ၂၆ နှစ်ကျော်ရင် သူများတိုင်းပြည်တွေမှာမထိုးပါဆိုပြီး ဆရာ ပြောလို့သိရပါတယ်။ ယခုထိုးသင့်မထိုးသင့်ကို မေးချင်ပါတယ်ရှင့်။ ဘာ့ကြောင့်ဆိုတာကိုလည်း ဖြေကြား ပေးစေလိုပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ဆရာ။

မြန်မာပြည်မှာတော့ ကျန်းမာရေးဌာနတွေကနေ ထုတ်ပြန်ထားတာ ရှိ-မရှိ မသိပါ။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ် ကာကွယ်ဆေးထိုးဌာန လမ်းညွှန်ကို ကိုးကားရေးပါမယ်။

Immunizations in the Preconception Period ကိုယ်ဝန်မဆောင်မီထိုးသင့်သည့် ကာကွယ်ဆေးများ
အလေးအနက်အကြံပြုသည့် ကာကွယ်ဆေးများ
• Influenza တုပ်ကွေး၊
• Td/Tdap (DTP/DPT) ဆုံဆို့-ကြက်ညှာ-မေးခိုင် ကာကွယ်ဆေး၊

ကူးစက်နိုင်ခြေရှိသူများသာ
• Hepatitis A အသည်းရောင်အေ ကာကွယ်ဆေး၊
• Hepatitis B အသည်းရောင်ဘီကာကွယ်ဆေး၊
• Human papillomavirus (HPV) သားအိမ်ဝကင်ဆာ ကာကွယ်ဆေး (၂၆ နှစ်အထိ)၊
• Measles, mumps and rubella (MMR) ဝက်သက်-ပသိရောင်-ရူဘဲလား ကာကွယ်ဆေး၊
• Meningococcal မနင်ဂိုကော်ကယ် ကာကွယ်ဆေး၊
• Pneumococcal နူမိုကော်ကယ် ကာကွယ်ဆေး၊
• Varicella (chickenpox) ရေကျောက် ကာကွယ်ဆေး၊

Immunizations in the Prenatal Period ကိုယ်ဝန်ဆောင်စဉ်ထိုးသင့်သည့် ကာကွယ်ဆေးများ
အလေးအနက်အကြံပြုသည့် ကာကွယ်ဆေးများ
• Influenza တုပ်ကွေး ကာကွယ်ဆေး၊
• Td/Tdap (DTP/DPT) ဆုံဆို့-ကြက်ညှာ-မေးခိုင် ကာကွယ်ဆေး၊

ကူးစက်နိုင်ခြေရှိသူများသာ
• Hepatitis B အသည်းရောင်ဘီ ကာကွယ်ဆေး၊

Live virus vaccines should not be given during pregnancy ကိုယ်ဝန်ဆောင်စဉ်မှာ မထိုးသင့်သည့် ကာကွယ်ဆေးများ
• LAIV တုပ်ကွေးနှာခေါင်ထဲထည့် ကာကွယ်ဆေး၊
• Measles, mumps and rubella (MMR) ဝက်သက်-ပသိရောင်-ရူဘဲလား ကာကွယ်ဆေး၊
• Varicella (chickenpox) ရေကျောက် ကာကွယ်ဆေး၊
• Zoster (shingles) ဇိုစတာ (ရှင်ရဲလ်) ကာကွယ်ဆေး၊

Immunizations in the Postpartum Period ကလေးမွေးပြီး ထိုးသင့်သည့် ကာကွယ်ဆေးများ (ကူးစက်နိုင်ခြေရှိသူများသာ)
• Influenza တုပ်ကွေး၊
• Measles, mumps and rubella (MMR) ဝက်သက်-ပသိရောင်-ရူဘဲလား၊
• Td/Tdap (DTP/DPT) ဆုံဆို့-ကြက်ညှာ-မေးခိုင် ကာကွယ်ဆေး၊
• Varicella (chickenpox) ရေကျောက် ကာကွယ်ဆေး၊
• Human papillomavirus (HPV) သားအိမ်ဝကင်ဆာကာကွယ်ဆေး (၂၆ နှစ်အထိ)၊

Human papillomavirus (HPV) သားအိမ်ဝကင်ဆာ ကာကွယ်ဆေးကို အသက် ၉-၁ဝ နှစ်ကနေ ၂၆ နှစ်အထိ အမျိုးသမီးတွေကိုသာ ထိုးစေတယ်။ ဒိထက်အသက်ကြီးသူတွေမှာ တနည်းနည်းနဲ့ ကြွက်နို့ဗိုင်းရပ်စ်နဲ့ တွေ့ခဲံပြီးပြီဆိုတာ လေ့လာမှုတွေက ပြဆိုနေလို့ဖြစ်တယ်။ ထိုးလည်း မထူးပါ။

ဖတ်နိုင်တဲ့စာတွေ-
- Matching blood group before marriage လက်မထပ်ခင် သွေးအုပ်စု စစ်ဘို့ အရေးကြီးသလား https://doctortintswe.blogspot.com/2014/11/matching-blood-group-before-marriage.html
- Immunizations before marriage အိမ်ထောင်ပြုမည့် အမျိုးသမီးသူများအတွက် ကာကွယ်ဆေးများ https://doctortintswe.blogspot.com/2017/02/immunizations-before-marriage.html
- Marriage Advice သီတင်းမကျွတ်ခင် ဖတ်စေချင် https://doctortintswe.blogspot.com/2014/11/marriage-advice-1.html
- Medical check-up before marriage အိမ်ထောင်မပြုခင် ဆေးစစ်ချင် https://doctortintswe.blogspot.com/2015/10/medical-check-up-before-marriage.html
- Tests before Pregnancy ကိုယ်ဝန်မဆောင်မီ ဆေးစစ်ခြင်းများ https://doctortintswe.blogspot.com/2014/11/tests-before-pregnancy.html

ဒေါက်တာတင့်ဆွေ

ဝါးလုံးခေါင်းထဲမှာ စာရေးပါသည်

အရေး
အိမ်ရှေ့က ပန်းပင်
အိမ်ပြင်က သစ်ပင်

အမြင်
စာအုပ်စင်နဲ့
မြေပြင်

အတွေး
တထွာထက် ပိုမရောက်
တလံထက် ခရီးမပေါက်

ဝါးလုံးခေါင်းထဲမှာ စာရေး
ဂျာအေး။

ဒေါက်တာတင့်ဆွေ
၂၇-၉-၂ဝ၁၉

Red Rose နှင်းဆီနီ

ပေါင်းမြက် သုတ်သင်
မြေပြင် ယုယ
မိုးက မရွာ
နှင်း မလာသေး
နေခြည် နွေးဖြင့်
ရေအေး လောင်းကာ
ပွင့်လာ မွှေးသည်
နှင်းဆီ နီ။

ဒေါက်တာတင့်ဆွေ
၂၇-၉-၂ဝ၁၉

မြန်မာစာကို မှန်အောင်မရေးကြသူများကို မြန်မာလူမျိုးဟုခေါ်သည်

Buffalo Neck ကျွဲပခုံး https://doctortintswe.blogspot.com/2019/01/buffalo-neck.html
Full Stop မြန်မာစာမှာ ဖူးလ်စတော့ မရှိပါ https://doctortintswe.blogspot.com/2019/01/full-stop.html
Hard Neck လည်ပင်းမာ သို့မဟုတ် မပျော့သောလည်ပင်း https://doctortintswe.blogspot.com/2019/08/hard-neck.html
Hard Surface မာသောနိုင်ငံခြား မမာသောမြန်မာစာ https://doctortintswe.blogspot.com/2019/09/hard-surface.html
Hi Grandpa အဘရောဂါ အဆက် https://doctortintswe.blogspot.com/2019/02/hi-grandpa.html
Hooping Cough ဟု သို့မဟုတ် ကြက်ညှာချောင်းဆိုးသံ https://doctortintswe.blogspot.com/2019/09/hooping-cough.html
P B D ရောဂါများ https://doctortintswe.blogspot.com/2018/10/p-b-d.html
P ပီ https://doctortintswe.blogspot.com/2017/02/p.html
P ပီ ကူးစက်ရောဂါ https://doctortintswe.blogspot.com/2017/02/p.html
The End ပြီးပါပြီ https://doctortintswe.blogspot.com/2016/10/the-end.html
ကနေကြသော အိမ်ထောင်သည် ကလေးအမေနှင့် ဆရာမများသို့ https://doctortintswe.blogspot.com/2019/09/blog-post_52.html
ကျိ https://doctortintswe.blogspot.com/2018/01/blog-post_7.html
ကျိ ကြိ ကြည့် https://doctortintswe.blogspot.com/2016/12/blog-post_19.html
ချုပ်ရိုးပေါ်မာဆိုတာ ချုပ်ရိုးက မာနေတာလား https://doctortintswe.blogspot.com/2019/08/blog-post_58.html
စာရေးတာ အလွန်ကိုမှားတဲ့ မေးခွန်းဖြစ်တယ် https://doctortintswe.blogspot.com/2019/09/blog-post_777.html
တယ် နှင့် တရ် https://doctortintswe.blogspot.com/2017/02/blog-post_11.html
တရ် သို့မဟုတ် ကုလားသံ https://doctortintswe.blogspot.com/2016/12/blog-post_91.html
နင် နင့် နက် နဲ့ https://doctortintswe.blogspot.com/2019/05/blog-post_393.html
ပါပီ ကျိ တေ ဖစ် ကူးစက်ရောဂါများ https://doctortintswe.blogspot.com/2019/08/blog-post_86.html
ပါပီ ကျိ တေ ဖစ် ကူးစက်ရောဂါများ https://doctortintswe.blogspot.com/2019/08/blog-post_86.html
ပီ နဲ့ ပြီ https://doctortintswe.blogspot.com/2019/01/blog-post_59.html
ပီ ပြီ ပြီး https://doctortintswe.blogspot.com/2018/01/blog-post_30.html
ပု https://doctortintswe.blogspot.com/2017/08/blog-post_15.html
ဖတ်ရဝူး https://doctortintswe.blogspot.com/2018/11/blog-post_73.html
ဘ ဘို ဘယ် https://doctortintswe.blogspot.com/2019/04/blog-post_6.html
မာ နှင့် မှာ https://doctortintswe.blogspot.com/2018/01/blog-post_19.html
မာ နှင့် မှာ သို့မဟုတ် မာသောအရိုး မာသောအိမ် မာသောရန်ကုန် https://doctortintswe.blogspot.com/2019/01/blog-post_82.html
မာသော ရန်ကုန် https://doctortintswe.blogspot.com/2018/03/blog-post_675.html
မြန်မာစာကို မှန်အောင်မရေးကြသူများကို မြန်မာလူမျိုးဟုခေါ်သည် https://doctortintswe.blogspot.com/2019/08/blog-post_39.html
မြန်မာစာမှာ ပီး မရှိပါ https://doctortintswe.blogspot.com/2019/01/blog-post_560.html
မြန်မာမာဆိုတာ ဘယ်မှာရှိပါသလဲ https://doctortintswe.blogspot.com/2019/07/blog-post_97.html
မြန်မာနိုင်ငံမှာ ကူးစက်ရောဂါသစ်များ ဖြစ်ပွါးနေ https://doctortintswe.blogspot.com/2019/04/blog-post_53.html
သားအိမ်မာလို့ မရေးရ သားအိမ်မှာလို့ ရေးရ https://doctortintswe.blogspot.com/2019/05/blog-post_26.html
ဟုတ်ကဲ့ https://doctortintswe.blogspot.com/2019/09/blog-post_643.html
အဖုလေးတေ ချိုင်းကြားတေ ပေါင်ကြားတေ ဆေးခန်းတေ https://doctortintswe.blogspot.com/2019/03/blog-post_25.html
ခွေးကလေး ပါပီ ကြောင်ကလေး ပူစီ https://doctortintswe.blogspot.com/2018/10/blog-post_994.html
တေ နှင့် ပီး https://doctortintswe.blogspot.com/2018/09/blog-post_68.html
တွေ နှင့် တေ https://doctortintswe.blogspot.com/2019/01/blog-post_480.html
မောင်ဖစ် မဖစ် ကိုဖစ် ဦးဖစ် နှင့် ဒေါ်ဖစ်များသို့ https://doctortintswe.blogspot.com/2019/02/blog-post_808.html
ပုံစံလို့ရေးရ စိုးရိမ်လို့ရေးရ https://doctortintswe.blogspot.com/2019/09/blog-post_144.html

ဒေါက်တာတင့်ဆွေ

ပုံစံလို့ရေးရ စိုးရိမ်လို့ရေးရ

ဆရာ မင်္ဂလာပါခင်ဗျား ကျနော့် အသက် ၃၅ အိမ်ထောင်သည်ပါ ကျွန်တော့့် ပေါ် ရွေးစိခန့်  မှဲ့  ပုံစမ် အဖု လေးတွေ ထွက်လာလို့  ဆိုးရိမ်ဖွယ်များရှိရင် ရှင်းလင်းဖြေကြားပေးပါအုံးခင်ဗျာ အကျိတ်အဖု လေးတွေက မှဲ့ ပုံစမ် အမည်းအဘု လေးတွေပါဗျ။ ဗွတ်စက်လေးတွေရော ပါပါတယ်ဆရာ

ရောဂါအမည် မသေချာသေး။ ပုံစံလို့ရေးရ။ စိုးရိမ်လို့ရေးရ။

ဒေါက်တာတင့်ဆွေ
၂၉-၉-၂ဝ၁၉

ဟုတ်ကဲ့

သတ်ပုံ ဂရုမစိုက်ပဲရေးကြတာကို မြန်မာစာဟုခေါ်သည်

၁။ ဟုတ်ကတ်ပါ

၂။ ဟုကပ်

၃။ ဟု

၎။ ဟုကဲ့ပါဆရာ

၅။ ဟုတ်ကပ် ကျေးဇူးတင်ပါတယ်

၆။ ဟုပ်

ဟုတ်ကဲ့လို့ ရေးရတယ်။ ဘိုလိုရေးချင်ရင် ရက်စ်လို့ ရေးပါ။ ယက်စ်လို့ ရေးလည်းရတယ်။

ကတ်
ကံ ကတ္တား
ကတ္တရာစေး
ကတ္တားခြား
ကတ္တီပါဖိနပ်
ကတ်ထူစာအုပ်
ကတ်ဖဲ့ဖဲ့လုပ်
ကတ်သီးကတ်သတ်
ကတ်ကြေး
ကုတ်ကုတ်ကတ်ကတ်
တုံးပေကတ်သတ်
တရုတ်ကတ်တံခါး
တွက်ကတ်
နားကြားပြင်းကတ်
ပိဋကတ်
ပို့စကတ်
မြင်ပြင်းကတ်
လက်ပေါက်ကတ်
အမြင်ကတ်
အလုပ်ခိုကတ်
ပေကတ်ကတ်

သတ်ပုံ ဂရုမစိုက်ပဲရေးကြတာကို မြန်မာစာဟုခေါ်သည်။

Yes ရက်စ် https://doctortintswe.blogspot.com/2019/09/yes.html

Hooping Cough ဟု သို့မဟုတ် ကြက်ညှာချောင်းဆိုးသံ https://doctortintswe.blogspot.com/2019/…/hooping-cough.html

ဒေါက်တာတင့်ဆွေ
၂၉-၉-၂၀၁၉

Ectopic Pregnancy (2) ထူးဆန်းသည့် ကိုယ်ဝန် (၂)

ရေးထားတာ ၉ နှစ်လောက်ရှိပြီ။ နှစ်ပတ်လည်စာအဖြစ်ပေါ်လာလို့။

နက်ဖြန်အလှူနေ့၊ သားတွေကိုသင်္ကန်းဆီး၊ သမီးကိုနားသ၊ လာသမျှကို အဝကြွေးပြီး၊ အလှူမင်္ဂလာပွဲကြီး ဝှဲချီးလုပ်မှာပါ။ အလှူဆိုတာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေအဖို့ တသက်တာမှာ တခါတော့ လုပ်ဖြစ်အောင် လုပ်ကြရတယ်။ အရပ်ကူ၊ လူဝိုင်း၊ ဆွေမျိုးတိုင်းလာကြ။ မိတ်ဆွေရင်းခြာတွေလည်း နီးသောဝေးသောမဟူ အလှူလာကြတယ်။ မနက်ဖြန် အလှူရက် စည်ချက်မကျန်ဘူးပြောရမှာပေါ့။

အလှူ့တကာက မြို့နယ်ဆရာဝန်။ နယ်မြို့တွေမှာ ဆရာဝန်တိုင်း၊ ၈ နာရီတဆိုင်း မရှိပါ။ နေ့တိုင်း၊ နာရီတိုင်း ဂျူတီဆိုင်း ရှိကြတယ်။ ကျွန်တော် မြို့နယ်ဆရာဝန်ဖြစ်တာ ကံကောင်းတယ်။ မွေးရပ်မှာ တာဝန်ကျတဲ့ပြင်၊ လက်ထောက်ဆရာဝန်က ညီတော်တယ်။ သူက အလုပ်ကြိုးစားပြီး၊ ဝါသနာမှာ ကျွန်တော်နဲ့ လာတူတာတွေ ရှိတယ်။ ခွဲချင်စိတ်ချင် ဓါးဆရာဝန် ညီအကိုလို့ ပြောခံရတယ်။ ပုံမှန်ဆိုရင် သူတလှည့် ကိုယ်တလှည့် ညဂျူတီယူကြတာ၊ အလှူကာလ တလျှောက်လုံး သူကချည်း တာဝန်ယူပေးပါတယ်။

အလှူဖိတ်နေ့ညမှာ အရေးပေါ်ပါလေရော။ ဆေးရုံက ဝန်ထမ်းတယောက် ယူလာတဲ့ (ဒစ်ရှ်ပက်) စာအုပ်မှာ မွေးလူနာ လာတယ်။ အသက်ကြီးပြီး၊ မမွေးနိုင်ဘူး တဲ့။ ဗိုက်ခွဲမွေးရမဲ့ လူနာမှန်း တန်းသိလိုက်ပါပြီ။ လက်ထောက်ဆရာဝန်က ဒီလောက်တော့ ထမင်းစား-ရေသောက်။ သူ့ကို LSCS လုပ်ရန်လို့ မှတ်ချက် ပြန်ပေးလိုက်ပါတယ်။ လိုရင်တော့ ခေါ်ပါပေါ့။

မကြာပါဘူး လိုပါလေရော၊ ခေါ်ပါလေရော။ နောက်တခါ ဒစ်ရှ်ပက်စာအုပ်ယူလာသူကို ညီတော်မောင်ဆရာသမားက စကားလည်းပါးလိုက်တယ်။ ဗိုက်ထဲမှာ ထူးထူးဆန်းဆန်း တွေ့တယ်။ လာမှရမယ် တဲ့။ နက်ဖြန် အလှူရှိတာရော လူနာအခြေအနေရော သူ့ထက်သိတာ ရှိမှာမဟုတ်ပါ။ သန်းခေါင်ကျော်နေတာလဲ သူ့နာရီနဲ့ ကိုယ့်နာရီ အတူတူပါ။ ဒါပေမဲ့ အလှူလဲ ကုသိုလ်၊ ဆေးကုတာလဲ ကုသိုလ်၊ နှစ်ထပ်ကွမ်းကုသိုလ် ယူရမှာပေါ့။ အလှူ့အမရေ အိပ်နှင့်ပေတော့။

ခွဲခန်းထဲ တန်းဝင်တာနဲ့ လူနာကို ခါးထုံဆေး ထိုးပြီးသား၊ ဗိုက်ကိုလဲ ဖွင့်ထားပြီးသား၊ ဗိုက်ထဲက ကလေးကိုလဲ မြင်နေရပါပြီ။ ဒါပေမဲ့ လားလား ကလေးတခြား သားအိမ်တခြား။

လူနာကို မှတ်မိပြီ။ အသက်က ၄၅ လောက်၊ ကိုယ်ဝန်မဆောင်တာ ကြာပြီးမှ ရှိလာပြန်လို့ ကိုယ်ဝန်လာပြထားသူ၊ တောင်ဘက်ရွာက။ တောနယ်တွေမှာ တရွာနဲ့တရွာ ဝေးကြတာ မဟုတ်ပါ။ အမျိုးစပ်ရင်လဲ နီးကြတယ်။ ဟိုဘက်ကတော်၊ ဒီဘက်ကတော်။ အမျိုးရဲ့ ဟိုဘက်ကအမျိုး စသဖြင့် ဆွေမျိုးချည်းဘဲ ထင်ရတယ်။ ကြုံလို့ ရေးရဦးမယ်။ ကျွန်တော့်ထက် ကျွန်တော့် အမျိုးတွေကို ကျွန်တော့်ဇနီးက ပိုသိ၊ ပိုရင်း၊ ပိုချစ်တယ်။ လုပ်ရတာက ဆရာဝန်မို့ လာသမျှ အမျိုးဘဲဆိုပြီး စိတ်ထဲ ထားလိုက်တာကြောင့်လဲ နည်းနည်းပါမယ်။ ရောချလိုက်တာဆိုလဲ ဟုတ်တယ်ပေါ့ဗျာ။

လူနာဟာ သားအိမ်ပြင်ပမှာသန္ဓေတည်ခြင်းဆိုတာဖြစ်တာပါ။ သားအိမ်ပြင်ပ သန္ဓေတည်တယ်ဆိုတာ ဘယ် သားဖွါးမီးယပ်စာအုပ် လှန်ကြည့်ကြည့် အများဆုံး တည်တတ်တဲ့ နေရာတွေကို ဖေါ်ပြရင် သားအိမ်ပြွန် တနေရာရာမှာ ဖြစ်တာ ၉၅-၉၉%။ နောက်ပြီး သားအိမ်နံရံ တနေရာရာနဲ့ မျိုးဥအိမ်ဆိုတဲ့ နီးနီးနာနား နေရာများမှာသာ ဖြစ်တတ်တယ်။ မျိုးပွါးလမ်းကြောင်းနဲ့ ဘာမှမဆိုင်တဲ့ တခြားနေရာဆိုတာ ရှာမှရှား သွားဖြစ်တယ်။ ဝမ်းဗိုက်ခေါင်းထဲမှာ တည်တာ ပြောတာပါ။ အခုလူနာက အရှားဆုံးဟာ လာဖြစ်နေပါတယ်။ သားအိမ်ပြင်ပမှာသန္ဓေတည်တာ အားလုံးရဲ့ ၁%၊ ကိုယ်ဝန်ဆောင်ပေါင်း တသောင်းမှာ ၁ ယောက်နှုန်းရှိတယ်။

အများဆုံးဖြစ်တဲ့ သားအိမ်ပြွန်ဆိုတာ အတွင်းခေါင်းအကျယ်က အကြောဆေး သွင်းပေးရတဲ့ပိုက်ထက် ကျဉ်းတယ်။ စဉ်းစားကြည့်ပေါ့။ အဲဒီထဲမှာ သန္ဓေသားငယ် ဘယ်အရွယ်အထိ ကြီးလို့ ရနိုင်မလဲ။ ကိုယ်ဝန် ၂ လလောက်ဆို မဆန့်မပြဲ မဟုတ်၊ မဆန့်ကွဲ ဖြစ်လာတာ သေချာပေါက်ပါ။ ကွဲထွက်ရင် အရေးပေါ် ခွဲပေတော့။ ကိုယ်ဝန်ရှိခါစ၊ ဗိုက်အောက်နားက တအား နာတယ်ဆိုရင် ဒါဖြစ်နိုင်တယ်။ အာလ်ထွာဆောင်းမရှိရင် မွေးလမ်းကြောင်းထဲ လက်ထည့်စမ်းရတယ်။ သားအိမ်အဝ နောက်(အောက်)နေရာ POD မှာ ဖေါင်းနေမယ်။ အပ်နဲ့စုပ်ရင် ပြွန်တည်ကိုယ်ဝန် ပေါက်လို့ ထွက်လာတဲ့သွေး ရှိနေတာသိရမယ်။ လူနာခံနိုင်အောင်လုပ်ပြီး၊ ချက်ချင်းခွဲပေတော့။ ဒီကိုယ်ဝန်လူနာကတော့ ၉ လမက၊ နေ့စေ့လစေ့မက၊ ရက်တောင် ကျော်နေပါပြီ။ ဗိုက်သိပ်မနာ သရိုးသရည်သာဖြစ်လို့ စမ်းတော့ သားအိမ်ကမပွင့်။ မကွဲဘဲနဲ့ ခွဲရတာပါ။

ကိုယ်ဝန်ဆိုတာ ကလေး နဲ့ အချင်း နှစ်မျိုးဖြစ်လာတာပါ။ ကလေးက အရည်အပြည့်ရှိတဲ့ အိပ်ထဲမှာ ရှိနေရပြီး၊ အချင်းက သားအိမ်အတွင်းနံရံကို တွယ်ကပ်နေရတယ်။ မအေကို မှီခိုနိုင်ဘို့ပါ။ ကလေးဆိုတာ ဗိုက်ထဲကတည်းက အတော် လူလည်ကြတဲ့ကောင်။ မအေဆီက လိုချင်တာယူပြီး၊ မလိုတာစွန့်တတ်တယ်။ အချင်းကနေလုပ်ပေးတာပါ။

အခုလူနာမှာ ကလေးနဲ့ အရည်ပါတဲ့အိပ်က မိခင်ရဲ့ အူတွေကြားမှာ ထူးထူးခြားခြား ရှိနေတယ်။ အချင်းကလဲ အနားရှိသမျှ အူတွေရဲ့ အပြင်နံရံမှာ လာကပ်နေတယ်။ အဲဒီ အူနံရံတွေ ကတဆင့် လိုချင်တာယူပြီး၊ မလိုတာ စွန့်နေခဲ့တာ ဖြစ်တယ်။

ဒီလူနာကို ရေမြွှာအိပ်ကို ဖေါက်ပြီး၊ ကလေးမွေးထုတ်ရတာ ပိုလို့တောင် လွယ်သေးတယ်။ ခါတိုင်း ဗိုက်ခွဲမွေးသလို သားအိမ် အောက်နားမှာ ကန့်လန့် ဒါးရာပေး၊ ခွဲမွေးစရာ မလိုပါ။ အကြာဆုံးနဲ့ သတိအထားရဆုံး အဆင့်ဖြစ်တဲ့ သားအိမ်နံရံကို သုံးထပ် ပြန်ချုပ်စရာလဲ မလိုတော့ပါ။ လူနာ့ သားအိမ်ဟာ ကိုယ်ဝန်နဲ့သူနဲ့ ဘာမှမဆိုင်သလို ဣနြေ္ဒရွှေပေးမရ တွေ့ရပါတယ်။

သိပ်ခက်တာ လာပါပြီ။ အချင်းကို အူကနေ ဘယ်လို ခွါထုတ်မလဲ။ အူထဲမှာ အစာတွေရှိတယ်။ အူအောက်ပိုင်းရောက်လေ အစာက ဟောင်းလေ။ ဟောင်းလေ မကောင်းတာ များလေ။ ဗိုက်ထဲမှာ အူထဲကဟာ တစက်ကလေးမှ ထွက်မလာ မသင့်ပါ။ အူပေါက်လို့ကတော့ အစာအိမ်ပေါက်သလို၊ အပေါက်ကို ဖါပြီး၊ ဗိုက်ကို အတိုင်းတိုင်း ပြန်ပိတ်မရပါ။ အထက်က အူအစကို ဗိုက်အပြင်နံရံမှာ ပါးစပ်လို့ ဖွင့်ထားပြီး ဝမ်းသွားစေရတယ်။ အောက်က အူဆက်တာ-ဖါတာ ကျက်ပါမှ၊ စိတ်ချရပါမှ၊ ပြန်ဖွင့်၊ ပြန်ပိတ် လုပ်ရတယ်။ အူထဲက ပိုးမွှားတွေ သေအာင် ဆေးကလဲ ရွေးတတ်မှ။

ဒီတော့ ဒီလူနာရဲ့အချင်းကို အူကိုမထိခိုက်အောင်လုပ်ပြီး ခွါထုတ်ဘို့ အရေးသည် ဆရာဝန် ညီအကိုမှာ မဟာတာဝန်ကြီး ဖြစ်လာပါတော့တယ်။ ခွဲစိတ်ဆရာဝန်များ ရှိအပ်တဲ့ Lion’s heart ခြင်္သေ့၏အသဲနှလုံး၊ Eagle’s eyes သိမ်းငှက်မျက်စိ၊ Lady’s hand အမျိုးသမီးလက်၊ အရည်အချင်းသုံးပါး အနက် (လေဒီ) ရဲ့လက် လိုလာပြီပေါ့ ခင်ဗျာ။

သတိကြီးခြင်းနဲ့ စိတ်ရှည်ခြင်း ဆိုတာတွေက ဘာသာရေးနဲ့ နိုင်ငံရေးမှာသာမက ခွဲစိတ်တာမှာပါ လိုတယ်။ ကပ်ကြေးနဲ့ ဓါးမပါ၊ တုံးတဲ့ကရိယာတွေနဲ့သာ ဖြေးဖြေးညင်သာ၊ အူတခွေချင်း တခွေချင်း ခွါချရှင်းရပါတယ်။ ဆရာမတွေကတော့ ရေနွေးဝတ် နိုင်နိုင် လုပ်ပေးရတယ်။ အူနံရံက စိမ့်ထွက်လာသမျှ သွေးကို ရေနွေးဝတ်နဲ့ ဖိကပ်ပေးတာ အတော်အလုပ်ဖြစ်တယ်။

အူကနေ ထွက်တဲ့သွေးကို ရေနွေးနဲ့ မနိုင်ရင် သွေးကြောညှပ် သေးသေးနဲ့ အပ်ခြည်ကိုသုံး ပိတ်ပေးရတယ်။ အူဆိုတာက အထပ်သုံးထပ်ရှိတာ။ အတွင်းဆုံးလွှာကို မထိလို့ကတော့ ပြဿနာမကြီးပါ။ အူ-အစာအိမ်ကို ဘယ်လိုချုပ်ရမယ် ဆိုတာ တောမှာကျတဲ့ ဆရာဝန်တိုင်း တတ်ကျွမ်းကြတယ်။ ကြောင်အူချုပ်ကြိုး၊ သရီးဇီးရိုး ဘယ်နှစ်ကြိုး ကုန်လဲမသိပါ။

အချင်းတခုလုံး ကွာကျမှ လက်ထောက်ဆရာဝန်က သီချင်းစဆိုပါတယ်။ ဗိုက်ကိုလည်း သူဘဲ ဆက်ပိတ်တယ်။ အတော်အားကိုးရတဲ့သူ။ ကျွန်တော့်မှာက အလှူရှိတယ်မဟုတ်ပါလား။

အဲဒီခေတ်က ဒစ်ဂျစ်တယ်ကင်မရာ မပေါ်သေးလို့ ပုံရိုက်မထားနိုင်လိုက်ပါ။ အဲဒီအချိန်က သုတေသနဆိုတာလဲ အားမပေးပါ။ မြန်မာပြည်မှာ စာတမ်းဖတ်စရာနေရာလဲ ကျဉ်းလွန်းလှပါတယ်။ မရှိ ရှိတာလေးနဲ့ မဖြစ်ဖြစ်အောင် လုပ်ပေးကြရတာကို သွားပြမိရင်လဲ ချို့တဲ့တာ၊ ဆင်းရဲတာကို လူမြင်ခံအောင် လုပ်ခွင့်မရှိပါ။ ဆရာဝန်ကိုလည်း အက်သစ် မကျ၊ မလုပ်ရလို့ ပြောခံရမှာ သေချာတာမို့၊ ဒီစာကိုဖတ်ရင်လဲ ဖစ်ရှင်လို့သာ မှတ်ချင်မှတ်ပါ။

မွေးပေးခဲ့တဲ့ကလေး မတ်တတ်ပြေးအရွယ်မှာ သူတို့အိမ်ကို တခေါက်ရောက်တယ်။ လက်ဖက်နဲ့ ထန်းလျက်အပြင် နှမ်းဆီဆမ်း အမဲခြောက်ဖုတ်နဲ့ ဧည့်သည်လုပ်ခဲ့ပါတယ်။

Dr. တင့်ဆွေ
၂၅-၄-၂ဝ၁ဝ
၂၉-၉-၂ဝ၁၉

ဖေါင့်ကျမ္မာရေး

ဆရာခင်ဗျာ ကျမ္မာရေးနဲ့ မဆိုင်တဲ့မေးခွန်းလေးတခု မေးမြန်းခွင့်ပြုပါ။ မြန်မာ Unicode ကဘယ်လောက်ထိ အကျူံးဝင်ပါသလဲ တကယ်လို့များ နိုင်ငံရေး အမျိုးသားရေးတို့ကိုလုပ်နေတဲ့သူတွေအနေနဲ့ ယင်းယူနီကုတ်ကို အသုံးပြုသင့်ပါသလား မပြုသင့်ပါလားဆရာ။ ယူနီကုတ်အကြောင်းကိုစေ့စေ့စပ်စပ်မသိလို့မေးမြန်းရတာပါ ဆရာခင်ဗျာ။

ကျွန်တော်လည်း မသိ။ သိပ်နားမလည်။ မေးတာတွေ ဖြေမရ ဖြေတောတွေ မေးသူတွေကဖတ်မရတဲ့ အခက်အခဲကို နေ့တိုင်းကြုံနေရ။ အဆင်ပြေနေတာကို ဘာကြောင့် ခက်ခဲအောင်လုပ်သလဲ မေးနေမိ။ မလုပ်မနေရခိုင်းတဲ့ သိပ်မကြိုက်။

အရင်ဖေါင့်ပေါင်းများစွာပေါ်ခဲ့ပြီး။ ကိုယ်ကြိုက်တာရွေးသုံးနိုင်ခဲ့။ အခုက အဲလို မဟုတ်တဲ့။

မြန်မာစာသတ်ပုံမူကွဲတွေကို တရားမဝင်လုပ်ထားတယ်။ အဲလို အမိန့်နဲ့ခိုင်းတာ ပညာမဟုတ်။ နည်းပညာမဟုတ်လို့ ထင်တယ်။

ပိုကောင်းတာတွေရှိပါမယ်။ ကောင်းတဲ့သူတွေအတွက် ပိုကောင်းမယ်။ ကျွန်တော့်အတွက်တော့ ဒုက္ခ။ အချိန်ကလည်းမရ။ ဘုန်းတော်ဘွဲ့တွေတော့ နေ့တိုင်းဖတ်နေရ။

မကြာခဏ ဖြေပါတယ်။ လူတယောက်နဲ့တယောက် လိုအပ်ချက်မတူပါ။ ဆေးတမျိုးတည်းကို လူတိုင်းကို ညွှန်မရပါ။ ကျွန်တော့်မှာ အရေအတွက် တသောင်းကျော်စာတွေရှိတယ်။ ဘလော့ရှိတယ်။ ဖေါင့်စနစ်ပြောင်းရင် သုံးမရ ဖြစ်သလား စိုးရိမ်တယ်။ တချို့က ရပါတယ်တဲ့။ တချို့က မရလောက်တဲ့။ ဆရာတွေကလည်း အတော်ကိုများတယ်။ နည်းတွေ ပေးကြတာ အမျိုး ၂၀ ကျော်လောက်ရှိပြီး တူပုံလည်းမရ။

လူဆိုတာ ကောင်းတာ သင့်တာ လိုက်ရှာပြီး ဝယ်ကြ သုံးကြတယ်။ ကျွန်တော် အခုထိ ဆုံးဖြတ်ချက် မချနိုင်သေးပါ။

ဒီစာအောက်မှာ ယူနီကုဒ်ဘုန်းတော်ဘွဲ့ မရေးကြစေလိုပါ။ ဖျက်ပါမယ်။

ဒေါက်တာတင့်ဆွေ
၂၉-၉-၂ဝ၁၉

Yes ရက်စ်

သတ်ပုံ ဂရုမစိုက်ပဲရေးကြတာကို မြန်မာစာဟုခေါ်သည်

၁။ ဟုတ်ကတ်ပါ

၂။ ဟုကပ်

၃။ ဟု

၎။ ဟုကဲ့ပါဆရာ

၅။ ဟုတ်ကပ် ကျေးဇူးတင်ပါတယ်

ဟုတ်ကဲ့လို့ ရေးရတယ်။ ဘိုလိုရေးချင်ရင် ရက်စ်လို့ ရေးပါ။ ယက်စ်လို့ ရေးလည်းရတယ်။

ကတ်
ကံ ကတ္တား
ကတ္တရာစေး
ကတ္တားခြား
ကတ္တီပါဖိနပ်
ကတ်ထူစာအုပ်
ကတ်ဖဲ့ဖဲ့လုပ်
ကတ်သီးကတ်သတ်
ကတ်ကြေး
ကုတ်ကုတ်ကတ်ကတ်
တုံးပေကတ်သတ်
တရုတ်ကတ်တံခါး
တွက်ကတ်
နားကြားပြင်းကတ်
ပိဋကတ်
ပို့စကတ်
မြင်ပြင်းကတ်
လက်ပေါက်ကတ်
အမြင်ကတ်
အလုပ်ခိုကတ်
ပေကတ်ကတ်

ဟုတ်ကဲ့လို့ ရေးရတယ်။ ဘိုလိုရေးချင်ရင် ရက်စ်လို့ ရေးပါ။ ယက်စ်လို့ ရေးလည်းရတယ်။

သတ်ပုံ ဂရုမစိုက်ပဲရေးကြတာကို မြန်မာစာဟုခေါ်သည်။

Yes ရက်စ် https://doctortintswe.blogspot.com/2019/09/yes.html

Hooping Cough ဟု သို့မဟုတ် ကြက်ညှာချောင်းဆိုးသံ https://doctortintswe.blogspot.com/2019/…/hooping-cough.html

ဒေါက်တာတင့်ဆွေ
၂၉-၉-၂၀၁၉

Saturday, September 28, 2019

ကျွန်ုပ် နှင့် သစ်ပင်

Hi ဆရာ ကျနော်ပုလဲဆေးရုံမှာတာဝန်ကျခဲ့ဖူးတဲ့ဆရာလို့ထင်လို့ ဟုတ်ပါသလားဗျ

မေးတဲ့သူက ပုလဲဆေးရုံမှာတာဝန်ကျခဲ့ဖူးတာ ဟုတ်မဟုတ် မသိပါ။ ကျွန်တော်က ၁၉၈၈ မတိုင်မီက ပုလဲဆေးရုံမှာ တာဝန်ကျခဲ့ပါတယ်။ ၅ နှစ်ကြာတယ်။

စကားစု အထားအသို အရေးကြီးတယ်။ ကတ္တား ခေါ် ပြုလုပ်သူနဲ့ ကံ ခေါ် ပြုလုပ်ခံရသူ နေရာလွဲနေရင် အဓိပ္ပါယ် ပြောင်းပြန်ဖြစ်စေတယ်။

ကျွန်ုပ်သည် သစ်ပင်တပင်ကို ကြည့်နေ၏။

အဲလိုအမှားတွေ ပုံနှိပ်မီဒီယာနဲ့ တီဗွီစာတမ်းထိုးတွေမှာလည်း တွေ့ရတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၉-၂၀၁၉

မောင့်တောအုပ်မှာ

ငှက်ပြာဝတ်ရည် သောက်ယစ်ရီတတ်
နှင်းဆီဖြူလဲ့ ပျံ့သင်းဖွဲ့တတ်
ဝါသွဲ့ ရွက်ကြွေ လိပ်ပြာပွေတတ်
မြစ်ရေချောင်းစ တေးညင်းမြတတ်
မိန်းမလှသူယောင် မျက်တောင်ခတ်တတ်
ကျမ်းတတ်ဇော်ဂျီ ဖိုဝင်မီတတ်
ကြံစည်သမျှ ဖြစ်မြောက်ရသည့်

မောင့်တောအုပ်မှာ
လာလှဲ့နေလှဲ့  အိပ်မက်လှဲ့ဟု
သဲ့သဲ့ခေါ်ငင် မပြီပြင်လည်း
ထင်ထင်ကြားလိုက် တိမ်မူးခိုက်ဝယ်
မိုက်မှားကြမ္မာ တွန်းပို့ ရာသို့ 
ထွက်ခွါလွင့်ပါး ရပ်တပါး၌
ရွေ့လျားရသီ ထပ်ခဲ့သည်။

မောင့်တောအုပ်မှာ
ချမ်းသာအေးမြ နေချင်လှလည်း
လမ်းစပျောက်ပျက် ရှာပြန်ခက်ပြီ
ပင့်သက်မောတွေ မျက်ရည်ဝေဆဲ
မနေပျော်လည်း လာလိုက်ခဲ့ဟု

သဲ့သဲ့ခေါ်သံ ကြားရပြန်၏
မြဲမြံနွယ်နှောင် လူတို့ ဘောင်၌
ယောင်မှားဧည့်သည် မပျော်ကြည်ဘူး
မဆည်နိုင်တော့ နွမ်းပျော့ခွေညှိုး
လမ်းမှားတိုးဆဲ တိုးတိုးတမျိုး
ချိုးငယ်ပြောသည့်

မောင့်တောအုပ်မှာ
ငှက်ပြာဝတ်ရည် သောက်ရစ်ရီသတဲ့
ဝါသွဲ့ ရွက်ကြွေ လိပ်ပြာပွေသတဲ့
မြစ်ရေချောင်းစ တေးညင်းမြသတဲ့
မိန်းမလှသူယောင် မျက်တောင်ခတ်သတဲ့
ကျမ်းတတ်ဇော်ဂျီ ဖိုဝင်မီသတဲ့
ကြံစည်သမျှ ဖြစ်မြောက်လှသတဲ့
နှမ မသိ ရှိမည်လား။  ။

၁၉၇၃ ဖေဖေါ်ဝါရီလထုတ် ရှုမဝမဂ္ဂဇင်းမှာ ကြည်အေးရေးတဲကဗျာ။ စာသားကို သတ်ပုံမပြင်ပဲတင်ပေးသူ ကျေးဇူး။

ဒေါက်တာတင့်ဆွေ
၂၈-၉-၂၀၁၉

ညကောင်းကင်

စောစောကတော့
ကောင်းကင်တခို မိုးတိမ်ညိုနဲ့ ရွာမလိုလို

အခုတော့
မိုးတိမ်တွေ ဘယ်ပြေး ရွာသေးပုံမရ

ညအရေး
လကွေးကွေး မမြင်ရ

မေးလာတာတွေထဲက အသက် ကျားမ ပြောကြပြီး
ဖေါင့်တူလို့ ဖတ်လို့ရတဲ့ မေးခွန်းတွေဖြေပါရ
နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၈-၉-၂၀၁၉

Infectious Diseases အရပ်ခေါ် ကူးစက်ရောဂါများ

ဆရာ mumps က ပါးချိတ်ရောင်တာမဟုတ်ဘူးလား ပသိရောင်တာက tonsilitis လို့ သိထားတယ် ဘယ်လိုလဲဆရာ ကျေးဇူးပြုပြီးနည်းနည်းရှင်းပြပေးပါလားဆရာ ပဲသီတာဆိုတာ ဘာကိုပြောတာလဲကျေးဇူးပြုပြီးဖြေပေးပါ

1. Chickenpox ရေကျောက်
2. Chikungunya ချီကန်ဂွန်ညာ ခေါ် ဆင်ဖြူတော်တုပ်ကွေး
3. Flu (Influenza) တုပ်ကွေး
4. Measles ဝက်သက်
5. Mumps ပသိရောင်ရောဂါ
6. Parotitis တံတွေးထွက်အိတ်ရောင်ခြင်း
7. Rubella ဂျာမန်ဝက်သက် (ဂျိုက်သိုး)
8. Tonsillitis အာသီးရောင်ခြင်း
9. H5 N1 Avian influenza ကြက်ငှက်တုပ်ကွေး
10. Influenza A (H3N2) Variant Virus ဝက်တုပ်ကွေးတမျိုး
11. Swine flu ဆွိုင်းဖလူး ခေါ် တုပ်ကွေးတမျိုး
12. Zika ဇီကာ

ဒေါက်တာတင့်ဆွေ
၂၈-၉-၂၀၁၉

Vitamins ဗီတာမင်ဝယ်ချင်သူများ မေးရမည့် မေးခွန်းများ

မင်္ဂလာပါဆရာ အသက်က ၃၇ ကျမ အမပါ အိမ်ထောင်ရှိ ကလေးတယောက်အမေ ပေါင်ချိန် ၁၀ဝ ဝန်းကျင် အရင်က ၁၂၅ ပေါင်ရှိပါတယ် ပင်ပန်းပြီး ဝိတ်ပြန်မတတ်တော့လို့ အားဆေးသောက်ချင်လို့ ပါ

မေးခွန်းကို ဖေါင့်ပြောင်းဖတ်ရတယ်။ သတ်ပုံနည်းနည်း ပြင်လိုက်တယ်။

၁။ ကိုယ်သုံးနိုင်တဲ့ ဘတ်ဂျက်နဲ့ကိုက်ညီမဲ့ ဗီတာမင်တွေက ဘာလဲ

၂။ ဘယ်ဗီတာမင်ဆေးတွေက ဟာဘယ် ခေါ် အသီးအရွက်တွေကနေ ထုတ်လုပ်ထားတာလဲ

၃။ အသက်ကြီးသူတွေနဲ့ သင့်တော်မဲ့ ဗီတာမင်ဆေးတွေက ဘာတွေလဲ

၎။ စားတာသောက်တာတွေနဲ့ အဆင်ပြေမဲ့ ဆပ်ပလီးမင်း ခေါ် အားဖြည့်ဆေးတွေက ဘာတွေလဲ

၅။ ပရိုဘိင်အော်တစ်တွေနဲ့ အင်ဇိုင်းဆေးတွေက ဘာတွေလဲ

၆။ အသက်ရ အမျိုးသားများအတွက် လိုအပ်တဲ့ဗီတာမင်ဆေးတွေက ဘာလဲ

၇။ အသက်ရ အမျိုးသမီးများအတွက် လိုအပ်တဲ့ဗီတာမင်ဆေးတွေက ဘာလဲ

ကိုယ်ဘာဖြစ်နေလို့ ဘာလိုသလဲ သိပါ။ ဘယ်တံဆိပ်က စစ်မှန်လောက်သလဲ သိပါ။ တယောက်နဲ့တယောက် လိုတာ မတူပါ။ တယောက်တည်းမှာတောင် တချိန်နဲ့တချိန် လိုအပ်တာ မတူပါ။ သူများပြောတိုင်း မယုံပါနဲ့။ ကြော်ငြာကောင်းတိုင်း မယုံပါနဲ့။

1. Tonics for Children ကလေးအားဆေး https://doctortintswe.blogspot.com/2017/06/tonics-for-children.html
2. Prenatal capsule ကိုယ်ဝန်ဆောင်အားဆေး https://doctortintswe.blogspot.com/2014/11/pregnancy-prenatal-capsule.html
3. Prenatal Vitamins ကိုယ်ဝန်ဆောင်အားဆေး အကောင်းနဲ့ အဆိုး https://doctortintswe.blogspot.com/2016/04/prenatal-vitamins.html
4. Probiotics ပရိုဘိုင်အောတစ် https://doctortintswe.blogspot.com/2015/07/probiotics.html
5. Obimin and Omega-3 (အိုဗီမင်) နဲ့ (အိုမီဂါ သရီး) https://doctortintswe.blogspot.com/2016/06/obimin-and-omega-3.html
6. Omega Kids ကလေးတိုင်းအတွက်တော့မဟုတ် https://doctortintswe.blogspot.com/2017/11/omega-kids.html
7. Omega-3 and Pregnancy အိုမီဂါ နှင့် ကိုယ်ဝန် https://doctortintswe.blogspot.com/2017/05/omega-3-and-pregnancy.html
8. Omega-3 အိုမီဂါသရီး ဘာလို့ နာမည်ကြီး https://doctortintswe.blogspot.com/2015/06/omega-3.html
9. Calcium အမျိုးသမီး နဲ့ ကယ်လ်စီယမ် https://doctortintswe.blogspot.com/2016/02/calcium.html
10. Furamin BC သံဓါတ်အားဆေး https://doctortintswe.blogspot.com/2014/11/iron-supplements.html
11. Folic acid ဖေါလစ်-အက်စစ် http://doctortintswe.blogspot.com/2014/11/folic-acid.html
12. Tonics အားဆေး https://doctortintswe.blogspot.com/2014/11/tonics.html
13. Centrum အားဆေး https://doctortintswe.blogspot.com/2016/11/centrum.html
14. Iron သံဓါတ် https://doctortintswe.blogspot.com/2017/04/iron-supplements.html
15. Liver Tonics အသဲအားဆေး https://doctortintswe.blogspot.com/2018/09/liver-tonics.html

ကြော်ငြာဆေးလည်း အများကြီး။ ဒေါက်တာအမျိုးသမီး၊ ဒေါက်တာအမျိုးသား၊ ဒေါက်တာယိုးဒယား၊ ဖြည်စွက်စာဆိုသောဆေး၊ ဂျင်မ်သုံးဆေး၊ ဘယ်က ထုတ်ဆိုတဲ့ဆေး၊ ဂျပန် အမေရိကန်ကဆိုတဲ့ဆေး၊ ဖြေရတာ အားနာရတာတွေက များတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၉-၂၀၁၉

ကူးစက်နေသော မြန်မာစာရေးနည်းများ

ဆရာရှင့် သမီး လူအများအလယ်ထွက်တဲ့အခါတွေမှာ state တွေပေါ်မာ တက်ရတော့မယ်အခါတွေမာ မတက်ခင်မာလဲ ဆောက်တည်ရာမရ တွေဖစ် စိတ်နက်လူနက်မကပ် ဘယ်လိုမှထိန်းချုပ်လို့မရဘူး state ပေါ်ရောက်တဲ့အခါတွေမာလဲ တလွဲတွေဖစ် နက် ကိုယ်ကိုကိုယ်မကျေနပ်နိုင်ဖစ်ရပါတယ် အရမ်းစိုးရိပ်စိတ်တွေလွန်ကဲပါတယ်ဆရာ ခြေဖျားလက်ဖျားတွေအေးစက်လာပီးတော့ ရင်တွေတုန် ဖစ်ရပါတယ်ဆရာ သမီးအနေနက် စိတ်ငြိမ်ဆေး သောက်သင့်လားရှင့် သောက်ရမယ်ဆိုရင်လဲ ဘယ်လိုဆေးကိုသောက်သင့်ပါသလဲရှင့် အကြံပြုစေလိုပါတယ်ရှင့် လေးစားစွာဖြင့်

မာ ဖစ် နက် stage ပီး သတ်ပုံတွေ မှားနေ။ သတ်ပုံကြောင့် မဖြေတာ မဟုတ်။ အသက် အချက်အလက်တွေ မသိ။

1. Buffalo Neck ကျွဲပခုံး https://doctortintswe.blogspot.com/2019/01/buffalo-neck.html
2. Full Stop မြန်မာစာမှာ ဖူးလ်စတော့ မရှိပါ https://doctortintswe.blogspot.com/2019/01/full-stop.html
3. Hard Neck လည်ပင်းမာ သို့မဟုတ် မပျော့သောလည်ပင်း https://doctortintswe.blogspot.com/2019/08/hard-neck.html
4. Hard Surface မာသောနိုင်ငံခြား မမာသောမြန်မာစာ https://doctortintswe.blogspot.com/2019/09/hard-surface.html
5. Hi Grandpa အဘရောဂါ အဆက် https://doctortintswe.blogspot.com/2019/02/hi-grandpa.html
6. Hooping Cough ဟု သို့မဟုတ် ကြက်ညှာချောင်းဆိုးသံ https://doctortintswe.blogspot.com/2019/09/hooping-cough.html
7. P B D ရောဂါများ https://doctortintswe.blogspot.com/2018/10/p-b-d.html
8. P ပီ https://doctortintswe.blogspot.com/2017/02/p.html
9. P ပီ ကူးစက်ရောဂါ https://doctortintswe.blogspot.com/2017/02/p.html
10. The End ပြီးပါပြီ https://doctortintswe.blogspot.com/2016/10/the-end.html
11. ကနေကြသော အိမ်ထောင်သည် ကလေးအမေနှင့် ဆရာမများသို့ https://doctortintswe.blogspot.com/2019/09/blog-post_52.html
12. ကျိ https://doctortintswe.blogspot.com/2018/01/blog-post_7.html
13. ကျိ ကြိ ကြည့် https://doctortintswe.blogspot.com/2016/12/blog-post_19.html
14. ချုပ်ရိုးပေါ်မာဆိုတာ ချုပ်ရိုးက မာနေတာလား https://doctortintswe.blogspot.com/2019/08/blog-post_58.html
15. တယ် နှင့် တရ် https://doctortintswe.blogspot.com/2017/02/blog-post_11.html
16. တရ် သို့မဟုတ် ကုလားသံ https://doctortintswe.blogspot.com/2016/12/blog-post_91.html
17. နင် နင့် နက် နဲ့ https://doctortintswe.blogspot.com/2019/05/blog-post_393.html
18. ပါပီ ကျိ တေ ဖစ် ကူးစက်ရောဂါများ https://doctortintswe.blogspot.com/2019/08/blog-post_86.html
19. ပီ နဲ့ ပြီ https://doctortintswe.blogspot.com/2019/01/blog-post_59.html
20. ပီ ပြီ ပြီး https://doctortintswe.blogspot.com/2018/01/blog-post_30.html
21. ပု https://doctortintswe.blogspot.com/2017/08/blog-post_15.html
22. ဖတ်ရဝူး https://doctortintswe.blogspot.com/2018/11/blog-post_73.html
23. ဘ ဘို ဘယ် https://doctortintswe.blogspot.com/2019/04/blog-post_6.html
24. မာ နှင့် မှာ https://doctortintswe.blogspot.com/2018/01/blog-post_19.html
25. မာ နှင့် မှာ သို့မဟုတ် မာသောအရိုး မာသောအိမ် မာသောရန်ကုန် https://doctortintswe.blogspot.com/2019/01/blog-post_82.html
26. မြန်မာစာကို မှန်အောင်မရေးကြသူများကို မြန်မာလူမျိုးဟုခေါ်သည် https://doctortintswe.blogspot.com/2019/08/blog-post_39.html
27. မြန်မာစာမှာ ပီး မရှိပါ https://doctortintswe.blogspot.com/2019/01/blog-post_560.html
28. မြန်မာမာဆိုတာ ဘယ်မှာရှိပါသလဲ https://doctortintswe.blogspot.com/2019/07/blog-post_97.html
29. မြန်မာနိုင်ငံမှာ ကူးစက်ရောဂါသစ်များ ဖြစ်ပွါးနေ https://doctortintswe.blogspot.com/2019/04/blog-post_53.html
30. သားအိမ်မာလို့ မရေးရ သားအိမ်မှာလို့ ရေးရ https://doctortintswe.blogspot.com/2019/05/blog-post_26.html
31. အဖုလေးတေ ချိုင်းကြားတေ ပေါင်ကြားတေ ဆေးခန်းတေ https://doctortintswe.blogspot.com/2019/03/blog-post_25.html
32. ခွေးကလေး ပါပီ ကြောင်ကလေး ပူစီ https://doctortintswe.blogspot.com/2018/10/blog-post_994.html
33. တေ နှင့် ပီး https://doctortintswe.blogspot.com/2018/09/blog-post_68.html
34. တွေ နှင့် တေ https://doctortintswe.blogspot.com/2019/01/blog-post_480.html
35. မောင်ဖစ် မဖစ် ကိုဖစ် ဦးဖစ် နှင့် ဒေါ်ဖစ်များသို့ https://doctortintswe.blogspot.com/2019/02/blog-post_808.html

ဒေါက်တာတင့်ဆွေ

Pills Question ကိုယ်ဝန်တားဆေးတွေမှာ အရောင်တူရင် ဆေးတူတယ်

(ကန်တော့)

၁။ ဆရာမင်္ဂလာပါ ကျွန်မတားဆေး marveloon 28 သောက်ပါတယ်ရှင့် ဆေးနံပါတ် ၁၅ သောက်ရမှာ ၂၀ ကိုသောက်လိုက်မိပါတယ်ရလာရှင့်သိချင်လို့ပါ

ဆေးသောက်နေသူ အသက် မသိ။ ရာသီ မသိ။

၂။ ဆရာရှင့် ကိုယ်ဝန်တားဆေးများကို ဆေးကဒ်နောက်ကျောပါ နံပါတ်စဉ်အတိုင်းမသောက်ဘဲ ရပါသလားရှင့်။ တနေ့တလုံး ၂၁လုံးပြည့်အောင်သောက်သွားရင် ရပါသလားရှင့်။

ဆေးသောက်နေသူ အသက် မသိ။ ရာသီ မသိ။

မေးခွန်းတွေက နမူနာသာဖြစ်တယ်။ ဒီမေးခွန်းကို ခဏခဏတင်ထားပြီး။ စာရိုက်သူတွေ အင်္ဂလိပ်စာလုံးနဲ့ မြန်မာစာလုံး၊ စာနဲ့ ဂဏန်းကို တကွက်မခြာပဲရိုက်ကြသူတွေက အတော်ကို များတယ်။

ကိုယ်ဝန်တားဆေးတွေမှာ အရောင်တူရင် ဆေးတူတယ်။ ၁-၂-၃ နံပတ်တွေ၊ မြားတွေ (မျှား မဟုတ်)၊ တနင်္ဂနွေ တနင်္လာတွေ၊ လက်ညှိုးပုံတွေက ဆေးသောက်သူ မှတ်ရတာလွယ်စေအောင် လုပ်ပေးထားတာသာဖြစ်တယ်။

၂၈ လုံးပါတာဖြစ်ဖြစ် ၂၁ လုံးပါတာဖြစ်ဖြစ် တနေ့တလုံးသာဆေးအရောင်တူတာကို မှန်မှန်သောက်ရတယ်။

Pills Q and A တားဆေး အမေးအဖြေ https://doctortintswe.blogspot.com/2014/12/pills-q-and-1.html

ဒေါက်တာတင့်ဆွေ

စာရေးတာ အလွန်ကိုမှားတဲ့ မေးခွန်းဖြစ်တယ်

ဒေ b ပု ဟုကပ် ဖိ အက်

သမီးဆိုသူ အသက် အချက်အလက်တွေ မသိအောက်မှာ မေးတယ်။ ဆရာ သမီးအကိုက အသည်းရောဂါ ရှိနေဒေတဲ့ b လား cလားဆိုတာ မသိသေးပု ဆေးနည်းလေးညွန်ပါအုံး တဲ့။

မေးနည်းအကြောင်းတင်ထားတာကို ဖတ်ပါသလား။ သမီးအကိုဆိုသူ အသက် အချက်အလက်တွေ မသိ။

မသိသေးပု ဆိုတာကို နားမလည်။ ပုဆိုတာ မရှည်တာ။ ဒေတဲ့လည်း နားမလည်။ ဒေဆိုတာ ဒေဝဒတ်။

ကွန်မင့်ဖတ်တာနဲ့ ဘီပိုး စီပိုး ဘယ်လိုပုဂ္ဂိုလ်က သိနိုင်မှာလဲ။ မေးနည်းစည်းကမ်း ပို့လိုက်တယ်။

ဟုကပ် အသက်က ၂၄ ဆေးစစ်တာက အသဲရောဂါ တဲ့

ကျား မ မသိ။ အသဲမှာ ရောဂါအမျိုးမျိုးရှိ။

ဆရာဝန်က အသည်းရောဂါ ဖိနေbတဲ့ အစာအိမ် ရောဂါလဲဖိနိုင်ခြေရှိဒေတဲ့ ကျန်တာကဘာမှ မဖိသေးပုတဲ့
အက်လိုပြောတာ

စာရေးတာ အလွန်ကိုမှားတဲ့ မေးခွန်းဖြစ်တယ်။

ဟုတ်၊ ဟုတ်ကဲ့လို့ ရေးရတယ်။

B စာလုံးပါတိုင်း အသဲရောင်ဘီလား စဉ်းစားရတယ်။

ဖြစ်နိုင်ချေရှိတယ်လို့ ရေးရတယ်။ ဖိဆိုတာ အပေါ်ကနေဖိထားတာ။ ဒေဆိုတာ ဒေဝဒတ်လို့ ဖြေပြီးသား။ ပုဆိုတာ အရပ်ပုတာလို့လည်း ဖြေပြီးသား။

အက်ဆိုတာ အသံအက်တာ၊ ကွဲအက်တာ။ နောက်ထပ် မမေးတော့ပါရန်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၈-၉-၂၀၁၉

Fat Suction Machine ကြော်ငြာဆေးနည်းတခုဖြစ်တယ်

အဒိလို အဆီထုတ်မယ်ဆိုရင် နောက်တချိန် ဘယ်လို ဆိုးကျိုးတွေ ဖြစ်စေပါသလဲ ဆရာ သမီး ဗိုက်က အရမ်းပူပါတယ် အာ့ကြောင့် အခုလို အဆီထုတ်ချင်လို့ပါ ဆရာ အခု သမီးအရပ်က ၅ပေ ၁ခွဲ ကီလိုက ၆ဝဖြစ်နေပါတယ်ဆရာ အရမ်းကို ကြည့်ရဆိုး နေပါတယ်

ကြော်ငြာနည်းတခုဖြစ်တယ်။

Baschi Pink Quick Slimming ပိန်ဆေးကြော်ငြာ https://doctortintswe.blogspot.com/2015/03/baschi-pink-quick-slimming.html
Baschi ပိန်ဆေး ဆက်ရေးခြင်း https://doctortintswe.blogspot.com/2017/05/baschi.html
Crash diets ပိန်စာ http://doctortintswe.blogspot.com/2014/11/crash-diets.html
Low-fat diets for weight loss အဆီနည်းအစာနဲ့ ဝိတ်လျှော့ခြင်း https://doctortintswe.blogspot.com/2017/08/low-fat-diets-for-weight-loss.html
Orlistat ပိန်ဆေး https://doctortintswe.blogspot.com/2015/10/orlistat.html
Weight loss pills are dangerous ပိန်ဆေးတွေအန္တရာယ် http://doctortintswe.blogspot.com/2015/04/weight-loss-pills-are-dangerous.html
Weight loss ပိန်ချင်သလား https://doctortintswe.blogspot.com/2014/11/weight-loss.html
Xenical ဇန်နီကယ် http://doctortintswe.blogspot.com/2015/06/xenical.html

ဒေါက်တာတင့်ဆွေ

ဆရာဝန်များ ပညာပြိုင်ခဏ်း

မုံရွာက သူငယ်ချင်း ဘာသာပြန်စာရေးဆရာက ဆေးရုံဆင်းပြီလို့ ရေးတယ်။

ဆရာဝန်တွေ ပြိုင်ကြတယ်။

အလာတုန်းကအကောင်း အပြန်မှာ ချိုင်းထောက်နဲ့ဆိုတာ ခွဲစိတ်ဆရာဝန်။

အလာတုန်းက ဟောဟဲဟောဟဲ အပြန်မှာ အသက်ရှူချောင်သွားတာက သမားတော် ခေါ် ဆေးပညာဆရာဝန်။

အလာတုန်းက တယောက်တည်း အပြန်မှာ အပိုပါလာတာက သားဖွားမီးယပ်ဆရာဝန်။

မေးတာက ရောဂါ။ အဖြေမှာ သတ်ပုံစာပါ အဆစ်ပေးတာက ကျွန်တော်။ Smile! တချို့က ယူမသွား။ အဆစ် ထားရစ်တယ်။ No Smile!

ဒေါက်တာတင့်ဆွေ
၂၈-၉-၂၀၁၉

တကောင်သေခဲ့၍ တကောင်ကျန်နေပါသည်

ရှေးအခါက သောမဒတ္တ အမည်ရှိသော သူဆင်းရဲ ပုဏ္ဏားတဦးသည် အလွန်ရှက်တတ်ကြောက်တတ်သည်။ နွားတယှဉ်းနှင့် လယ်ယာလုပ်ကိုင် အသက်မွေးရာတွင် နွားတကောင် သေသဖြင့် ဗာရာဏသီမင်းထံတွင် တယှဉ်း ပြည့်အောင် နွားတကောင် တောင်းလိုလိုသောကြောင့် နွားတောင်းဂါထာကို တနှစ်ကျော်မျှ သားထံတွင် သင်အံ လေ့ကျက်လေသည်။

ထိုဂါထာ၏သဘောမှာ အရှင်မင်းကြီး ကျွန်ုပ်၏ နွားနှစ်ကောင်တွင် တကောင်သေခဲ့၍ တကောင်လိုနေပါသည်။ ထို လိုသောနွားကို ပေးပါလော့ဟု ဖြစ်သည်။

သို့သော်လည်း မင်းရှေ့သို့ရောက်သောအခါ ရှက်ကြောက် လန့်ထိတ်သောကြောင့် ယောင်မှားကာ အရှင်မင်းကြီး ကျွန်ုပ်၏ နွားနှစ်ကောင်တွင် တကောင်သေခဲ့၍ တကောင်ကျန်နေပါသည်။ ထို ကျန်သောနွားကို ယူပါလော့ဟု ဖောက်ဖောက် ပြန်ပြန် လျှောက်ထားမိလေသည်။

၅၅၀၊ ဒုကနိပါတ်၊ သောမဒတ္တဇာတ်ကို ကိုးကားပြီး ဆရာမင်းသုဝဏ်က မြန်မာစာမြန်မာမှုစာအုပ်၊ ဟဿရသအခန်းမှာ ရေးသားထားတာဖြစ်ပါတယ်။

ခုခေတ်မှာတော့ မြန်မာစာကို ဖောက်ဖောက်ပြန်ပြန် ရေးသားနေကြပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၉-၂၀၁၉

Friday, September 27, 2019

Mosquito question ခြင်နှိမ်နင်းရေးမေးခွန်း

ဆရာမင်္ဂလာပါရှင့် ကျွန်မတို့က ပခုက္ကူဘက်ကပါ ကျွန်မတို့ရွာဘက်တွေမှာ ခြင်တွေကဆုပ်ပက်ထားသလိုကို ပေါပါတယ် အိမ်မှာက တနှစ်အရွယ် ကလေးရှိလို့ ခြင်ဆေးမထွန်းရဲ ခြင်ဖြန်းဆေးမသုံးရဲပါဘူးရှင့် အဲဒါ ဘာဆေးသုံးရင် အဆင်ပြေမလဲရှင့်

1. Best Insect Repellents for Kids ကလေးတွေသုံးနိုင်တဲ့ခြင်ဆေး https://doctortintswe.blogspot.com/2016/02/best-insect-repellents-for-kids.html
2. Insecticide-Treated Bed Nets ခြင်ထောင်ကို ခြင်ဆေးစိမ်နည်း https://doctortintswe.blogspot.com/2016/10/insecticide-treated-bed-nets.html
3. Mosquito control summary ခြင်နှိမ်နင်းရေးအချုပ် http://doctortintswe.blogspot.com/2016/02/mosquito-control-summary.html
4. Mosquito control ခြင်နှိမ်နင်းရေး http://doctortintswe.blogspot.com/2016/02/mosquito-control.html
5. Mosquito fogging ခြင်ဆေးမှုတ်ခြင်း http://doctortintswe.blogspot.com/2016/08/mosquito-fogging.html
6. Mosquito question ခြင်နှိမ်နင်းရေးမေးခွန်း https://doctortintswe.blogspot.com/2016/05/mosquito-question.html
7. Mosquito-Borne Diseases ခြင်ကတဆင့် ကူးစက်ရောဂါများ http://doctortintswe.blogspot.com/2016/02/mosquito-borne-diseases.html
8. Mosquitoes ခြင်မတွေ သတိထား http://doctortintswe.blogspot.com/2017/01/mosquitoes.html

ဒေါက်တာတင့်ဆွေ

ဦးကြင်ဥရေးသားတဲ့ ပါပဟိန် ပြဇာတ်

အောင်ချာနဂရ တိုင်းပြည်တည်၍ ဗြဟ္မာ့သဟံမင်းကြီးနန်းစံစေ။ တိုင်းရေးပြည်ရေး သာသနာတော်ရေး သားတော် သမီးတော် အရေးများကို ဝန်တို့နှင့် မေးမြဲတိုင်း မေးပြီးလျှင် တခဏ်းရပ်။

မြောက်နန်းမိဖုရားနှင့် သားတော် ပါပဟိန်တို့ တိုင်ပင်ခဏ်း

မြောက်နန်းမိဖုရားက သားတော် ပါပဟိန်ကို ခေါ်စေ။

မြပုတ္တာနှစ်၊ တရာသက်ဝယ်၊ ဘယက်သွယ်တို့၊ လည်ဝယ်ရစ်သည့်၊ ရွှေကျစ်ကြိုးလိမ်၊ ပါပဟိန်။ မထိမ်မမြူး၊ မယ့်ကျေးဇူးကြောင့်၊ ကြည်နူးသဒ္ဓါ၊ ဘ ရိုက်ရာကို၊ နောင်လာမဲ့သား၊ နို့စို့ရွယ် ခါလယ်သားက၊ တိုင်းကား ရွှေပြည်၊ အပ်နှင်းမည်ဟု၊ ရည်ရွယ်ဂတိ၊ ဆိုချက်ရှိပါသည်၊ သတိသာထားပါတော့ သားတော်မောင်ငဲ့။

ကျွန်တော်တို့ ကျောင်းသားဘဝမှာ တခဏ်း၊ တရာ၊ သတ်ပုံတွေအတိုင်း သင်ယူခဲ့ရပါတယ်။ သတိသာထားပါတော့ မြန်မာစာရေးသူများငဲ့။

ဒေါက်တာတင့်ဆွေ

ကူးစက်နေသော မြန်မာစာရေးနည်းများ

1. Buffalo Neck ကျွဲပခုံး https://doctortintswe.blogspot.com/2019/01/buffalo-neck.html
2. Full Stop မြန်မာစာမှာ ဖူးလ်စတော့ မရှိပါ https://doctortintswe.blogspot.com/2019/01/full-stop.html
3. Hard Neck လည်ပင်းမာ သို့မဟုတ် မပျော့သောလည်ပင်း https://doctortintswe.blogspot.com/2019/08/hard-neck.html
4. Hard Surface မာသောနိုင်ငံခြား မမာသောမြန်မာစာ https://doctortintswe.blogspot.com/2019/09/hard-surface.html
5. Hi Grandpa အဘရောဂါ အဆက် https://doctortintswe.blogspot.com/2019/02/hi-grandpa.html
6. Hooping Cough ဟု သို့မဟုတ် ကြက်ညှာချောင်းဆိုးသံ https://doctortintswe.blogspot.com/2019/09/hooping-cough.html
7. P B D ရောဂါများ https://doctortintswe.blogspot.com/2018/10/p-b-d.html
8. P ပီ https://doctortintswe.blogspot.com/2017/02/p.html
9. P ပီ ကူးစက်ရောဂါ https://doctortintswe.blogspot.com/2017/02/p.html
10. The End ပြီးပါပြီ https://doctortintswe.blogspot.com/2016/10/the-end.html
11. ကနေကြသော အိမ်ထောင်သည် ကလေးအမေနှင့် ဆရာမများသို့ https://doctortintswe.blogspot.com/2019/09/blog-post_52.html
12. ကျိ https://doctortintswe.blogspot.com/2018/01/blog-post_7.html
13. ကျိ ကြိ ကြည့် https://doctortintswe.blogspot.com/2016/12/blog-post_19.html
14. ချုပ်ရိုးပေါ်မာဆိုတာ ချုပ်ရိုးက မာနေတာလား https://doctortintswe.blogspot.com/2019/08/blog-post_58.html
15. တယ် နှင့် တရ် https://doctortintswe.blogspot.com/2017/02/blog-post_11.html
16. တရ် သို့မဟုတ် ကုလားသံ https://doctortintswe.blogspot.com/2016/12/blog-post_91.html
17. နင် နင့် နက် နဲ့ https://doctortintswe.blogspot.com/2019/05/blog-post_393.html
18. ပါပီ ကျိ တေ ဖစ် ကူးစက်ရောဂါများ https://doctortintswe.blogspot.com/2019/08/blog-post_86.html
19. ပီ နဲ့ ပြီ https://doctortintswe.blogspot.com/2019/01/blog-post_59.html
20. ပီ ပြီ ပြီး https://doctortintswe.blogspot.com/2018/01/blog-post_30.html
21. ပု https://doctortintswe.blogspot.com/2017/08/blog-post_15.html
22. ဖတ်ရဝူး https://doctortintswe.blogspot.com/2018/11/blog-post_73.html
23. ဘ ဘို ဘယ် https://doctortintswe.blogspot.com/2019/04/blog-post_6.html
24. မာ နှင့် မှာ https://doctortintswe.blogspot.com/2018/01/blog-post_19.html
25. မာ နှင့် မှာ သို့မဟုတ် မာသောအရိုး မာသောအိမ် မာသောရန်ကုန် https://doctortintswe.blogspot.com/2019/01/blog-post_82.html
26. မြန်မာစာကို မှန်အောင်မရေးကြသူများကို မြန်မာလူမျိုးဟုခေါ်သည် https://doctortintswe.blogspot.com/2019/08/blog-post_39.html
27. မြန်မာစာမှာ ပီး မရှိပါ https://doctortintswe.blogspot.com/2019/01/blog-post_560.html
28. မြန်မာမာဆိုတာ ဘယ်မှာရှိပါသလဲ https://doctortintswe.blogspot.com/2019/07/blog-post_97.html
29. မြန်မာနိုင်ငံမှာ ကူးစက်ရောဂါသစ်များ ဖြစ်ပွါးနေ https://doctortintswe.blogspot.com/2019/04/blog-post_53.html
30. သားအိမ်မာလို့ မရေးရ သားအိမ်မှာလို့ ရေးရ https://doctortintswe.blogspot.com/2019/05/blog-post_26.html
31. အဖုလေးတေ ချိုင်းကြားတေ ပေါင်ကြားတေ ဆေးခန်းတေ https://doctortintswe.blogspot.com/2019/03/blog-post_25.html
32. ခွေးကလေး ပါပီ ကြောင်ကလေး ပူစီ https://doctortintswe.blogspot.com/2018/10/blog-post_994.html
33. တေ နှင့် ပီး https://doctortintswe.blogspot.com/2018/09/blog-post_68.html
34. တွေ နှင့် တေ https://doctortintswe.blogspot.com/2019/01/blog-post_480.html
35. မောင်ဖစ် မဖစ် ကိုဖစ် ဦးဖစ် နှင့် ဒေါ်ဖစ်များသို့ https://doctortintswe.blogspot.com/2019/02/blog-post_808.html

ဒေါက်တာတင့်ဆွေ

ပြုံးမိတယ်

လယ်ကညို့ငယ်နှင့်၊ မယ်တို့ရဲ့တောရွာ၊
ကောက်ငန်းငယ်သာ၊ သင်းပြာပြာ ဝေခတောက်ကယ်နှင့်၊
လေသောက်ရာထုံကြူ၊
မစုံသူ ဖော်မလွမ်းသော်ကော့၊ ကန်စွန်းငယ်
ရေဖေါင်ဆင်လို ယဉ်လှတယ်လေး။

စစ်စလီငယ်၊ ပြာပီရေကြက်၊ မောက်တင်ငှက်တို့၊
လယ်ကွက်တခို၊ ရိုးကျလျှိုက၊ လူလိုဘဲကြင်၊
မယ်နှစ်မလွမ်းစထွင်လို့၊ မရွှင်နေကုန်၊
သည်တဝှမ်းမှာလှ၊ အလွမ်းသာဆုံတော့၊
ဖော်မစုံတကိုယ်မှာ၊ ရွှေမိုးညို ပတ်ကာချုန်းပါလို့၊
ပြုံးမိတယ်လေး။ (ဦးကြီး)


လယ်ကွက်တခို၊ လယ်ကွက်တခို၊ သည်တဝှမ်းမှာလှ၊ ဖော်မစုံတကိုယ်မှာ၊ သတ်ပုံတွေမှာ စသတ်နဲ့ မရေးပါ။ ရေဖေါင်နဲ့ ဖော်မစုံတွေမှာ အသတ်ကို တရားသေမထားပါ။ လူလိုဘဲကြင်မှာ လူလိုပဲကြင်လို့ မရေးပါ။

အဲတာကြောင့် ခုခေတ်မြန်မာစာ မပြုံးနိုင်စရာ။

ဒေါက်တာတင့်ဆွေ
၂၇-၉-၂၀၁၈

Doctor-patient ဆရာဝန်နဲ့ လူနာဆက်ဆံရေး

ဟုတ်ကဲ့ရှင့် ကျေးဇူးအများကြီးတင်ပါတယ်နော်ဆရာ။

ဆရာဝန်တယောက်ဆီ စာရေးတာမှာ နော် မထည့်သင့်။ ထည့်ရေးတာတွေ့တိုင်း ပြန်ပြောပါတယ်။ အခုစာက စာရေးလာသူတဦးတည်းအတွက် မဟုတ်ပါ။

Doctor-patient relationship (1) လူနာ-ဆရာဝန် ဆက်ဆံရေး (၁) https://doctortintswe.blogspot.com/2015/09/doctor-patient-relationship.html
Doctor-patient relationship (2) ဆရာ-လူနာ ဆက်ဆံရေး (၂) https://doctortintswe.blogspot.com/2015/04/doctor-patient-relationship-3.html
Doctor-patient relationship (3) ဆရာ-လူနာ ဆက်ဆံရေး (၃) https://doctortintswe.blogspot.com/2017/04/doctor-patient-relationship-3.html
Doctor-patient relationship (4) ဆရာဝန် လူနာ ဆက်ဆံရေး (၄) https://doctortintswe.blogspot.com/2019/07/doctor-patient-relationship-4.html
Doctor-patient ဆရာကြီး မဟုတ်ပါ https://doctortintswe.blogspot.com/2017/12/doctor-patient.html

ဆရာဝန်နဲ့ လူနာဆက်ဆံရေးဆိုတာ တည်တည်တန့်တန့် အပြန်အလှန်လေးစားမှု လိုအပ်တယ်။ တွယ်ကပ်မှု အမျိုးစပ်မှု မပါရပါ။ ယဉ်ကျေးမှု ရှိအပ်တယ်။

မေးခွန်း အတော်များများက စာရေးနည်းရော သတ်ပုံတွေပါ သမီးရည်းစား လင်မယား ဖေ့စ်ဘွတ်ဖရင်းတွေကို ရေးသလို ရေးနေကြတယ်။ မသင့်မှန်ပါ။

ဒေါက်တာတင့်ဆွေ
၂၆-၉-၂၀၁၉

ကင်းဝန်မင်းကြီး မေတ္တာစာ


မြန်မာသတင်းစာဆရာခင်ထံ တတိယပေးစာ

၁၂၃၆ ခု ကဆုန်လဆန်း ၇ ရက်နေ့ သီဟိုဠ်ကျွန်းစင်း ခေါ်သည့် မီးသင်္ဘောပေါ်တွင် ရေးသည့်စာ။

၎င်းပင်လယ်အတွင်း ဘုရားရွှေဘုန်းတော်မြတ်ကြောင့် လှိုင်းလေမရှိ ချမ်းချမ်းသာသာ ခြောက်ည ခုနစ်ရက်နှင့် သီဟိုဠ်ကျွန်း ဂါလုမြို့ ယခု ဂေါ ခေါ်သည့်ဆိပ်ကမ်းသို့ ဆိုက်ရောက် တညရပ်ဆိုင်း နားနေလှည့်ပတ် ကြည့်ရှုကြပါသည်။   ။ သည်ကိုရည်၍ -

စင်္ကာမြို့က၊ ရှေ့သို့ကိုရည်ခဲ့သော်။
စေလံဂျန်းနှင့် မှန်းလိုက်ရင် တူရူဝယ်ပ၊ ပြန့်ပြင်ကျယ် ပင်လယ်ကွေ့ငယ်၊ ဘေးအောက်ဘင်္ဂေါ်။
ရက်မချန် စက်ပျံစင်းနှင့်၊ လျင်ပြင်းချီခဲ့ ထွက်တော့ခါ၊ လှိုင်းလေယက်မျှမပေါ်၊ ဘုန်းတော်ကြောင့်ကြည်ဧး။
ဂေါဂါလု သာနုပျော်ဘွဲ့စေ၊ သည်မြေမှာ တန်ငယ်လင့်လို့၊ မြှော်သင့်ရာမြှော်တော့ခါ၊ ပြည်တော်ကို ရည်ရော်မိသည်နှင့်၊ သဲခင်ထိတွေး။ ဟူ၍ ဘွဲ့ဆို စီကုံးလေသည်။

၁၂၃၆ ခုဆိုတာ ၁၈၇၄ ခုနှစ်ဖြစ်ပါတယ်။ စင်္ကာမြို့ဆိုတာ စင်္ကာပူ။ ဘေးအောက်ဘင်္ဂေါ်ဆိုတာ ဘင်္ဂလားပင်လယ်အော်။

မြှော်သင့်ရာမြှော်တော့ခါ နဲ့ တညရပ်ဆိုင်းသတ်ပုံတွေ သတိထားသင့်ပါတယ်။

ကင်းဝန်မင်းကြီး မေတ္တာစာ

မြန်မာသတင်းစာဆရာခင်ထံ တတိယပေးစာ အဆက်

၁၂၃၆ ခု ကဆုန်လဆန်း ၇ ရက်နေ့ သီဟိုဠ်ကျွန်းစင်း ခေါ်သည့် မီးသင်္ဘောပေါ်တွင် ရေးသည့်စာ။

ဆယ်ရောင်ပြိုင် ဂီရန်မှူး၊ ရှည်ကြူးစံတဲ့မြေ။
သည်ကထွက်ခဲ့ရင်၊ လှိုင်းယက်ကယ်ရေပြင်မှာဖြင့်၊ ငွေသင်ဖျာ သာပြန့်ခင်းနှယ်သို့၊ မြင်တွင်းကြည်စဘွဲ့၊ စိမ်းလဲ့ယဉ်ထွေ။
ရှစ်ခွင်ကို မမြှော်ရက်ပါဘု၊ ဘော်မက်သူသဲ့ရွှေမှာကွယ်၊ ကွဲကြေဘွဲ့ စခန်း။
လင်္ကာကျွန်း၊ မြောက်ယွန်းထောင့်ခတ်ဆွယ်၊ တနယ် တပယ်ခွင်မို့၊ ဆိုက်မဝင် မြင်ယုံမျှငယ်၊ ဝေးကမျက်မှန်း။

တနယ် တပယ်ခွင်မို့ သတ်ပုံကို တင်ပြပါတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၉-၂၀၁၉

မြေစိုက် ထရံကာ ကပ်မိုးမှသည်

စက်တင်္ဘာ ၂၇ ရက်နေ့။ အဖွဲ့ချုပ် ခေါ် NLD ပါတီတည်ထောင်ခြင်း နှစ်ပတ်လည်နေ့။ ပါတီဌာနချုပ် ပဌမဆုံး တည်နေရာပုံလည်း တွေ့တယ်။ သတင်းစာဖြတ်ပိုင်းပုံလည်း တွေ့တယ်။ သတိရတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့မှာ ပါတီရုံးလေးတခု ဖွင့်ခဲ့ကြတယ်။ မြေစိုက် ထရံကာ ကပ်မိုး။ ပုံမရှိပါ။ အဲဒီကာလမှာ ဖလင်သုံး ကင်မရာလေးတလုံးတောင် မတတ်နိုင်။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ မဲအနိုင်ရခဲ့ကြပါတယ်။

ကျွန်တော့်မွေးနေ့ရက်မှာ ပုလဲမြို့နယ်ပါတီရုံးသစ်အတွက် တတ်နိုင်တာသလောက်လေး အလှူငွေပို့လိုက်တယ်။

လာမဲ့ရွေးကောက်ပွဲမှာလည်း အနိုင်ရကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၆-၉-၂၀၁၉

October အောက်တိုဘာလ

၂ဝ၁၉ ခုနှစ် အောက်တိုဘာလဟာ မြန်မာလို ၁၃၈၁ ခုနှစ် သီတင်းကျွတ်လဆန်း ၃ ရက်နေ့ကနေ တန်ဆောင်မုန်း လဆန်း ၄ ရက်နေ့အထိ ကျရောက်တယ်။ အောက်တိုဘာ ၁၃ နေ့ဟာ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာနေ့ ဖြစ်ပါတယ်။ အောက်တိုဘာစကားလုံးဟာ လက်တင် octō ကနေလာတယ်။ ရှစ်ဖြစ်တယ်။ ပြက္ခဒိန်ပေါ်ကာစ ၁ဝ လသာ ပါစဉ်က အဋ္ဌမလဖြစ်လို့ပါ။ ကမ္ဘာ့မြောက်ဖက်ခြမ်းမှာ အေးတော့မယ်လို့ ဆိုလိုတယ်။

အောက်တိုဘာလ နှစ်ပါတ်လည်နေ့များ
အောက်တိုဘာ ၁ = တရုပ်အမျိုးသားနေ့၊ ဆိုက်ပရပ်စ် လွတ်လပ်ရေးနေ့၊ နိုက်ဂျီးရီးယား လွတ်လပ်ရေးနေ့။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့။
အောက်တိုဘာ ၂ = ဂန္ဒီမွေးနေ့၊ နိုင်ငံတကာ အကြမ်းမဖက်ရေးနေ့။
အောက်တိုဘာ ၃ = ဂျာမန်စည်းလုံးညီညွတ်မှုနေ့။
အောက်တိုဘာ ၄ = ကမ္ဘာ့တိရစ္ဆာန်နေ့။
အောက်တိုဘာ ၅ = ပေါ်တူကီနိုင်ငံတည်ထောင်သည့်နေ့။ နိုင်ငံတကာကျောင်းဆရာများနေ့။
အောက်တိုဘာ ၆ = ကမ္ဘာ့ ဗိသုကာနေ့။
အောက်တိုဘာ ၈ = ခရိုရေးရှား လွတ်လပ်ရေးနေ့။
အောက်တိုဘာ ၁ဝ = တိုင်ဝမ် အမျိုးသားနေ့။
အောက်တိုဘာ ၁၂ = စပိန် အမျိုးသားနေ့။ ကိုလန်ဘတ်စ်နေ့။ ကနေဒါ ကျေးဇူးတော်နေ့။
အောက်တိုဘာ ၁၅ = ကိုယ်ဝန်ဆောင်နှင့် သန္ခေသားဆုံရှုံးမှု သတိရခြင်းနေ့။
အောက်တိုဘာ ၁၆ = ကမ္ဘာ့ အစားအစာနေ့။
အောက်တိုဘာ ၂ဝ = ဝိညာဉ်နေ့။
အောက်တိုဘာ ၂၁ = ပန်းသီးနေ့။
အောက်တိုဘာ ၂၄ = ကမ္ဘာ့ကုလသမဂ္ဂနေ့။
အောက်တိုဘာ ၂၅ = ရိုမေးနီးယားတပ်မတော်နေ့။
အောက်တိုဘာ ၂၆ = သြစတြီးယား အမျိုးသေားနေ့။
အောက်တိုဘာ ၂၇ = စန့်ဗင်းဆင့်နှင့် ဂရင်နေဒင်းစ်လွတ်လပ်ရေးနေ့၊ တာ့ခ်မင်နီစတန်လွတ်လပ်ရေးနေ့။
အောက်တိုဘာ ၂၈ ရက် = သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့
အောက်တိုဘာ ၂၉ = တူရကီပြည်ထောင်စုနေ့။
အောက်တိုဘာ ၃၁ = ဒေဝါလီနေ့။
အောက်တိုဘာ ၃၁ = ဆလိုဗေးနီးယား ပြန်လည်တည်ဆောင်ခြင်းနေ့။ Halloween (All Hallows Eve) ဟယ်လိုဝင်းနေ့။

တလုံးဆောင်ရွက်စရာများ
• International Walk to School Day ကျောင်းသို့လမ်းလျှောက်ခြင်းလ။
• Brain Tumor Awareness Month ဦးနှောက်အကျိတ် အသိပညာပေးလ (ကနေဒါ)။
• Celiac Sprue Awareness Month စီးလီးယက် စပရူးရောဂါ အသိပညာပေးလ။
• Health Literacy Month အကျိုးပြုစာပေလ။
• Healthy Lung Month အဆုပ်ကျန်းမာရေးလ။
• Liver Awareness Month အသည်းပညာပေးလ။
• National Breast Cancer Awareness Month ရင်သားကင်ဆာလ (ယူအက်စ် + ကနေဒါ)
• National Dental Hygiene Month (US) သွားကျန်းမာရေးလ (ယူအက်စ်)
• National Down Syndrome (US) ဒေါင်းဆင်ဒရုမ်း အသိပညာပေးလ (ယူအက်စ်)
• National Infertility Awareness Month သားသမီးမရနိုင်ခြင်းအသိပညာပေးလ (ယူအက်စ်)
• National Domestic Violence Awareness Month အိမ်တွင်းအကြမ်းဖက်မှု အသိပညာပေးလ(ယူအက်စ်)
• National Lupus Erythematosus (US) လူးပတ်စ် အရစ်မတိုးဆပ်စ်ရောဂါ အသိပညာပေးလ (ယူအက်စ်)
• National Physical Therapy Month ရုပ်ပိုင်းကုသရေးလ (ယူအက်စ်)
• National Spina Bifida Awareness Month စပိုင်နာ ဘိုင်ဖစ်ဒါ အသိပညာပေးလ (ယူအက်စ်)
• Rett Syndrome Awareness Month ရက် ဆင်ဒရုမ်း အသိပညာပေးလ (ယူအက်စ်)
• Sudden Infant Death Syndrome (SIDS) ရုတ်တရက် မွေးကာစကလေးသေဆုံးခြင်း အသိပညာပေးလ
• World Blindness Awareness Month ကမ္ဘာ့မျက်မမြင် အသိပညာပေးလ။
• American Pharmacist Month အမေရိကန် ဆေးဝါးပညာရှင်များလ။
• Medical Ultrasound Awareness Month ဆေးဖက်သုံး အာလ်ထွာဆောင်း အသိပညာပေးလ။
• Mental Illness Awareness Week စိတ်ကျန်းမာရေး အသိပညာပေးလ။
• World Polio Day အောက်တိုဘာ ၂၄ ကမ္ဘာ့ ပိုလီယိုနေ့။

အောက်တိုဘာလ သင်္ကေတများ
• ကျောက်မျက်ရတနာ = Ruby ပတ္တမြား၊ Garnet ပတ္တမြားရောင်ကျောက်၊ Lucky Charms အစိမ်းရောင်ကျောက်၊ Aquamarine အပြာရောင်ကျောက်၊ Beryl အဝါရောင်ကျောက်၊ ဥသဖရားနှင့် ကြောင်ကျောက်။
• ပန်း (နိုင်ငံတကာ) = Calendula အဝါ-လိမ်မော်ရောင်ရှိသည့်ပန်း (မြန်မာလိုမသိပါ)။
• မြန်မာ့ ဆယ့်နှစ်ရာသီပန်း = ယင်းမာပန်း (တော်သလင်းလ) နဲ့  ကြာပန်း (သီတင်းကျွတ်လ)။
• ဆယ်နှစ်ရာသီခွင် = Libra တူရာသီ (အောက်တိုဘာ ၂၂ အထိ) + Scorpio ဗြိစ္ဆာရာသီ (အောက်တိုဘာ ၂၃ မှစ၍)။
• စားစရာ (ယူအက်စ်) ပီဇာလ၊ ပေါ့ကွန်လ၊  ဝက်သားလ၊ ဝက်အူချောင်းလ၊ ဒိန်ခဲလ။

1. January ဇန္နဝါရီလ http://doctortintswe.blogspot.com/2014/12/january.html
2. February ဖေဖေါ်ဝါရီလ http://doctortintswe.blogspot.com/2015/02/february.html
3. March မတ်လ http://doctortintswe.blogspot.com/2015/02/march.html
4. April ဧပြီလ http://doctortintswe.blogspot.com/2015/03/april.html
5. May မေလ http://doctortintswe.blogspot.com/2015/04/may.html
6. June ဇွန်လ http://doctortintswe.blogspot.com/2015/05/june.html
7. July ဇူလိုင် http://doctortintswe.blogspot.com/2015/06/july.html
8. August သြဂုတ်လ http://doctortintswe.blogspot.com/2014/11/august.html
9. September စက်တင်္ဘာလ http://doctortintswe.blogspot.com/2014/11/september.html
10. October အောက်တိုဘာလ http://doctortintswe.blogspot.com/2014/11/october.html
11. November နိုဝင်္ဘာလ http://doctortintswe.blogspot.com/2014/10/november.html
12. December ဒီဇင်္ဘာလ http://doctortintswe.blogspot.com/2014/11/december.html

ဒေါက်တာတင့်ဆွေ

ခရမ်းချဉ်

အလေ့ကျပေါက်နေတဲ့ ခရမ်းချဉ် နှစ်ပင်ကနေ အသီးခြောက်လုံးသီးနေပြီ။ နေ့တိုင်းထွက်ကြည့်တယ်။ တနေ့က မိတ်ဆွေ တယောက်အိမ်က ကိုယ်တိုင်စိုက်ထားတဲ့ ခရမ်းချဉ်းသီးတွေပေးလိုက်တယ်။ ကျေးဇူး။ အော်ဂဲနစ်ဖြစ်လို့ ဟင်းချက်တဲ့သူက စာဖွဲ့တယ်။ ထောပတ်ခဲ လှီးရသလိုပဲတဲ့။ စားတာတော့ ပြောမနေနဲ့ ဒါးနဲ့ကို ကောင်းမှန်းသိရသတဲ့။

အခုပဲ ခမ်းချဉ်သီးဟင်းချက်တဲ့သူက လာပြောတယ်။ ခရမ်းချဉ်သီးပင် ပိုင်ရှင်ပေါ်ပြီတဲ့။ ယုန်ကလေးတကောင်က ဖြတ်ဆွတ်ယူ မြေကြီးထဲတွင်းတူးပြီး မြှုပ်နေတာ မြင်ခဲ့ရသတဲ့။ သူတို့အတွက် ဆောင်းမှာ အစာခက်တယ်။ ကိုယ်စားရတာထက် အရသာရှိတယ်။

ယုန်ကလေးက နားရွက်ထောင် ဆောင်းတွင်းစာကို သူသိုလှောင်။

ဒေါက်တာတင့်ဆွေ
၂၇-၉-၂၀၁၉

Microplastics မိုက်ခရိုပလပ်စတစ် သောက်နေကြသူများ

ကနေ့ထွက် ဆေးသုတေသနသတင်းမှာ Premium teabags အကောင်းစား လက်ဖက်ခြောက်အိတ်ကလေးတွေထဲမှာ မိုက်ခရိုပလပ်စတစ် ခေါ် သေးငယ်လှတဲ့ ပလပ်စတစ်စလေးတွေ ဘီလီယန်များစွာ ပါနေပါသတဲ့။ ကနေဒါက ပညာရှင်တွေ လုပ်တဲ့လေ့လာမှုဖြစ်ပါတယ်။

သုတေသနလုပ်သူတွေက သောက်သုံးပြီးသား တီးဘက်လေးတွေကိုစုပြီး ရေထဲမှာ 95C (203F) အထိအပူပေးတယ်။ လက်ဖက်ခြောက်အိတ်တခုတည်းကနေ မိုက်ခရိုပလပ်စတစ်ပေါင်း 11.6bn ဘီလီယန် နဲ့ ပလပ်စတစ်မဟုတ်တာ 3.1bn ဘီလီယန်ရေတွက်လို့ရပါသတဲ့။ မျက်စိနဲ့မမြင်နိုင်အောင် သေးငယ်ကြတယ်။

အဲတာတွေဟာ ကျန်းမာရေးအတွက် အန္တရာယ်တွေပါ။ ဆောရီး။

5mm ထက်သေးငယ်တဲ့ မိုက်ခရိုပလပ်စတစ်ဆိုတာတွေက ကနေ့လူတွေ စားသောက်နေတာတွေ အတော်များများထဲမှာ ပါနေတယ်။ ရေသန့်ဗူးက အကောင်းဆုံးဥပမာတခု။

ဟိုရှေးရှေးတုန်းက သဘာဝနဲ့နီးနီးစပ်စပ် အဆင့်အတန်းနိမ့်နိမ့်သာ နေထိုင်စားသောက်လာခဲ့ကြရာကနေ ခုခေတ်မှာ တောက်ပြောင်လှပ ဆန်းပြား ခေတ်မီလှတာတွေကိုသာ အမှီသဟဲပြုနေကြတယ်။ ဟိုအရင်က မရှိခဲ့တဲ့ ရောဂါ အသစ်အဆန်းတွေလည်း တနေ့တခြား များသည်ထက် များလာတယ်။ လူသားတွေ ဘယ်ကိုဦးတည်နေကြသလဲ။

ဒေါက်တာတင့်ဆွေ
၂၇-၉-၂၀၁၉

စလပ်ပန်း

စလပ်ပန်း ဇလပ်ပန်း ဘယ်ဟာအမှန်ပါလဲ ဆရာ

မြန်မာ့စွယ်စုံကျမ်းမှာ စလပ်ပန်း။ သတ်ပုံစာအုပ်ဟောင်း ၂ အုပ်ထဲမှာ မပါ။ အသံထွက်တော့ ဇလပ်ပန်းသံ ထွက်ကြတာ များတယ်။

တလက်မခန့်၊ တလက်မခွဲခန့်၊ တထပ်ချင်း၊ တနှစ်ပတ်လုံး၊ ကော်တမျိုး၊

တနင်္သာရီ နဲ့ စစ်တကောင်း တို့ကို စမသတ်ကြသေးလို့ထင်ပါတယ်။ သတ်ပုံမှန်မှ ပန်းမွှေး၏။ မြန်မာစာလည်း မွှေး၏။

ဒေါက်တာတင့်ဆွေ
၂၇-၉-၂၀၁၉

တကိုယ်တော်

ကြောက်စိတ်ကုနည်းတမျိုး

တက္ကသိုလ်ဆုမြိုင်ရေးသားသည့် ၁၉၇၉ ခုနှစ်ထုတ် ၁၀ မိနစ် သို့မဟုတ် အောင်မြင်ရေးနည်း ၉၉ စာအုပ်

မိတ်ဆွေကောင်း တဦးနှင့် ဆုံဆည်း တွေ့ကြုံ ပေါင်းဖက်လိုက်ရသကဲ့သို့ရှိလှသည်။ (လုပ်သားပြည်သူ့နေ့စဉ် သတင်းစာ)

အဲဒီအချိန်က ဗိုလ်ချုပ်နေဝင်းခန့်တဲ့ မြန်မာစာအဖွဲ့ ခေါ် သတ်ပုံပြင်အဖွဲ့ကြီးက အာဏာမရသေးပါ။ ၁၉၈၀ နောက်ကစပြီး ကနေ့အထိ တတွေကို စသတ်မိန့်ပေးထားတယ်။ လူအတော်များများ ကြောက်စိတ်ကုနည်းတမျိုး လိုအပ်ကြတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၉-၂၀၁၉

Depression စိတ်ကျရောဂါ

မင်္ဂလာပါဆရာ။ ကျွန်တော် online မှာဆရာတင်တဲ့ post တခုမှ depresstion အကြောင်းတွေ့မိပြီး ဆရာနဲ့ အချိန်ခဏလောက် disscuss လုပ်ချင်လို့ပါဆရာ။ Depression ရဲ့ဝေဒနာကိုရောဂါအဖြစ်နဲ့ခန္ဓာကိုယ်က ဦးဏှောက်ဆဲတွေ မှားယွင်းမူဆိုပြီ။ ကျွန်တော် ညတွေလုံးဝမအိပ်ဘဲ မိုးလင်းမှအိပ်ကာ နေ့ရက်တွေကို မြန်မြန် ကုန်ဆုံးချင်စိတ်နဲ့ ဖြတ်ကျော်ခဲ့တာက ၁နှစ်ကျော်ပါပြီ။ အခန်းထဲလှောင်ပိတ်ကာ ညအချိန်ခဏလောက်သာ ဒီအချိန်တွေ အပြင်ခဏထွက်ဖြစ်ရုံဘဲရှိတယ်။ လူတွေနဲ့ဝေးပြီး အေးချမ်းဆိတ်ဆိတ်ညိမ်သက်မူဘဲ လိုချင်ရယူခဲ့ပါတယ်။ ပျော်စရာ မရှိတာကြာခဲ့ပါပြီ။ ယုတ်စွအဆုံး သင်္ကြန်ပြီးတာတောင် ပြီးလိုက်မှန်းမသိထိဖြစ်ခဲ့ဘူးတယ်။ အမေ့ကြောင့်သာ ကျွန်တော် ဆက်လက်ရှိနေသေးတယ်လို့ထင်မိတယ်ဆရာ။ အခုကျွန်တော်ဖြစ်နေတဲ့အခြေနေက ဘယ်လိုအခြေနေမှာ ရှိလဲ ဆိုတာရယ် ကျွန်တော့်ရဲ့တစ်ဖက်သက်ယူဆမူ့တွေကြောင့်depressionဖြစ်တာလားရယ်  ကိုယ်တိုင် ရုန်းထွက်မယ် ကြိုးစားခဲ့တိုင်း အစကပြန်စရတဲ့အခါ ခက်ခဲ့မူနည်းနည်းစတွေ့ရင်တောင် ဘဝကမတန်ဘူးဆိုပြီး ပြန်မျောသွားခဲ့တယ်။ ဒါကြောင့်မို့ဆရာ ကျေးဇူးပြုအကြံပေးဖို့တောင်းပန်ပါတယ်ဆရာ။ ကျွန်တော့်အသက်က ၂၃ ပါဆရာ။

စာ ၄ ပုဒ်အနည်းဆုံးရေးတင်ထားတယ်။ စိတ်အထူးကုဆရာဝန်နဲ့သာ တိုင်ပင်သင့်ပါတယ်။ ကျွန်တော်က ရိုးရိုးဆရာဝန်သာ ဖြစ်တယ်။ အဝေးကနေ မမြင်ရ မစမ်းသပ်ရသူကိုလည်း ဆေးကုသလို မလုပ်ပါ။

ဟုတ်ကဲ့ပါဆရာ

1. Depression (1) စိတ်ကျရောဂါ http://doctortintswe.blogspot.com/2014/11/depression-1.html
2. Depression (2) ပုထုဇ္ဇနော http://doctortintswe.blogspot.com/2014/11/depression-2.html
3. Depression (3) စိတ်ကျခြင်း http://doctortintswe.blogspot.com/2014/11/depression-3.html
4. Depression (4) စိတ်ကျရောဂါ ကမ္ဘာမှာ http://doctortintswe.blogspot.com/2014/11/depression-4.html
5. Depression In Pregnancy ကိုယ်ဝန်ဆောင်စဉ် စိတ်ဓါတ်ကျခြင်း https://doctortintswe.blogspot.com/2017/11/depression-in-pregnancy.html
6. Postpartum depression ကလေးဖွါးပြီးဖြစ်တဲ့ စိတ်ကျရောဂါ https://doctortintswe.blogspot.com/2016/02/postpartum-depression.html
7. Stress, depression and the holidays အားလပ်ရက်များနဲ့ စိတ်ကျန်းမာရေး https://doctortintswe.blogspot.com/2014/12/stress-depression-and-holidays.html

ဒေါက်တာတင့်ဆွေ
၂၇-၉-၂၀၁၉

Wednesday, September 25, 2019

နောက်တန်းလူနှင့်ထိ၍ ဂိုးဝင်ခြင်း

မောင်အောင်မွန်ရေးတဲ့ ဝတ္ထု

ကိုယ်တို့တတွေ တက္ကသိုလ်ရောက်မှ
ကိုယ်တို့တတွေ လုပ်နေကျအတိုင်း
သုံးလေးလနေလို့မှ တခေါက်မရောက်
တရက်ခြား နှစ်ရက်ခြား
တကယ်

ဒေါက်တာတင့်ဆွေ
၂၅-၉-၂၀၁၉
ပုံအတွက် ကျေးဇူး။

သူငယ်တန်းစာအတိုင်း ရေးသားသူ






ဆရာ့လို ပညာရှင်က စေတနာနဲ့ လမ်းပြပေးနေတာကို တန်ဖိုးထားရမှာပါ ကျေးဇူးအများကြီးတင်ပါတယ်။

ကျွန်တော်က ပညာရှင် မဟုတ်ပါ။ ငယ်ငယ်ကသင်ရတဲ့ သင်ပုန်းကြီးနဲ့ သူငယ်တန်းဖတ်စာအတိုင်း ရေးတဲ့သူ။ အသားလိုလို့ အရိုးတောင်းတာလည်း မဟုတ်ပါ။ ကျွန်တော်တို့ခေတ်က သူငယ်တန်း မြန်မာသင်ပုန်းကြီး ဖတ်စာသစ်ကိုသာ တင်ပြပါမယ်။

ဖတ်စာ (၂)
ညတည လသာသာ
ကားစီးလာပါ
မီးနီ အဆီးအတား
သတိထား

တညီတညာ
အနီးလာ
ဆရာ မိဘ
အားထားရ

ညစာစားသည်
ငပိပါသလား
အသီးစားပါ
မဆာက မစားရ

ဤခရီး နီးသလား
ငါးနာရီလာရ၏
မီးရထားစီးလာပါ
အလကားမစီးရ
ဤအရာ သတိထားပါ

ဖတ်စာ (၃)
မိသား တစု
ဘုရား ဖူး၏
ပုတီးပါသည်
သီလ ယူပါ
သာဓု သာဓု သာဓု

စားစရာ ယူလာပါ
လူ စီလာပါ
တဦးစီ လာပါ
လူ မယူရ
အတူ စားပါ

ရွတ်ဆိုရန်

ဆပ်သွားဖူး
ပျိုလေးတို့ငန်းဦး
ဆပ်သွားဖူးတဲ့ တရုံနှစ်ရုံ
ကျေးတွေကအုံ
မအုံပါနဲ့ ကိုရွှေကျေးရယ်
ပျိုတို့မောင် ရှင်လိင်ပြန်တော့
နားပန်ဘို့လေး။

ဖတ်စာ (၁၀)
လွှသမားများ လွှဆွဲနေကြသည်။
ဗလ ကြီး၏။
ခွဲစရာ များလှချည့်လား။
မျှမျှတတ ခွဲကြသည်။
ကြာ်ရှည် မခွဲရပါ။

သူ ရေရွှဲနေသည်။
အအေးမိ၍ နှာစေးပြီ။
နှာ ရှူပါစေ။
နွေးနွေးထား၍ အနားပေးပါ။
လူစည်သောနေရာ မသွားစေရ။

လူငယ်လူရွယ် တစု
စပါးလှေ့နေသည်
အဆာပြေ ပဲလှော်ဝါးပါ
ရေနွေးကြမ်းလည်း ရှိပါသည်
အကြော်အလှော် တပန်းကန်ပေးပါ

အသီးတရာ အညှာတခု
မြန်မာပြည် ညီညာသည်
မြေကြီးက ရွှေသီးရမည်
ရေနံ အမြန်တူးဖေါ်မည်
အပွဲပွဲမှာ နွဲကြမည်

ဖတ်စာ (၁၃)
ပြည်ထောင်စုသား
ကောင်းစားစေကြောင်း
အားပြည့်လောင်း၍
သောင်းသောင်းဖြဖြ ကြိုါ်ပမ်းကြ။

နေ့စဉ် ခေါင်းဖီးပါ။
သန့်ရှင်းအောင်ထားရမည်။
ဆီလူးလျှင် ဆံပင်ကောင်းသည်။
အပေါင်းအဖေါ်၏ ဘီးကို မယူရ။
မိမိဘီးကို မကြာမကြာ ဆေးကြောပါ။

တဦးဆောင်သော် မရ။
တသောင်းဆောင်သော် ရ၏။
စုပေါင်းခေါင်းဆောင် အကြံအောင်။
အပေါင်းညီညာ အောင်ကြောင်းဖြာ။

ဖတ်စာ (၁၄)
ရေအိုင်တအိုင်။
သည်အိုင်က ခြင်လာသည်။
ခြင်ကိုနိုင်ပါစေ။
လူတိုင်းမှာ တာဝန်ရှိသည်။

မော်တော်ယာဉ် စီးပါ။
မျှမျှတတ ထိုင်ပါ။
တန်းကိုကိုင်လျှင် သတိထား။
ခိုင်မခိုင် စမ်းပါဦး။

ကြံ့ကြံ့ခိုင်ခိုင် နေပါ။
ထိုင်းထိုင်းမှိုင်းမှိုင်း မနေရ။
ဆိုင်ရာတာဝန် ထမ်းဆောင်ပါ။
သိုင်းသိုင်းဝိုင်းဝိုင်း ကူညီပါ။

ကိုင်းပင်ကို ရှင်းပါ။
မြေသြဇာ နိုင်နိုင်ထည့်ပါ။
ပဲ ဝ့ နှမ်း အလှည့်ကျ ချပါ။
စုပေါင်း ကြိုးစားပါ။
အသီးအခိုင် ပေါမည်။

ဖတ်စာ (၁၆)
စပယ် တကုံး
ဘယ်လို သုံးမလဲ
ပြုံး၍ မေးသည်
မယ်အုံးက ဆံထုံးမှာ ပန်မည်။

ဟင်းမျိုး စုံပြီ။
ပုန်းရည်ကြီးလည်း ပါသည်။
ခုံပေါ်မှာ အကုန်ချထားပါ။
အားလုံး လုံအောင် ဖုံးထားပါ။

မိုးအုံ့လျှင် အေးသည်။
တံခါး လုံအောင် စေ့ထားပါ။
ဖေဖေ ခေါင်းအုံနေသည်။
တအုန်းအုန်း မဆူညံရ။

ယုန်လေး တကောင်
တောင်ကုန်းနားမှာ
ခုန်၍ ပြေးနေသည်။
မယုံလျှင် သွားကြည့်ပါ။
မကြုံစဘူး လှသည်။

သင်ပုန်းကြီးထဲမှ ခြံခုန်၍ထွက်ပြေးသွားသူများကို မြန်မာစာပညာရှင်များဟုခေါ်သည်။

ဒေါက်တာတင့်ဆွေ
၂၅-၉-၂၀၁၉

သတ်ပုံမှန်ခေတ်က

ကောက်ရိုးကလေးတမျှင် စာကလေးတစောင် ဒေါက်တာတင့်ဆွေ