ဦးကြင်ဥရေးသားတဲ့ ပါပဟိန် ပြဇာတ်

အောင်ချာနဂရ တိုင်းပြည်တည်၍ ဗြဟ္မာ့သဟံမင်းကြီးနန်းစံစေ။ တိုင်းရေးပြည်ရေး သာသနာတော်ရေး သားတော် သမီးတော် အရေးများကို ဝန်တို့နှင့် မေးမြဲတိုင်း မေးပြီးလျှင် တခဏ်းရပ်။

မြောက်နန်းမိဖုရားနှင့် သားတော် ပါပဟိန်တို့ တိုင်ပင်ခဏ်း

မြောက်နန်းမိဖုရားက သားတော် ပါပဟိန်ကို ခေါ်စေ။

မြပုတ္တာနှစ်၊ တရာသက်ဝယ်၊ ဘယက်သွယ်တို့၊ လည်ဝယ်ရစ်သည့်၊ ရွှေကျစ်ကြိုးလိမ်၊ ပါပဟိန်။ မထိမ်မမြူး၊ မယ့်ကျေးဇူးကြောင့်၊ ကြည်နူးသဒ္ဓါ၊ ဘ ရိုက်ရာကို၊ နောင်လာမဲ့သား၊ နို့စို့ရွယ် ခါလယ်သားက၊ တိုင်းကား ရွှေပြည်၊ အပ်နှင်းမည်ဟု၊ ရည်ရွယ်ဂတိ၊ ဆိုချက်ရှိပါသည်၊ သတိသာထားပါတော့ သားတော်မောင်ငဲ့။

ကျွန်တော်တို့ ကျောင်းသားဘဝမှာ တခဏ်း၊ တရာ၊ သတ်ပုံတွေအတိုင်း သင်ယူခဲ့ရပါတယ်။ သတိသာထားပါတော့ မြန်မာစာရေးသူများငဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး