Bye ဘိုင်း

အတန်းတက်သွားသူတွေကို တယောက်ပြီးတယောက် နှုတ်ဆက်ရတယ်။ ကိုယ်ကအတန်းဟောင်းမှာပဲ ကျန်ရစ်ခဲ့လို့။

နဝမတန်း ခေါ် ကိုးတန်းမှာ ၁၅ နှစ်မပြည့်လို့ ဖြေခွင့်မရခဲ့ပါ။ ၁၉၆၃-၆၄ ခုနှစ်က။ ကျွန်တော်တို့ခေတ်မှာ လေးတန်း၊ ခုနစ်တန်း၊ ကိုးတန်းနဲ့ ဆယ်တန်း အားလုံး အစိုးရစစ်နဲ့ညားတယ်။

အခု အစိုးရစစ်နဲ့ နောက်တခါ တွေ့ပြန်ပြီ။ ယူနီကုဒ်တန်းတက်သွားသူတွေကို နှုတ်ဆက်ရတာ တယောက်ပြီး တယောက်။ ဘိုင်။

ဖရင်းကတော့ ဖရင်းပါပဲ။ ကွန်မင့်လာရေးတာတွေတချို့ကို မဖတ်တတ်တော့ပါ။

ပါပီကလေး ပုတုတု
သူ့စကားက ဝုဝုဝု
သူ့စကား လူမသိ
လူ့စကား သူမသိ
သနားပါဘိ။

ဖရင်းစာရင်း လျှော့သွားစရာအကြောင်းပါ ရှိလာပြီထင်မိတယ်။ ဘိုင်။

ဒေါက်တာတင့်ဆွေ
၂၁-၉-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)