ဘဝပန်းခင်းကို ကောင်းကင်က ဝဲကြည့်ခြင်း

ဒဏ်ရာတွေ ချုပ်ရိုးတွေက
ခန္ဓာကိုယ် အပုပ်အသိုးမှာ။

စကားဖွာသလောက် လက်မပါ
စကားတိုသလောက် စိတ်ချို
လူဆိုတဲ့ အနက်ကကျယ်
ဘဝပင်လယ်ကြီးထဲမှာ။

တောင်ဟုန်ပြင်းပြင်းနဲ့
ရောင်စုံခင်းထားတဲ့ ဘဝတောမှာ
ခဏအမောဖြေစရာ ဘယ်မှာလဲ
ယနေ့တိုင်လဲ မတွေ့နိုင်ပဲ
အတောင်ညောင်းပေမဲ့ ကောင်းကင်ကဝဲ။ ။

ဆရာတင်မိုး (၂၆၊ ၁၊ ၂၀၀၀) နေ့စွဲနဲ့ရေးခဲ့တဲ့ကဗျာ။

ဆရာခင်ဗျာ
ဒဏ်ရာ၊ ချုပ်ရိုး၊ အပုပ်အသိုးများနဲ့
စကားလည်းဖွာ၊ လက်ကလည်းပါ
စိတ်ဟာလည်းမချို လူဆိုတဲ့သူတွေ ဘဝပင်လယ်ကြီးထဲမှာ များမှများပဲဆရာ။

ကောင်းကင်မှာ ဝဲကြည့်စရာမလို ဖေ့စ်ဘွတ်မှာ အပြည့်
နေပြည်တော်နဲ့ ရန်ကုန်မှာအပြည့်။ မြို့တကာ နယ်တကာအပြည့်
ဘယ်ကလာလာ ဝေဒနာ အနာဒဏ်ရာ မေးလာရင်တော့ စေတနာ မမေ့ပါဆရာ။

ဆရာတင်မိုး နယူးဒေလီကိုလာစဉ်က ကျွန်တော့မိသားစုနဲ့အတူရိုက်ထားတဲ့ဓါတ်ပုံဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၉-၂၀၁၉

Comments