ဖျင်း ဖျဉ်း ဖျည်း


ဆရာ တခုလောက် မေးခွင့်ပြုပါ။ သီးနှံတွေမှာ အဖျဉ်းနည်း/အဖျင်းနည်း ဘယ်ဟာကို သုံးတာပါလည်းရှင့်

ဖျင်း
ကန္နာဖျင်း
ငါးသဖျင်းသလက်
ဉာဏ်ဖျင်း
ညံ့ဖျင်း
ဖျင်းပုံဖျင်းလတ်
ဖျင်းမကြီး (ရောကျော်စပါး)
ဖျင်းသွမ်း
ဖျင်းသိမ်
ဖျင်းသုဉ်း
ကြက်ဖျင်း
ယိုးဒယားဖျင်းခြားကြီး သီချင်း
လူဖျင်း
အဖျင်းသက်သက်
အဖျင်းအညံ့
အဖျင်းအမှော်
အကြမ်းဖျင်း

ဖြင်းဖြင်း(မြည်သံ)

ဖျည်း
စပ်ဖျည်းဖျည်း

ဖျဉ်း
စပ်ဖျည်း
ဖျဉ်း = ဖျည်း = ထုံကျဉ်ကိုက်ခဲသည်
ဖျဉ်းအိုး
ရွှေဖျဉ်းကြီး ရွှေဖျဉ်းကလေး
သွေးဖျဉ်း လေဖျဉ်း (တိုင်းရင်းဆေး အခေါ်)

အကြမ်းပြင်းလို့ရေးတာက အကြမ်းအားဖြင့်။ ဖျင်းဆိုရင် ညံ့တာ။

ဒေါက်တာတင့်ဆွေ
၂၂-၉-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး