သမီး နဲ့ စည်း

(ကန်တော့)

၁။ ဆရာ သမီးအသက် ၅ဝ ရှိပါပြီ။ သမီးက အစာနဲနဲစားလိုက်တာနဲ့ ဗိုက်တင်းပြီး လေနဲ့တင်းနေသလို ခံစားရတယ်။ စည်းလည်းမကြာမကြာသွားချင်တယ်။

စည်းဆိုတာ ဆီး (သေး) ပါလား။ ဆီးချိုစစ်ပါ။

၂။ ဆရာ ကျွန်မအခုဖြစ်နေတာက စီးစပ်ခုံက အောင့်လိုက်ပျောက်လိုက်ဖြစ်နေပါတယ်။

၃။ ဆရာရှင့် စီးစစ်တန်နှင့် စစ်တာ ကလေးမရှိဘူးပြနေတယ်။

၎။ စီးသွားရင်လည်း တခါခါအဖြူရောင်တွေထွက်ပြီးမှ ပုံမှန်တိုင်းပြန်ဖြစ်သွားတယ်။ (သေး၊ ကျင်ငယ်ကို စီး လို့ မရေးရပါ။ ဆီး လို့သာရေးရတယ်။

၅။ ဆရာ ကျွန်မအသက်က၂၈ပါ။ ကျွန်မအခုဖြစ်နေတာက စီးစပ်ခုံက အောင့်လိုက်ပျောက်လိုက်ဖြစ်နေပါတယ်။

၆။ မန္တလေးမြို့ကပါဆရာ။ စီးသွားရင်လည်း တခါခါအဖြူရောင်တွေထွက်ပြီးမှ ပုံမှန်တိုင်းပြန်ဖြစ်သွားတယ်။

• ကိုယ်ဝန်ရှိတာသိချင်ပါက ဆီးစစ်ပါ။
• ဆီးခုံက နာတယ်။
• ဆီးချုပ်နေပါသလား။
• ဆီးချိုရောဂါ စစ်ထားပါ။
• ဆီးချူပေးမယ်။
• ဆီးစပ်မှာ အလုံးရှိနေတယ်။
• ဆီးတန့်ထားလို့ ဆက်သွားမရပါ။
• ဆီးဖြူသီးစားမလား။
• ဆီးဝမ်းလေ မှန်ပါသလား။
• ဆီးသီးကောင်းကောင်းစားချင်တယ်။
• ဆီးနှင်းတွေ ကျနေတယ်။
• တားဆီး ပိတ်ပင်ထားသည်။
• လူဆိုးကို ဖမ်းဆီးပါ။
• ဧည့်သည်ကို ဆီးကြိုပါ။

ဒေါက်တာတင့်ဆွေ
၁၄-၉-၂ဝ၁၅
၁၄-၉-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)