Newborn baby and Water ကလေးကို ရေဘယ်တော့တိုက်မလဲ

ကျနော့်သမီးလေး အသက် ၅ လကျော်ပါပြီ ကလေးကကျောပူ ခေါင်ပူလေးဖြစ်နေတာ သုံးရက်လောက်ရှိပါပြီဆရာ ဆေးခန်းက ညွှန်ကြားတဲ့ ဆေးလည်း လေးနာရီခြားတခါတိုက်ပါတယ် အရမ်းမှိန်းတာတို့ ဘာတို့တော့မဖြစ်ပါဘူးဆရာ ခုဖြစ်နေတာက ဆီးနည်းနေလို့ပါ ဒီနေ့ဆိုရင် သတိထားမိပါတယ် မိုးလင်းကမိုးချုပ်ထိကို သုံးခါလောက်ပဲသွားပါတယ် နို့စို့လည်းပုံမှန်စို့ပါတယ် ဘယ်လိုဆက်လက်လုပ်သင့်ပါလဲဆရာ စိုးရိမ်ရတာမျိုးလားဆိုတာ လမ်းညွှန်ပြပါခင်ဗျာ

ရေပိုတိုက်သင့်။

ဟုတ်ကဲပါ ဆရာ ကျေးဇူးပါ အသက်၆ လမပြည့်သေးလို့ဆိုပြီး မိခင်က တိုက်ဖို့လုပ်တာကို ကျနော်က တားထားလို့ပါ
တိုက်လို့ရပြီပေါ့နော် ဆရာ

ကလေးတွေ ၆ လအထိ နို့လုံလောက်နေရင် ရေအပိုမလိုပါ။ ထူးခြားတဲ့အခြေအနေတွေမှာတော့ လိုပါမယ်။ အသက် ၆ လကနေ ၁၂ လအထိကလေး ရေများများမလိုသေးပါ။ တနေ့မှာ ၂ ကနေ ၄ အောင်စလို့ ပြောနိုင်တယ်။ ရာသီဥတုနဲ့ ကိုယ်ပူတာ၊ ဝမ်းလျှောတာရှိရင် ၆-၈ အောင်စအထိတိုက်ပါ။ ၁၂ လအထက်ဆိုရင် ထမင်းကျွေးပြီးတိုင်းနဲ့ ရေတောင်းတိုင်း တိုက်ပါ။ ကလေးဆီးဝါနေရင် ဆီးနည်းနေရင် ရေနည်းလို့ဖြစ်မယ်။ ရေမတိုက်နဲ့ဆိုတာ အပိုမလိုလို့ပြောတာ။

Newborn baby and Water ကလေးကို ရေဘယ်တော့တိုက်မလဲ http://doctortintswe.blogspot.com/2014/11/newborn-baby-and-water.html

Why can’t we give water to a breastfeeding baby before the 6 months နို့တိုက်နေတဲ့ကလေးတွေကို ၆ လ အထိ၊ ကိုယ်ပူနေလည်း ဘာကြောင့်ရေမတိုက်သင့်သလည်း http://doctortintswe.blogspot.com/2016/02/why-cant-we-give-water-to-breastfeeding.html

ကျွန်တော် ကလေးအထူးကုဆရာဝန် မဟုတ်ပါ။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၁၄-၉-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး