Mandalay in Water Color ပန်းချီထဲက မန္တလေး

မန္တလေးမြို့ကို ခုနစ်တန်းကျောင်းသားဘဝမှာ စရောက်ဖူးတယ်။ နွေရာသီမှာ။ ဦးလေးအိမ်နဲ့ ကျုံးကနီးတော့ ညနေတိုင်းလောက် ကျုံးဘေးရောက်တယ်။ သံဇကာတွေမရှိ၊ အုပ်ချပ်သစ်တွေမရှိ။ ကြာပန်းတွေရှိတယ်။ ရေမှော်ပင်တွေက စိမ်းမှောင်နေတာ၊ ကျုံးရေညှိအနံ့ကို အခုတောင်ရနေသလို။

မြို့ရိုးအိုကြီးက အုတ်ခဲအစအနတွေဟာ တချို့နေရာတွေမှာ ပြိုကျနေတယ်။ အရောင်က နီညိုမှောင်နေတယ်။

မင်္ဂလာတံတားမှာ လမ်းသလားရတာ ရာဇဝင်ထဲလျှောက်ရသလို။ အနားကဆေးကျောင်းဟာ သတ္တမတန်း ကျောင်းသားအတွက် အိပ်မက်မဟုတ်ခဲ့ပါ။ အဝေးက မန္တလေးတက္ကသိုလ်ဟာလည်း ရင်ဖိုစရာလို့ မအောက်မေ့ခဲ့ပါ။

ဆယ့်သုံးနှစ်သား မန္တလေးသွားစဉ်က ၁၉၆၁။ အာဏာရှင်စနစ်ဟာ ကိုယ်ဝန်ဆောင်နေဆဲ။ အဲဒီ မီးနေသယ်သာ မမွေးခဲ့ရင် ကျွန်တော်လည်း ပြည်ပြေးမဖြစ်။ အိန္ဒိယား မရောက်။ အမေရီးကား မရောက်။ ကံတရားကား အလွန်ဆန်းပြား၏။

ရှေးဟောင်းအမွေအနှစ်နဲ့ ယဉ်ကျေးမှုတွေရှိရာ နန်းဆန်လှတဲ့ မန္တလေးကို လွမ်းသေးလို့ ၂၈ နှစ်နီးပါး ကြာတော့ တခါက် ပြန်ရောက်ခဲ့တယ်။ ထပ်ရောက်ရချင်သေးတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၉-၂ဝ၁၇
၂၄-၉-၂ဝ၁၉
ရေဆေးပန်းချီ = Khin Maung Sann

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ