Despair အမှားကို အလှဆင်တဲ့ခေတ်

ကွန်မင့်တွေ ရတယ်။ ကျေးဇူး။

၁။ ပလီတာ ခေတ်စားနေတာ မြန်မာစာပျက်ကိန်း

၂။ ဆရာရေ ဒီနေ့ပဲ Online Media သတင်းတပုဒ်မှာ ဒေါ်ယာဉ်ယာဉ်ဆိုပြီးရေးထားတယ် ဆရာရေ။

၃။ လူငယ်တွေ မြန်မာစာ မြန်မာစကားကို ပြန်လေ့လာသင့်ကြပါတယ်

၎။ နာမည်ကြီးအောင် မတတ်ဘဲရေးထားတဲ့ သူတဦးရဲ့စာလို့ထင်ပါတယ်

၅။ ဝတ္ထုတို group တွေ ကဗျာတင်တဲ့ group တွေမှာအဲလိုသတ်ပုံတလွဲတွေနဲ့စာတွေအမြဲတမ်းတွေ့ရတယ် သွားပြင်ပေးရင် ရန်တွေ့ကြတယ် ကြာတော့ရိုင်းတာမခံချင်လို့မပြင်ပေးတော့ဘူး မြင်လာရင်hide all လုပ်လိုက်တော့တယ်

၆။ အာဏာရှင် ပြင်တဲ့သမိုင်း ရိုင်းခဲ့ပြီ။သူ့ကျွန် မခံ သတ်ပုံသမိုင်းမှာ ကိုယ့်ကျွန် ခံနေဆဲပါပဲ။

၇။ ကိုယ်တိုင်လည်းမှားဖူးပါတယ် ဒီလောက်ကြီးတော့ ဆိုးဆိုးရွားရွားမမှားပါ

၈။ အတော်ရုပ်ဆိုးတာပဲ

၉။ တမင်တကာ ယုတ်မာထားသလားထင်ရတယ်။

၁၀။ တရားကို တစ်ရားလုပ်တာတော့ ဆိုးလွန်းတယ်။

၁၁။ တ် နဲ့ က် ကိုလည်း တော်တော်များများမှားပြီး ရေးကြ ပြောကြတာ ကြားနေ မြင်နေရပါတယ်ဗျာ

၁၂။ မြန်မာစာရေးတာမှားရင် အလွန်ရှက်စရာပါ

၁၃။ အတော်ရုပ်ပျက်ဆိုးရွားလွန်းလို့ ပြောစရာစကားမရှိတော့ပါ

၁၄။ မြန်မာစာကိုတောင် မရေးတတ်ကြတာ့ဘူးလား ရှက်စရာကောင်းတာ

၁၅။ အစဉ်ပြေ ဆိုတာတွေရှိသေးတယ် အဆင်ပြေလို့ ရေးရမယ်မှန်းမသိတာလား၊ သက်သက်မဲ့ ထွင်တာလား မပြောတတ် အစဉ်ပြေတဲ့ စိမ့်စိမ့်လေးတဲ့ စားရတာအရသာမစိုးဘူးတဲ့ စလုံးဆလိမ်မကွဲကြတာ လက်ဆက်တဲ့ လတ်ဆတ်ကိုပေါင်းတာ ပသတ်နဲ့ဆပ်တာတောင်ရှိသေးတယ်

၁၆။ မူလတန်းလောက်အထိပဲ သင်ခဲ့ရသူတွေ အများစု သတ်ပုံ မှားရေးကြတာ သတိထားမိပါတယ်

၁၇။ မြန်မာစာရက်ရက်စက်စက်ကို ပျက်ဆီးနေပါပြီဆရာရေ။

၁၈။ စာသမားတွေ၊ ကာတွန်းဆရာတွေကိုယ်တိုင် မှားနေကြတုန်းပါဆရာ၊ စာကောင်းရဲ့နဲ့ အရသာပျက်ပါတယ်။

ကျွန်တော်တို့တိုင်းပြည်မှာ ဖျက်ဆီးခံထားရတာကြာလို့ ပျက်စီးနေတာတွေက များလွန်းလှတယ်။ သိလာလေလေ ရင်နာစရာကောင်းလေလေ။ မြန်မာစာကိုသာ ပြောပါမယ်။

သင်ပုန်းကြီးကအစ မှားတယ်။ ကျောင်းသုံးစာအုပ်တွေမှာ အမှားတွေပါတယ်။ စာမေးပွဲမေးခွန်းတွေမှာ အမှားမကင်းပါ။

လွှတ်တော်ဥပဒေသစ်မှာ သတ်ပုံတချို့ မှားတယ်။ ဝန်ကြီးဌာနတိုင်းက ရုံးစာတွေအားလုံးကို ဗိုလ်ချုပ်နေဝင်းခန့်တဲ့ မြန်မာစာအဖွဲ့မူအတိုင်း ရေးနေကြတယ်။

ဖေ့စ်ဘွတ်ကစာတွေနဲ့ ကလေးတွေသာ မှားမယ်ထင်တာ မမှန်ပါ။ လူကြီးတွေ၊ အယ်ဒီတာတွေ၊ စာရေးဆရာတွေနဲ့ ကဗျာဆရာတွေပါ မှားတယ်။ ဆောရီး။ ဘုန်းတော်ကြီးတချို့လည်း မှားတယ်။ ကန်တော့။ ဘွဲ့ရတွေက စာပိုရေးကြလို့ အမှားများတာ ပိုတွေ့ရတယ်။

တစသတ်တမျိုးတည်းကိုသာပြောတာ မဟုတ်ပါ။ နေမကောင်းလို့မေးတဲ့ စာပေါင်း ထောင်ပေါင်းများစွာရလို့ အမှားမျိုးစုံကို သိတယ်။

ဆယ်တန်းမှာ မြန်မာစာဂုဏ်ထူးရသူ ၅၀၀၀ ကျော်သတဲ့ နမူနာ စာစီစာကုံး ၁၀၀ လောက် ဖတ်ကြည့်ချင်တယ်။ ပါမောက္ခတွေရေးတာလည်း ၁၀ ပုဒ်လောက်ကို ဖတ်ကြည့်ချင်တယ်။

တရားကို မှားရေးတဲ့အထိ ဖြစ်နေပြီ။ အမှားကို နှင်းဆီပန်းနဲ့ အလှဆင်ထားသေးတယ်။ သိလာလေလေ ရင်နာစရာ ကောင်းလေလေ။

ဒေါက်တာတင့်ဆွေ
၂၁-၉-၂၀၁၉
Maria Konstantinowna Bashkirtseff Despair painting

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး