Pus ပြည်ဆိုတာ ပြည်ဖြစ်စေတဲ့ပိုးကြောင့်ဖြစ်တယ်

(ကန်တော့)

၁။ ဆရာရှင့် ကျွန်မအသက် ၃၃နှစ် အိမ်ထောင်သည်ပါ ဖျားလို့ဆေးထိုးရာကနေ တင်ပါးမှာအကျိတ်ဖြစ်နေပါတယ် အကျိတ်ကသေးပါတယ် အကျိတ်ဖြစ်တာ၁လလောက်ရှိပါပြီ ခုတင်ပါးကနာနေပါတယ်ရှင့် ဆေးခန်းတော့ မပြရသေးပါ ဘာလုပ်ရမလည်းရှင့်

ပြည်မတည်ရင် အလိုလိုပျောက်နိုင်။

၂။ အသက်၂၀ ကျား ပြည်တည်နာ ပေါက်တာ ပေါင်ခြံမှာလဲ အကျိတ်လေးကြီးနေတယ် ဘာဖြစ်တာလဲဆရာ ဆင်တုတ်ကွေးဖြစ်တုန်းက အဲ့တာတွေပါ ဖြစ်လာတာ အုံးရည်သောက်လို့ ပြည်တည်နာ ဖြစ်တာလားဆရာ

ပြည်ဆိုတာ ဗက်တီးရီးယာကနေဖြစ်စေတယ်။ ပိုးသေဆေး + အနာသက်သာဆေါ် + ပြည်ထွက်နည်း လိုတယ်။

ဖစ် ၃ လုံးကို ပြင်လိုက်တယ်။ ဖစ်လို့ရေးတာ မှားတယ်။

အနာဆိုတာ ပြည်တည်လာရင်တော့ ပြည်ထွက်အောင်ရမယ်။ ခွဲစိတ်ပညာမှာ ပြည်ရှိရင်-ခွဲထုတ်ဆိုတာ ဖေါ်မြူလာပါ။ ဦးနှောက်၊ ခြေထောက်၊ အသည်း၊ ဘယ်ထဲရှိရှိ ပြည်ကို ထုတ်ရပါမယ်။ ပြည်ပေါက် ပျောက်ပြီဆိုတာ အမှန်ပါ။ အနာက အတွင်းနက်မှာဖြစ်ရင် တော်တော်နဲ့ မပေါ်ဘူး။ ဥပမာ တင်ပါး၊ ရင်သား။ ဖြစ်တဲ့နေရာ အနီးအနားမှာ အာရုံကြောရှိရင် ပိုနာမယ်။ လက်ချောင်း ခြေချောင်းတွေမှာ နေရာက ကျဉ်းတော့ အာရုံကြောနဲ့မဝေးဘူး။ ဒါ့ကြောင့် နာတယ်။

Pus ခေါ် ပြည်ဆိုတာ ပျက်စီးနေတဲ့တစ်ရှူးထွက်အရည်တွေ + သေသွားတဲ့ပိုးမွှားတွေ + ပျက်စီးသွားတဲ့သွေးဖြူဥတွေ စုပေါင်းထားတာဖြစ်တယ်။

ပြည်ဆိုတာ ပြည်ဖြစ်စေတဲ့ပိုးကြောင့်သာဖြစ်တယ်။ ဘာစားလို့ ဘာနံလို့မှ ပြည်မတည်နိုင်။

• Abscess ခူနာ ခေါ်သော ပြည်တည်နာ http://dts-medicaleducation.blogspot.com/…/04/blog-post.html
• Cellulitis (သို့) Erysipelas အရေပြားရောင်နာ http://doctortintswe.blogspot.com/…/cellulitis-erysipelas.h…
• Infections ရောဂါပိုးဝင်ခြင်းများ http://doctortintswe.blogspot.com/2016/02/infections.html
• Injection Abscess ပြည်တည်နာ (၂) https://doctortintswe.blogspot.com/2016/12/injection-abscess.html
• Injury First Aid ထိခိုက်ဒဏ်ရာပြုစုနည်း http://doctortintswe.blogspot.com/…/04/injury-first-aid.html
• Skin infections (Ulcer) အနာ https://doctortintswe.blogspot.com/2016/11/skin-infections-ulcer.html
• Sterilization ပိုးသန့်ခြင်း https://doctortintswe.blogspot.com/2014/11/sterilization.htm
• Boils မွေးကျွတ်နာ http://doctortintswe.blogspot.com/2014/12/boils.html

ဒေါက်တာတင့်ဆွေ
၂၅-၉-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး