အသစ်နှင့် အဟောင်းတို့၏ ခြားနားချက်

ဆရာရှင့် မြန်မာစာ၊ မြန်မာစကား၊ မြန်မာဝါကျနဲ့ သဒ္ဒါအမှန်ကို ထဲထဲဝင်ဝင်လေ့လာချင်တာ အဲဒါ ဆရာသိသလောက် လမ်းညွှန်ပေးပါဦးရှင့်။ ဘာစာအုပ်တွေလေ့လာရမလဲဆိုတာလေးရော ပြောပြပေးပါဦးရှင့်။

ဘယ်ဘာသာစကားမဆို သင်ပုန်းကြီးကစတယ်။ သဒ္ဒါသာမက သတ်ပုံပါလိုတယ်။ အဲဒီနောက်မှာ ဝါကျတည်ဆောက်ပုံလာတယ်။ နောက် ကဗျာ၊ စာပေ။

ဟိုအရင်ကထုတ်တဲ့ စာအုပ်တွေကသာ မှန်တယ်။ နောက်ထုတ်တွေက ပေါ်လစီနဲ့ ပြင်မိန့်အရ ပြင်ထားတာတွေ။ အွန်လိုင်းဒေါင်းလုဒ် ၉၀% က ပလီပြီး ပြင်ထားတာတွေ။

ဆေးပညာမှာ သစ်လေ မှန်လေ။ မြန်မာစာမှာ ဟောင်းလေ ခိုင်မာလေ။

ဆယ်လီ နှင့် လီဆယ်

ဟုတ်ကဲ့ပါ ဆရာ အဲဒီစာအုပ်တွေရော သမီးဘယ်လိုရှာဝယ်လို့ရနိုင်ပါသလဲရှင့်

အဲတာတော့ မသိပါ။ ဆောရီး။

စာနဲ့ ပညာကို တကယ်အလေးထားသူတွေရှိပါတယ်။ စာအုပ်ဟောင်း စုဆောင်းသူ ရောင်းချပေးသူတွေလည်းရှိတယ်။

ကွန်ပြူတာမပေါ်မီ ခဲစာလုံးနဲ့ရိုက်နှိပ်တာတွေက မူရင်းစာတွေဖြစ်တယ်။ ဟံသာဝတီတိုက်ထုတ်တွေက မှန်တယ်။

မြန်မာ့စွယ်စုံကျမ်း ၁၅ အုပ်ရှိတယ်။ အွန်လိုင်းမှာတော့ တမင်တကာပြင်ထားတာနဲ့ မူရင်းစာအုပ်လို့ ၂ မျိုးရှိတယ်။

ရာထူးတွေ နာမည်ကြီးတွေ ရောင်းကောင်းတာတွေ ဆယ်လီတွေကို မကြည့်သင့်။ ပလီသူတွေနောက် မလိုက်သင့်ပါ။ ပညာနဲ့ မြန်မာစာမှာ လီဆယ်သူတွေများနေတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၉-၂၀၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး