မွေးနေ့

ငါ့ညီ မောင်ဝင်း မန္တလေးဆင်း
မင်းနဲ့ငါ ခွဲစိတ်ခန်းမှာ အတူ
လူနာကို ငါဖွင့် မင်းပိတ်
အပြီးမှာ ဆေးပေါ့လိပ် ကိုယ်စီဖွါခဲ့ကြတဲ့ခေတ်က။

ခုတော့ မင်းက အငြိမ်းစားရ
အကိုလေးက မပေးတဲ့ ပင်စင်ရ
ခွဲစိတ်ဒါးကိုတော့ လက်ကမချချင်ကြသေး
သူများကျန်းမာရေးထက် ကိုယ့်ဇာတာ ကြည့်ကြရတော့တဲ့ကာလ။

အတူတူ ဆုတောင်းကြမယ်လေ
ခွဲစိတ်လူနာတွေ နေကောင်းကြပါစ။

၁၉၈၈ မတိုင်မီက ပုလဲမြို့နယ် ဝက်ကျတိုက်နယ်ဆေးရုံမှာ တိုက်နယ်ဆရာဝန်နဲ့ မြို့နယ်ဆရာဝန်။

ဒေါက်တာတင့်ဆွေ
၂၃-၉-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)