ခုနစ် နှင့် ခုနှစ်

သို့မဟုတ် နိုင်ငံတော်အမှား

ကျွန်တော် မြန်မာစာသတ်ပုံတွေထောက်ပြနေတာမှာ အဓိကကတော့ ၁၉၈၁ ခုနှစ်နောက်မှာ အမိန့်နဲ့ပြင်လိုက်တာတွေမှာ မှားနေတာတွေကို အကိုးအကားပုံတွေနဲ့တင်ပြပါတယ်။ တကို တစ်လုပ်တာသာမကပါ။ ငွေစက္ကူတွေလည်းပါတယ်။

ဂဏန်း (၇) ကို စာနဲ့ရေးရင် ခုနစ်လို့ရေးရတယ်။ ၇၅ ကျပ်တန်မှာ ခုနှစ်ဆယ့်ငါးကျပ်လို့ရိုက်ထားတာ မှားတယ်။

ခုနှစ်ဆိုတာ သက္ကရာဇ်ကိုရေးရတာဖြစ်တယ်။ ဥပမာ ၂ဝ၁၉ ခုနှစ်၊ စက်တင်္ဘာလ ခုနစ်ရက်နေ့လို့ရေးရတယ်။ ၇၅ ကို ရေးရင် ခုနစ်ဆယ့်ငါးလို့သာ ရေးရတယ်။

နိုင်ငံတော်အမှား ပြင်စရာတွေ များတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၉-၂ဝ၁၆
၁၅-၉-၂ဝ၁၉

Comments