ကစွန်း



ကဇွန်း ကန်ဇွန်း အမှန်ကိုမသိပါ ကျွန်တော်တို့ မြန်မာစာမရေးတတ်တော့ပါဆရာ

ကစွန်းနဲ့ ကန်စွန်း မူကွဲဖြစ်ပါတယ်။ ဇွန်းဆိုရင်တော့ မှားတယ်။

သင်ပုန်းကြီး
က ကစွန်းပင် ရေမှာရွှင်
ခ ခရမ်းသီး ဓားနဲ့လှီး
ဂ ဂဏန်းကောင် လက်မထောင်
င ငပုဏ္ဏား ဟင်းချက်စား
စ စပယ်ဖြူ မွှေးကြူကြူ
ဆ ဆရာကြီး ခေါင်းလောင်းတီး
ဇ ဇလားမှာ ဆန်ထည့်ပါ

ကန်မှာပေါက်လို့ ကန်စွန်းရေးသင့်တယ်ပြောတာတော့ မှားတယ်။ လယ်ထဲ၊ အိုးထဲ၊ ရေထဲ၊ လမ်းဘေးတွေမှာလည်း ပေါက်တယ်။

ခေတ်ကာလအပြောင်းအလဲအရ ငပိကို ငါးပိ၊ သမတကို သမ္မတ၊ ခရမ်းသီးကို ခါးရမ်းသီး၊ မုံ့ ကို မုန့်၊ စပယ်ကို စံပယ်၊ တခါတရံကို တစ်ခါတစ်ရံလို့ ရေးနေကြတယ်။ လွယ်သည်ကို ခက်စေလော့။ မှန်သည်ကို လွဲစေလော့။

ခေတ်ဆိုတာ ပြောင်းနေတာ မသိဘူးလားတဲ့။ ပုဂံခေတ်လူသားတဲ့။ အဲတာက ဂုဏ်ယူစရာတော့ ကောင်းတယ်။ ရွှေမချတဲ့ဘုရားတွေ အများကြီး။ ရွှေရည်စိမ် မရှိ။ ရဟန်းအတုတွေကို သုတ်သင်နိုင်ခဲ့တဲ့ခေတ်။

ဒေါက်တာတင့်ဆွေ
၂၃-၉-၂၀၁၉

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Alinamin F ထိုးဆေး