သခင်သန်းထွန်း လုပ်ကြံခံရမှု သတင်း

ဧရာဝတီ အင်္ဂလိပ်ပိုင်းမှာ ရေးထားတယ်။ လွန်ခဲ့တဲ့ စက်တင်္ဘာလ ၂၄ ရက်နေ့မှာ သခင်သန်းထွန်း တောထဲမှာ လုပ်ကြံခံရတယ် တဲ့။

မနေ့ကလည်း ၁၉၆၈ ခုနှစ်၊ စက်တင်ဘာလ၊ ၂၇ ရက်နေ့ထုတ် ကြေမုံသတင်းစာကို တင်ပြထားတာတခု တွေ့တယ်။ အောက်မှာလည်း ကွန်မင့်တခု ဖတ်ရတယ်။ ကျေးဇူး။

ကြုံတိတ် (ခေါ်) လုံတိတ် (ခေါ်) အောင်ကြီး။ ထောက်လှမ်းရေးမှူးချူ ပ် မျက်မှန်တင်ဦးက ၃ လ သင်တန်းပေးကာ စစ်တပ်မှထွက်ပြေးသူအဖြစ် ဇာတ်လမ်းတပုဒ်ကို ရေးဆွဲလို့ လုပ်ကြံသတ်ဖြတ်စေခဲ့တယ် တဲ့။

သခင်သန်းထွန်းဟာ ဗကပ ခေါ် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပဌမဆုံးဥက္ကဌဖြစ်ပါတယ်။ သခင်စိုးရဲ့ အလံနီပါတီက လွတ်လပ်ရေးမရခင်ကတည်းက တောခိုတယ်။ သခင်သန်းထွန်းက ဆက်ပြီးတောခိုရာကနေ ပြည်တွင်းစစ်ကြီးစတယ်လို့ ရေးသားကြတယ်။ တိုင်းရင်းသာတွေလက်နက်ကိုင်တာက အဲတာထက် နည်းနည်း နောက်ကျတယ်။

သခင်သန်းထွန်းဟာ ၂၄-၉-၁၉၆၈ ခုနှစ်မှာ သူ့ပါတီဌာနချုပ်မှာပဲ လုပ်ကြံသတ်ဖြတ်ခြင်း ခံရတယ်။ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနဲ့ မြန်မာ့နိုင်ငံရေးလောကမှာ အလွန်ထင်ရှားခဲ့သူတဦးလည်းဖြစ်တယ်။ သမိုင်းမှန်ကို သိလိုသူတွေက ကျော်သွား ရှောင်သွား ဖျောက်ဖျက်ရေးသား ပြောဟောကြရင် မှားတယ်။

အဲဒီခေတ် ကြေးမုံသတင်းစာက မြန်မာစာကို သတ်ပုံမှန်နဲ့သာ ရေးသာတယ်။ ခုခေတ်မှာ အတော်များများဟာ မမှန်မှသာ တရားဝင်သလိုဖြစ်နေတယ်။ အဲတာ မကောင်းပါ။ မမှန်တာတွေ ကျဆုံးပါစေ။

ဒေါက်တာတင့်ဆွေ
၂၅-၉-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး