Prolaction ပရိုလက်တင်ဟော်မုန်း

ဆရာရှင့်ကျမ အသက် ၂၅ပါသားဦးလေးမွေးထားတာရက် ၅၀ရှိပါပြီ ရေမွှာနည်းလို့ ၃၇ပတ်နဲ့ခွဲမွေးထားရပါတယ်အိမ်က လူကြီးတွေက ကျမပက်လက်အိပ်လို့ပြောပြောနေပါတယ် ပက်လက်အိပ်ရင်နို့လန်တတ်တယ်ဆိုတာဟုတ်ပါသလား ဘယ်လိုအခြေအနေတွေမှာ နို့မထွက်တာနို့နည်းတာဖြစ်နိုင်ပါသလဲ

မဟုတ်လောက်ပါ။

နို့ထွက်တယ်ဆိုတာ ပရိုလက်တင် ခေါ် နို့ထွက်ဟော်မုန်းအပ်ါမူတည်တယ်။ ကလေးဖွါးပြီး အချင်းကွာတာနဲ့ အဲတာ ထွက်လာတယ်။ ကလေးကို စောစောနို့တိုက်ရင် ပိုထွက်စေတယ်။ ကလေးစို့လေထွက်လေ။ အကြောင်းကြောင်းကြောင့် ဥပမာ ကလေး သို့မဟုတ် မိခင် တယောက်ယောက် ကျန်းမာရေးကြောင့် ခွဲထားရတာ နို့မတိုက်ရသေးတာမျိုးရှိခဲ့ရင် နို့ထွက်နည်းတယ်။ အအိပ်၊ အနေအထိုင်ကြောင့် နို့ပိုထွက်တာ နည်းထွက်တာ မဖြစ်စေပါ။ တချို့မှာ ပရိုလက်တင် ဟော်မုန်းလွန်ကဲလို့ အိမ်ထောင်မကျသေးပဲ ညှစ်ရင် နို့ရည်ထွက်တာရှိတယ်။ တားဆေးတချို့ထဲမှာပါတဲ့ ဟော်မုန်းတမျိုးကြောင့် နို့ထွက်နည်းစေတယ်။

Hyperprolactinaemia နို့ထွက်ဟော်မုန်းများခြင်း https://doctortintswe.blogspot.com/2015/12/hyperprolactinaemia.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး