မြီး နှင် မြည်း
မန်းမြီးရှည်စစ်စစ် စားဖြစ်ခြင်းလို့ မိတ်ဆွေတယောက်က တင်ထားတယ်။
မန်းမြီးရှေ၊ မုံရွာမြီးရှေ၊ ပုလဲမြီးရှေ ကောင်းကြတယ်။ ဘယ်အမြီးပိုရှည်သလဲ မတိုင်းခဲ့မိ။ သတိရ၏။ Smile!
မြန်မာစာသတ်ပုံက မြီးရှေလို အစုံသုပ်လို အမယ်များတယ်။ စားလို့တော့ကောင်းပါတယ်။
မြီး
ကျားမြီးဆွဲမြို့
ဆင်မြီးဆွဲမြို့
မြီးစွပ်နွား
မြီးဆံဖါးဖါး
မြီးညှပ်ကောင်
မြီးတံ
မြီးတုံးစပါး
မြီးထူးမြီးပပ်
မြီးပျမ်းကြိုး
မြီးကောင်ပေါက်
မြီးညောင်းရိုး
မြီးညှောင့်ကောင်
မြီးရှေမုန့်
မြီးတံတို
မြီးဝန်ငှက်
မြီးညှောင့်
သားမြီးယပ်
အမြီးအမောက်မတည့်
မြည်း
ဆားမြည်း
မြင်းနှင့်တူသော မြည်း
ဟင်းမြည်း
ဒေါက်တာတင့်ဆွေ
၁၃-၉-၂၀၁၉
မြီးရှေ နဲ့ မြည်းရှည်
၁။ ပန်ထွေဖျော်တို့၊ ကဆားလီသုပ်တို့၊ ခနုံထုပ်တို့၊ မြီးရှေတို့ အခေါ်အဝေါ်တွေရဲ့ မူလဆင်းသက် စကားလုံတွေကို သိချင်မိပါတယ်။ ရေးတဲ့သူကလည်း ဆေးမန်းမှာ အတူကျောင်းတက်လာတဲ့ မန္တလေးမြီးရှည် စားဖူးတဲ့သူ။
၂။ ဈေးချိုတောင်မလွယ်ပေါက်က မြည်းရှေကော မစားဘူးလာဆရာ။ မြည်းရှေလို့ ကျမရေးတဲ့ သတ်ပုံရော မှန်ပါသလားဆရာ။
၃။ မြီးရှည် ကျွန်မတို့ပြင်ဦးလွင်က ဒီလိုရေးပါတယ်။ မှန်ပါသလားဆရာ။
မြီးရှေ နဲ့ မြီးရှည် လျှာရှည်ရတော့မယ်။ သတ်ပုံစာအုပ်အဟောင်းမှာမပါ။ အသစ်မှာ မြီးရှေ။ Mi'xian rice noodles ခေါ် တရုပ်ဆန်ခေါက်ဆွဲတမျိုးတဲ့။ သူများဆီကနေရယူတာတွေမှာ အမှန်အမှားပြောရတာ ခက်တယ်။ မြည်းရှည်ရေးလို့ မှားတယ်ပြောဘို့ ခက်တယ်။ မြီစီယန်လို့ရေးလည်း မမှားလောက်။ အဲဒီ အရည်နဲ့တရုပ်ဆန်ခေါက်ဆွဲက မြီးရှည်နဲ့ မတူပါ။
မြီး
ကျားမြီးဆွဲ
ဆင်မြီးဆွဲမြို့
မြီးစွပ်နွား
မြီးဆံ
မြီးညှပ်ကောင်
မြီးကောင်ပေါက်အရွယ်
မြီးညှောင့်ကောင်
မြီးရှေမုန့်
မြင်းမြီး
မြီးဆံဖါးဖါး
မြီးတုံး (မြီးဒုံး၊ မီးတုံး) စပါး
မြီးညောင်း (မြီးညှောင့်) ရိုး
သားမြီးယပ်
ကြောင်ကြီးရဲ့ မြီးတံတို
မြည်း
မြည်းတကောင်
ဟင်းကိုဆားမြည်းပါ
မြည်းကြည့်မှသိမယ်
ရှည်
ရှည်ကျူး
ရှည်ကြာ
ရှည်မျော
ရှည်လံ
ရှည်လျား
မြီးရှည်လုပ်နည်းတွေ အမျိုးမျိုးရေးကြတာ မတူကြပါ။ ဝီကီပီးဒီယာထဲမှာ တရုပ်စကားလုံး 米線 မီရှန့် ကနေလာတယ်လို့ ရေးထားတယ်။ ဟုတ်မယ်မထင်။ ကျွန်တော့်လျှာကတော့ တရုပ်လည်းမဟုတ်၊ ရှမ်းလည်း မဟုတ်တဲ့ မန္တလေးမြီးရှေနဲ့သာ နီးစပ်တယ်။
ဒေါက်တာတင့်ဆွေ
၁၆-၁-၂၀၁၉

Comments
Post a Comment