တကောင်သေခဲ့၍ တကောင်ကျန်နေပါသည်

ရှေးအခါက သောမဒတ္တ အမည်ရှိသော သူဆင်းရဲ ပုဏ္ဏားတဦးသည် အလွန်ရှက်တတ်ကြောက်တတ်သည်။ နွားတယှဉ်းနှင့် လယ်ယာလုပ်ကိုင် အသက်မွေးရာတွင် နွားတကောင် သေသဖြင့် ဗာရာဏသီမင်းထံတွင် တယှဉ်း ပြည့်အောင် နွားတကောင် တောင်းလိုလိုသောကြောင့် နွားတောင်းဂါထာကို တနှစ်ကျော်မျှ သားထံတွင် သင်အံ လေ့ကျက်လေသည်။

ထိုဂါထာ၏သဘောမှာ အရှင်မင်းကြီး ကျွန်ုပ်၏ နွားနှစ်ကောင်တွင် တကောင်သေခဲ့၍ တကောင်လိုနေပါသည်။ ထို လိုသောနွားကို ပေးပါလော့ဟု ဖြစ်သည်။

သို့သော်လည်း မင်းရှေ့သို့ရောက်သောအခါ ရှက်ကြောက် လန့်ထိတ်သောကြောင့် ယောင်မှားကာ အရှင်မင်းကြီး ကျွန်ုပ်၏ နွားနှစ်ကောင်တွင် တကောင်သေခဲ့၍ တကောင်ကျန်နေပါသည်။ ထို ကျန်သောနွားကို ယူပါလော့ဟု ဖောက်ဖောက် ပြန်ပြန် လျှောက်ထားမိလေသည်။

၅၅၀၊ ဒုကနိပါတ်၊ သောမဒတ္တဇာတ်ကို ကိုးကားပြီး ဆရာမင်းသုဝဏ်က မြန်မာစာမြန်မာမှုစာအုပ်၊ ဟဿရသအခန်းမှာ ရေးသားထားတာဖြစ်ပါတယ်။

ခုခေတ်မှာတော့ မြန်မာစာကို ဖောက်ဖောက်ပြန်ပြန် ရေးသားနေကြပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၉-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)